ဒါလား အိမ်ရှင်(၄)


ကလေးအချင်းချင်းဖြစ်တဲ့ အမှုပါ။ အတန်းပိုင်ဆရာမကောင်းလျှင် တစ်ကြိမ်ထက်ပိုပြီး အနိုင်ကျင့်မခံရပါဘူး။ အခုတော့ အတန်းပိုင်ဆရာမကိုယ်တိုင်က မွတ်စလင်မ ဖြစ်နေတော့ အနိုင်ကျင့်သူ မွတ်စလင်ဘက်မှ ရပ်တည်ပြီး အနိုင်ကျင့်ခံရသူ ဗမာကျောင်းသားလေးကို တစ်ကြိမ်မက လူမဆန်စွာ ရိုက်နှက် နှိပ်စက် ထပ်မံ အနိုင်ကျင့်လိုက်ပြန်ပါသေးတယ်။

တကယ်တော့ လေးငါးဆယ်ကြိမ်မက အနိုင်ကျင့်နေတဲ့ ကျောင်းသားလေးကို အတန်းခွဲရင်လည်းခွဲပစ်ရမယ်။ ဒါမှမဟုတ် မိဘထံ အပ်နှံရင်လည်း အပ်နှံရမယ်။ ဒါမှမဟုတ် ကျောင်းအုပ်ကြီးထံ တင်ပြရင်လည်း တင်ပြရမယ်။
ဆိုးသွမ်းတဲ့ကလေးငယ်ကိုတော့ တစ်နည်းနည်းနဲ့ လိမ္မာအောင်ဆုံးမရမယ်။ အဲ့လိုမဆုံးမဘဲ အပြစ်မဲ့ကလေးငယ်ကိုလည်း အကြိမ်ကြိမ်ရိုက်နှက် နှိပ်စက်တာဟာ ကလေးအပေါ်မှာ ဘယ်လိုအငြှိုးအတေးတွေများ ရှိနေလို့လဲ။ ကလေးက ဗမာလူမျိုး ဗုဒ္ဓဘာသာဖြစ်နေလို့လား။
ကလေးမိခင်ဖြစ်သူက အကြိမ်ကြိမ်မဖြစ်ရအောင် လူကြီးလူကောင်းပီပီ အပ်နှံ တိုင်ကြားလာတာကိုလည်း ခြိမ်းခြောက်လိုခြိမ်းခြောက်၊ မောင်းထုတ်လို မောင်းထုတ်နဲ့ ဆရာမတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ ကျင့်ဝတ်နဲ့ စိတ်ကောင်းစေတနာကောင်းတွေ ကင်းမဲ့နေတာကို ထောက်ဆသဖြင့် ဒေါ်နိုင်နိုင်ဦးဟာ ဆရာမလုပ်စားဖို့မသင့်ဘဲ ထောင်ဝန်ထမ်းပဲ လုပ်စားသင့်ကြောင်း ပေါ်လွင်နေပါတယ်။ မြို့နယ် ပညာရေးမှူးရုံးကို တိုင်ပြန်တော့လည်း ဘာမှလုပ်မပေးတဲ့အပြင် ကလေးငယ်ဒဏ်ရာပါ ဆေးစာကို ၀ိုင်းလုကြပြန်ပါသေးတယ်။ မြို့နယ် ဒု ပညာရေးမှူးက ဆေးစာကို မိခင်လက်ထဲမှ လုယူနေတဲ့အချိန်မှာ ကျောင်းအုပ်ဆရာမကြီးနှင့် လူလေးငါးယောက်က မိခင်ရင်ဘတ်ကို ပစ်တွန်းလိုက်ကြပြန်တယ်ဆိုတော့ ကလေးအချင်းချင်း အနိုင်ကျင့်ရုံတင်မကတော့ဘဲ လူကြီးတွေကပါ အနိုင်ကျင့်တဲ့သဘော သက်ရောက်လာပါပြီ။
အနိုင်ကျင့်ခံရသူက ကျောင်းသားမိခင် ပြည်သူတစ်ဦးဖြစ်ပြီး အနိုင်ကျင့်သူများက ပညာရေးဝန်ထမ်းအရာရှိကြီးများ ဖြစ်နေကြပြန်ပါတယ်။ အနိုင်ကျင့်ပုံကလည်း စာရွက်စာတမ်းတွေနဲ့ ဥပဒေဘောင်အတွင်းကနေ ညစ်ပတ်ကြရုံ အနိုင်ကျင့်တဲ့သဘောမျိုးမဟုတ်ဘဲ ကိုယ်ထိလက်ရောက်ပါ အုပ်စုဖွဲ့အကြမ်းဖက် အနိုင်ကျင့်တဲ့သဘော ပေါ်လွင်နေပါတယ်။ 
အနိုင်ကျင့်ခံရသူ ကျောင်းသားမိခင် ဒေါ်မိမိခင်သည် မုဆိုးမတစ်ဦးဖြစ်ပြီး အမေတစ်ခုသားတစ်ခုဘ၀နဲ့ ရုန်းကန်နေရသည့် အိမ်ငှားနေရသူဖြစ်ပါတယ်။ မိန်းမသားချင်းလည်း ကိုယ်ချင်းမစာ၊ မိခင်ချင်းလည်း ကိုယ်ချင်းမစာ၊ ပြည်သူတစ်ယောက်ကိုလည်း မငဲ့ညာဘဲ အုပ်စုဖွဲ့ အကြမ်းဖက် အနိုင်ကျင့်ကြတဲ့ ကျောင်းအုပ်ဆရာမကြီးနှင့် ပညာရေးအရာရှိတွေကို ကျောင်းမှန်း ကန်မှန်းသိအောင် ဆုံးမရပါတော့မယ်။

ယောက်ျားရင့်မာကြီးဖြစ်ပါလျက် မိန်းမသားတစ်ဦးထံမှ ဆေးစာကို အကြမ်းဖက်လုယူတဲ့ မြို့နယ် ဒုပညာရေးမှူးဆိုသူကြီးကိုလည်း ဇောက်မှန်း ကမ်းမှန်းသိအောင် လုပ်ပြရပါတော့မယ်။ (မိခင်ဖြစ်သူက “ကယ်ကြပါဦး၊ ကျွန်မကို အတင်းအဓမ္မ စာအုပ်လုနေကြပါတယ်” အော်ဟစ်အကူညီတောင်းလို့ လူများဝိုင်းအုံလာတဲ့အခါ ဒုပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးတို့ ထွက်ပြေးသွားကြသောကြောင့်သာ ဆေးစာ မပျက်စီးခဲ့တာပါ။)
မင်္ဂလာတောင်ညွန့်မြို့နယ် အမက(၁၄)မှာ ဗမာကျောင်းသူကျောင်းသား (၁၀)ယောက် (၁၅)ယောက်ခန့်သာ ရှိတယ်လို့သိရပါတယ်။ ဆရာဆရာမတွေကတော့ ဗမာဗုဒ္ဓဘာသာဝင်က များတယ်လို့ဆိုပါတယ်။
ဒုပညာရေးမှူးနဲ့ ကျောင်းအုပ်ဆရာမကြီးက ဆေးရုံလာကြည့်ပြီး မိခင်မရှိချိန်မှာ ကလေးကို လက်နှစ်ချောင်းထောင်ခိုင်းပြီး ဓာတ်ပုံရိုက်သွားကြောင်း ၄င်း ဓာတ်ပုံကိုပြကာ “ဘာမှ မဖြစ်ဘူး အကောင်းကြီး”ဟု ၀ါဒဖြန့်နေကြောင်း သိရပါတယ်။
ဒီလို ကိုယ်ချင်းစာတရားခေါင်းပါးတဲ့သူတွေကို ပညာရေးဌာနမှာ ခန့်အပ်ထားတာဟာ ကျောင်းသူကျောင်းသားတွေလည်း နစ်နာ၊ တိုင်းပြည်လည်း နစ်နာပါတယ်။ ဒါကြောင့် သူတို့နဲ့ သင့်တော်မည့် အကျဉ်းဦးစီးဌာနကို ပြောင်းရွေ့ခန့်အပ်ဖို့ လိုအပ်ပါလိမ့်မယ်။
လက်ရှိတွင် သာကေတ မျိုးချစ်သွေးဓမ္မကွန်ရက်က ကူညီနေပြီး တိုင်းပညာရေးမှူးရုံးက အချိန်ပေးဖို့နဲ့ သင့်တော်ရာကျောင်း လေးငါးကျောင်းရွေးချယ်ထားဖို့ ဖုန်းဆက်ကြောင်း သိရပါတယ်။
ဆိုးသွမ်းတဲ့ကလေးကို ကျောင်းပြောင်းမပစ်ဘဲ အနိုင်ကျင့်ခံရတဲ့ အပြစ်မဲ့ကျောင်းသားလေးကို ကျောင်းပြောင်းပြစ်ဒဏ်ပေးဖို့ အမိန့်ချလိုက်တဲ့ သဘောပါပဲ။ (ဒါ မြန်မာပြည်ပါ)။
မြန်မာပြည်မှာ လက်ရှိ အမှန်တကယ်ဖြစ်ပေါ်နေတဲ့ ပြဿနာပါ။ လူနည်းစုအိမ်ရှင်တွေကို လူများစုဧည့်ဆိုးတွေက သူတို့အင်အားကောင်းလာတိုင်း အရွယ်သုံးပါးမရွေး အနိုင်ကျင့်ဝါဒ ကျင့်သုံးကြတယ်ဆိုတာ ဒိဋ္ဌမျက်မြင်ပါပဲ။
ဆိုးသွမ်းကျောင်းသားလေးပြောတဲ့စကားတွေကို ကြည့်ရင် မွတ်စလင်အသိုင်းအ၀ိုင်းက ဗမာတွေကို ဘယ်လိုခွဲခြားဆက်ဆံတယ်၊ ဘယ်လောက် မုန်းတီးနေတယ်ဆိုတာ ဒီအရွယ်လေးတွေကို ပုံသွင်းပေးထားကြောင်း ပေါ်လွင်နေပါတယ်။
ဟိတ်စပိ ဟိတ်စပိနဲ့ သူတို့ပဲ ဟိတ်စပိကို မလိုလားသယောင် ကမ္ဘာကြီးကို လှည့်စားထားပြီး သူတို့ကိုယ်တိုင်က ကလေးတွေအပေါ် ဟိတ်စပိနဲ့ မှိုင်းတိုက်ထားတယ်ဆိုတာ အသိသာကြီးပါ။
မဘသ (ဗဟို) ဥပဒေအထောက်ကူပြု အဖွဲ့က ကိုင်တွယ်ဆောင်ရွက်ပါတော့မယ်။ ကလေးရဲ့ ကျန်းမာရေးနှင့် အခြားလိုအပ်ချက်များကိုပါ ကူညီသွားမှာပါ။ 
မိခင်ရဲ့တိုင်ကြားစာနှင့် အပြစ်အပျက်ကိုပြောပြသည့် Viber မက်ဆေ့များကို ပူးတွဲတင်ပြလိုက်ပါတယ်။

ဝီရသူ-မစိုးရိမ်
15.12.2016
9:36 PM
စုံစမ်းရန်
မျိုးချစ်သွေးဓမ္မကွန်ရက်
09-5024263
---------------------------------------------------------------------------------------------------------------------
သို့
မြို့နယ်ပညာရေးမှူး
မင်္ဂလာတောင်ညွန့်မြို့နယ်
ရန်ကုန်တိုင်းဒေသကြီး။
နေ့စွဲ၊ ၇-၁၂-၂၀၁၆
အကြောင်းအရာ ။ ။ ကိုယ်အင်္ဂါချို့ယွင်းစေသည့် အပြင်းအထန်နာကျင်စေရန် ပြုလုပ်ပြီး ကျောင်းအတွင်း အနိုင်ကျင့်ဗိုလ်ကျ နှိပ်စက်ကာ လူမျိုးရေးမုန်းတီးမှု၊ ဘာသာရေးခွဲခြားမှု ပြုလုပ်နေခြင်းအား ဖော်ထုတ်အရေးယူပေးပါရန် တိုင်ကြားခြင်း။
၁။ လေးစားအပ်ပါသော မင်္ဂလာတောင်ညွန်မြို့နယ်၊ ပညာရေးမှူးရှင့် - ကျွန်မဒေါ်မိမိခင်၊ မှတ်ပုံတင်အမှတ်- ၁၀/ပမန(နိုင်)၁၀၂၁၂၇(ဘ) ဦးခင်ညွန့်၊ တိုက်အမှတ်-၅၁၊ ၃-လွှာ(၀ဲ)၊ ၁၁၉ လမ်း၊ ရေတွင်းကုန်းရပ်ကွက်၊ မင်္ဂလာတောင်ညွန့်မြို့နယ်နေသူမှ အထက်ပါအကြောင်းအရာအား ဖော်ထုတ်အရေးယူပေးပါရန် ရိုသေလေးစားစွာ တိုင်ကြားအပ်ပါသည်။
၂။ ၊ KG-C အမက(၁၄)မူလွန်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဆရာမဒေါ်နိုင်နိုင်ဦး၏ အတန်းတွင် ပညာသင်ကြားနေသော ကျွန်မ၏သားဖြစ်သူ မောင်မြတ်ဂင်္ဂါအောင်ကို အတန်းတူကျောင်းသားဖြစ်သော မောင်စိုးမင်းကိုမှ နွေရာသီကျောင်းဖွင့်ပြီး (၄)ရက်မြောက်နေ့တွင် ကျွန်မသား၏ ဘယ်ဘက်ပုခုံးကို ကိုက်ခဲ့သဖြင့် ပေါက်ပြဲဖူးယောင် ဒဏ်ရာရရှိခဲ့ပါသည်။ ထိုနေ့မှစ၍ နောက်ပိုင်းရက်များတွင်လည်း ညိုမဲဖူးယောင် ဒဏ်ရာများဖြစ်စေရန် မကြခဏ ထပ်မံပြုလုပ်ခဲ့ပါသည်။ ထို့အပြင် ကျွန်မသား၏ရင်ဝကို ကန်ခဲ့သဖြင့် ကျွန်မ၏သားမှာ ဗိုက်အလွန်အမင်းအောင့်၍ ဆေးခန်းသွားပြရာတွင် (အကန်ခံရသဖြင့်) အစာအိမ်ရောင်သွားခဲ့ကြောင်း သိရရှိရပါသည်။ ထိုသို့ဖြစ်ပြီး မောင်စိုးမင်းကိုမှ ကျွန်မ၏သားအား “မင်းတို့ဗမာတွေနဲ့ ငါတို့မရောဘူး၊ သွားကွ”ဟု ဘာသာရေး၊ လူမျိုးရေးခွဲခြားပြောဆို ကြိမ်းမောင်း၍ အနောက်မှဆောင့်တွန်းရာ ချော်လဲပြီး ကျွန်မသား၏ ရှေ့သွားတစ်ချောင်းကျိုးကာ အခြားတစ်ချောင်းမှာလည်း နဲ့ပြီးသွေးများလည်း ထွက်ခဲ့ပါသည်။ ထိုသို့ဖြစ်ပြီး များမကြာမီရက်အတွင်း၌ မောင်စိုးမင်းကိုမှ ကျွန်မသား၏ မျက်လုံးနှစ်လုံးကြား နဖူးနေရာသို့ အချွန်ဖြင့်ထိုးသောကြောင့် အသားများပဲ့ပြီး ကြီးမားသော ပေါက်ပြဲဒဏ်ရာ ရရှိခဲ့ပါသည်။ ထိုအနာပျောက်ပြီး (၂)ရက်ခန့်တွင် မောင်စိုးမင်းကိုမှ ထပ်မံ၍ ကျွန်မသား၏ မျက်လုံးနှစ်လုံးကြားနေရာမှစ၍ ညာဘက်ပါးတစ်လျှောက် အချွန်ဖြင့်ထိုးကာ ဆွဲခြစ်သဖြင့် မျက်နှာတွင် ကြီးမားသော ဒဏ်ရာရရှိခဲ့ပါသည်။
ထိုသို့ဖြစ်ပွားခဲ့မှုကို အတန်းပိုင်ဆရာမဖြစ်သူ ဒေါ်နိုင်နိုင်ဦးထံ သွားရောက်အသိပေး တိုင်ကြားသော်လည်း မည့်သို့မျှ အရေးယူဆောင်ရွက်ခြင်း မရှိသည့်အပြင် ကျွန်မ၏သား မောင်မြတ်ဂင်္ဂါအောင်အား ဆုံးမသည်ဟုဆိုကာ အညိုအမဲစွဲသည်အထိ ရိုက်နှက်ခဲ့ပါသည်။
၂၀၁၆ ခုနှစ်၊ ၁၁-လပိုင်း နောက်ဆုံးသတင်းပတ်အတွင်းကလည်း မောင်စိုးမင်းကိုမှ ကျွန်မ၏သားကို “မင်းတို့ဗမာတွေနဲ့ ငါတို့မရောဘူး သွားကွာ”ဟု ထပ်မံ၍ လူမျိုးရေး ဘာသာရေး ခွဲခြားမုန်းတီးကာပြောဆိုပြီး ရင်ဘတ်ကိုဆောင့်တွန်းရာ ကျွန်မသား၏နောက်စေ့နှင့် စားပွဲခုံစောင်း ဆောင့်မိပြီး နောက်စေ့နေရာတွင် ညိုမဲဖူးယောင်၍ အဖုကြီးတစ်ဖုဖြစ်ခဲ့ပါသည်။ ထိုဒဏ်ရာရပြီး နောက်နေ့များတွင် ကျွန်မ၏သားမှာ ခေါင်းမူးတယ်ဟုပြော၍ အန်ပါသည်။ ထိုဖြစ်စဉ်အား ကျွန်မမှ အတန်းပိုင်ဆရာမဒေါ်နိုင်နိုင်ဦးအား ပြောပြရာ ကျူးလွန်သူ မောင်စိုးမင်းကိုအား အရေးမယူဘဲ ကျွန်မ၏သားဖြစ်သူကို ဆုံးမသည်ဟုဆိုကာ ထိပ်မံရိုက်နှက်သဖြင့် ခြေသလုံးတွင် ညိုမဲစွဲဒဏ်ရာ ရခဲ့ပါသည်။
(၅-၁၂-၂၀၁၆)နေ့တွင် ကျွန်မ၏သား မောင်မြတ်ဂင်္ဂါအောင်မှာ ကျောင်းကပွဲရှိသဖြင့် သားငယ်အား အလှပြင်ဆင်ပေးခဲ့သည်ကို ကျောင်းသို့ရောက်ရှိချိန်တွင် မောင်စိုးမင်းကိုမှ မျက်နှာနှင့် အ၀တ်အစားများအား ပျက်စီးစေရန် အကြမ်းဖက် အနိုင်ကျင့်ခဲ့ပါသည်။ ထိုသို့ဖြစ်ခဲ့သည့် အကြောင်းအရာများအား အတန်းပိုင်ဆရာမ ဒေါ်နိုင်နိုင်ဦးထံ ထပ်မံ၍ အသိပေးကာ မောင်စိုးမင်းကို၏ မိဘများနှင့် တွေ့ဆုံဆွေးနွေးခွင့် တောင်းခဲ့ပါသည်။ ထိုသို့တောင်းဆိုခဲ့သည်ကို အတန်းပိုင်ဆရာမ ဒေါ်နိုင်နိုင်ဦးမှ စိုးမင်းကို၏မိဘများသည် ဆိုးသွမ်းသူများဖြစ်သဖြင့် နင်ဒုက္ခရောက်သွားမည်ဟု ကျွန်မကို ခြိမ်းခြောက်ခဲ့ပါသည်။ ထိုသို့ပြောဆိုပြီး ကျွန်မအား အတန်းပို်င်ဆရာမ ဒေါ်နိုင်နိုင်ဦးမှ “နင်က အဆင့်မရှိဘူး ထွက်သွား”ဟုပြောကာ တွန်းထုတ်ပြီး ကျောင်းအခမ်းအနားပွဲအတွင်းမှ မောင်းထုတ်ခဲ့ပါသည်။ ကျွန်မအားမောင်းထုတ်ပြီး ကျွန်မ၏သားအား ဘလောင်းဘလဲပြောသည်ဟုဆိုကာ အသေရိုက်သတ်ပစ်မည်ဟု အတန်းပိုင်ဆရာမ ဒေါ်နိုင်နိုင်ဦးမှ ခြိမ်းခြောက်ခဲ့ပါသည်။
၃။ ထိုနေ့ ညနေခင်းတွင် အတန်းပိုင်ဆရာမ ဒေါ်နိုင်နိုင်ဦးမှ ကျွန်မထံဖုန်းဆက်ပြီး တောင်းပန်ပါတယ်ဟု ပြောကာ “ဒါကို မကျေနပ်ရင် ကြိုက်တာဆက်လုပ် နင်မှားသွားလိမ့်မယ် စိုးမင်းကိုရဲ့ မိဘတွေကလည်း ငြိမ်ခံနေမှာမဟုတ်ဘူး”ဟု ခြိမ်းခြောက်ခဲ့ပါသည်။ အထက်ပါ အကြောင်းအရာများတွင် ပါဝင်သော လူမျိုးရေး၊ ဘာသာရေး ခွဲခြားမုန်းတီးခံရပြီး စိတ်ဒဏ်ရာပြင်းထန်စွာ ရရှိခံစားနေရသည့် ကိုယ်အင်္ဂါချို့ယွင်းသွားနိုင်သော အနိုင်ကျင့် အကြမ်းဖက်မှု ခံခဲ့ရသည့် ကျွန်မ၏သား မောင်မြတ်ဂင်္ဂါအောင်အား ထိရောက်သော ကာကွယ်မှုများရရှိစေရန် ဆောင်ရွက်ပေးနို်င်ရေးနှင့် ကျွန်မ၏သားအား နှိပ်စက်အနိုင်ကျင့်ခဲ့သော မောင်စိုးမင်းကိုနှင့် ကျူးလွန်သူကို ကာကွယ်ပေးနေသော အတန်းပိုင်ဆရာမ ဒေါ်နိုင်နိုင်ဦးအား ထိရောက်စွာ အရေးယူဆောင်ရွက်ပေးပါရန် လေးစားစွာ တိုင်ကြားအပ်ပါသည်။
တိုင်ကြားသူ
ဒေါ်မိမိခင်
မှတ်ပုံတင်အမှတ် - ၁၀/ပမန(နိုင်)၁၀၂၁၂၇
တိုက်အမှတ်- ၅၁၊ ၃-လွှာ(၀ဲ)၊ ၁၁၉ လမ်း၊
ရေတွင်းကုန်းရပ်ကွက်၊ မင်္ဂလာတောင်ညွန့်မြို့နယ်။




Share: