နတ်တော်လ္ဆန်း(၉)ရက် 8.12.2016 ကြာသပတေးနေ့
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ် အောင်သာအုပ်စု ရွာသစ်ကျေးရွာ အလှူဒါယကာ
ဦးတင်မျိုးသန့်+အလှူဒါယိကာမ ဒေါ်ခင်အေးမွန် သား မောင် ဟန်ထက်စော၊ မောင်ဥာဏ်ထက်စော
သမီး သဒ္ဒါထက်စံ မိသားစုတို့၏ ရှင်ပြုနားသအလှူတော်မင်္ဂလာ အကြိုဓမ္မသဘင်။
ရန်ကုန်မှအပြန်
မန္တလေး လေဆိပ်ကနေ တရားပွဲကို တန်းသွားပါတယ်။ စစ်ကိုင်းတံတားအလွန်မှာ
ရဟန်းတော်များနှင့် ကြိုဆိုရေးပရိသတ်များကို တွေ့ရပါတယ်။
စစ်ကိုင်းမြို့နဲ့ မလှမ်းမကမ်းကရွာလေးပါ။
မန္တလေးမြို့ မြတောင်ကျောင်းတိုက်မှ သံဃာတော်များ ဦးစီးကျင်းပပါတယ်။
အလှူဒါယကာ မိသားစုကတော့
စိတ်တိုင်းကျဟောကြားဖို့ လျှောက်ထားပါတယ်။ သမ္မာဒိဋ္ဌိ(၁၀)ပါး ဟောကြားခဲ့ပါတယ်။ ဗုဒ္ဓဘာသာဝင်မှန်သမျှ
အခြေခံယုံကြည်ချက်(၁၀)ပါး ပြည့်စုံစေချင်လို့ပါ။ ရွာနီးစပ်မှ ကားများနဲ့
လာရောက်တရားနာကြတဲ့ ပရိသတ်တွေလည်း မနည်းပါဘူး။ ထူးခြားတာကတော့ အမျိုးသား အမျိုးသမီး၊
လူကြီး လူငယ်အားလုံး ဆောင်ပုဒ်တွေပြိုင်တူလိုက်ဆိုတာ မေးတဲ့အခါ အားရပါးရ
ဖြေကြတာတွေဟာ အင်မတန်အားရစရာတွေပါ။ တရားနာနေကျ
ရွာသူရွာသားတွေမှန်း၊ တရားပွဲများနှင့် အင်မတန်ရင်းနှီးတဲ့ ပရိသတ်တွေမှန်း
သိသာထင်ရှားတာပါပဲ။ ဒီအတွက် ဆရာတော်သံဃာတော်များကို ကျေးဇူးတင်စကား ဆိုမိခဲ့ပါသည်။
