မြိတ် မဘသ တတိယနှစ်ပတ်လည် အခမ်းအနား(၂)

နတ်တော်လဆန်း(၂)ရက်၊ 1.12.2016 မွန်းလွဲ ၁း၀၀ နာရီ တနင်္လာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ မြိတ်မြို့ အင်းလေးမြိုင်ရပ်ကွက် အောင်မင်္ဂလာ ပရိယတ္တိစာသင်တိုက်မှာ ကျင်းပပါတယ်။
မြိတ်ခရိုင်လုံးဆိုင်ရာ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (၃)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား အကြို သြ၀ါဒခံယူပွဲ ဓမ္မစာပေဟောပြောပွဲနှင့် ဓမ္မပူဇာသဘင် တရားပွဲတို့ကျင်းပရာမှာ 1.12.2016 မနက် ၉း၀၀ နာရီမှာ သြ၀ါဒခံယူပွဲကျင်းပပြီး မွန်းလွဲ ၁း၃၀ နာရီမှာ ဓမ္မစာပေဟောပြောပွဲကျင်းပတာပါ။ မြိတ်ခရိုင်လုံးဆိုင်ရာ မဘသ ညီတော်နောင်တော်များနှင့် မျိုးချစ်ပုဂ္ဂိုလ်များ စာပေပရိသတ်များ တက်ရောက်ကြပါတယ်။ အခမ်းအနားကို မြိတ်ခရိုင်လုံးဆိုင်ရာ ၀ံသာနုရက္ခိတအဖွဲ့က ဦးဆောင်ကျင်းပပြီး သုခမောင် ရေလုပ်သားအဖွဲ့က လှူဒါန်းထောက်ပံ့ပါတယ်။ ပထမပိုင်းမှာ မဘသ ဗဟိုမှ ဒေါက်တာအရှင်သောပါက ဟောပြောပြီး ဒုတိယပိုင်းမှာ စာရေးသူ ဟောပြောတာပါ။
စာရေးသူဟောပြောအပြီးမှာ ရဟန်းရှင်လူပြည်သူ ပရိသတ်များကမေးတဲ့ မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဓမ္မစာပေဟောပြောပွဲခေါင်းစဉ်နှင့်အညီ စာရေးသူဘ၀ကို အကြီးအကျယ်ပြောင်းလဲစေခဲ့သော စာအုပ်သုံးအုပ်အကြောင်းကို ဟောပြောရင်း စာဖတ်ကြဖို့တိုက်တွန်းခဲ့ပါတယ်။
 စာဖတ်ခြင်းဖြင့် သင့်ဘ၀ကိုမြှင့်တင်ပါ။
 စာဖတ်ခြင်းဖြင့် သင့်လူမျိုးကိုမြှင့်တင်ပါ။
 စာဖတ်ခြင်းဖြင့် သင့်သာသနာကိုမြှင့်တင်ပါ။
 စာဖတ်ခြင်းဖြင့် သင့်နိုင်ငံကိုမြှင့်တင်ပါ။



Share: