အနူးညွတ်တောင်းပန်ခြင်း

8.12.2016 နေ့ထုတ် မြန်မာနယူးစ်ဝိခ်ဂျာနယ်တွင် ဖော်ပြခဲ့သော ဗုဒ္ဓဘာသာဝင်အဖြစ် ကူးပြောင်းဝင်ရောက်လာသည့် ကမ္ဘာကျော် ရုရှားတင်းနစ်မယ် မော်နီကာဆဲလ်စ်၏သတင်းတွင် အမျိုး ဘာသာ သာသနာကို စောင့်ရှောက်နေသော ဆရာတော်ဦးဝီရသူအား အကြမ်းဖက်သမားကြီးဟု မှားယွင်းစွာ ဖော်ပြမိသည့်အတွက် ဆရတော်နှင့်တကွ ဗုဒ္ဓဘာသာဝင်အားလုံးကို မြန်မာနယူးစ်ဝိခ်ဂျာနယ်မှ အနူးညွတ်တောင်းပန်အပ်ပါသည်။
အယ်ဒီတာအဖွဲ့
မြန်မာနယူးစ်ဝိခ်ဂျာနယ်
22.12.2016
--------------------------------------------------------------
ဗုဒ္ဓဘာသာဝင်အဖြစ် ကူးပြောင်းဝင်ရောက်လာသည့် ကမ္ဘာကျော် ရုရှားတင်းနစ်မယ် မော်နီကာဆဲလ်လက်စ်
=========================================================
နိုဝင်ဘာ ၃၀ ရက် ၄ နာရီ ၃၀ မိနစ်အချိန်တွင် ဗုဒ္ဓဘာသာအဖြစ် ခံယူရန်အတွက် ကမ္ဘာကျော်တင်းနစ်မယ် မော်နီကာဆဲလ်လက်စ်သည် ရုရှားနိုင်ငံမှနေ၍ မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ မစိုးရိမ်ကျောင်းတိုက်သို့ ရောက်ရှိလာကာ ဗုဒ္ဓဘာသာဝင်တစ်ဦးအဖြစ် ရဲဝံ့စွာ ခံယူသွားကြောင်း သတင်းရရှိသည်။

ရုရှားနိုင်ငံသူသည် ဗုဒ္ဓဘာသာဝင်ဖြစ်နိုင်ရေးအတွက် ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံများသို့ သွားရောက်ခြင်းမရှိဘဲ မြန်မာနိုင်ငံရှိ ဦးဝီရသူထံသို့ လာရောက်၍ ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူသွားကြောင်း၊ ရုရှားနိုင်ငံတွင် ပြည်သူများလေးစားရသူ နှစ်ဦးရှိကြောင်း၊ ရုရှားသမ္မပူတင်နှင့် ဦးဝီရသူတို့ဖြစ်ကြောင်း၊ ရုရှားနိုင်ငံတွင် အမျိုးသားရေးစိတ်ဓာတ်ကို မျက်စိဖွင့်ပေးခဲ့သူမှာ ရုရှားသမ္မတပူတင်နှင့် ဆရာတော်ဦးဝီရသူတို့ဖြစ်သည်ဟု ရုရှားပြည်သူများက ခံယူထားကြောင်း ပြောကြားခဲ့သည်။
ပြောကြားမှုအပေါ် အမျိုး ဘာသာ သာသနာကို စောင့်ရှောက်နေသော ဆရာတော်ဦးဝီရသူမှ ကျေနပ်အားရခဲ့ကြောင်း သိရှိရသည်။
မြန်မာနယူးစ်ဝိခ်ဂျာနယ်
22.12.2016
Share: