ကျောက်မဲမြို့ တိလင်ဆရာတော်ကြီးအား ဖူးမြော်ပူဇော်


နတ်တော်လပြည့်ကျော်(၁)ရက်၊ 15.12.2016 မနက် ၈း၀၀ နာရီ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော်ကြီး ဘဒ္ဒန္တလင်္ကာစာရာဘိဝံသအား ဖူးမြော်ပူဇော်ပါတယ်။
ဆရာတော်ကြီးက သက်တော်(၈၄)နှစ်ရှိပါပြီ။ အမျိုးသားရေးစိတ်ဓာတ် ကြီးမားတော်မူပါတယ်။ ကျောင်းတိုက်တစ်ခုလုံးမှာ ၉၆၉နှင့် အမျိုးသားရေး အဆိုအမိန့်များ ချိတ်ဆွဲထားတာ တွေ့ရပါတယ်။
စာရေးသူ ရောက်ရှိတဲ့အခါတိုင်း သင်္ကန်းပရိက္ခရာများနှင့် အခြားလှူဖွယ်များ န၀ကမ္မ၀တ္ထုငွေများ စွန့်ကြဲလှူဒါန်းတော်မူပါတယ်။ စာရေးသူ အိုးဘိုမှာနေရစဉ်ကတည်းက လှူချင်စိတ်ပေါက်နေတာလို့ ဆိုပါတယ်။ မန္တလေး မဟော်သဓာ ကျောင်းတော်ကြီးကို ဖြစ်မြောက်အောင်လုပ်ဖို့နှင့် အမြန်ဆုံးပြီးမြောက်အောင် ဂုဏ်တော်ပွားဖို့လည်း တိုက်တွန်းအားပေးတော်မူပါတယ်။ လာမည့်တပေါင်းလတွင် သက်တော်(၈၀)ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် မန်း မဟော်ကျောင်းတော်ကြီးအတွက် အလှူငွေ သိန်း(၁၀၀)ကျပ် လှူဒါန်းမည်ဟု မိန့်ပါတယ်။ စာရေးသူအားလည်း လုံခြုံရေးဂရုစိုက်ဖို့ မကြာခဏ မိန့်ကြားပါတယ်။ မေတ္တာ ကရုဏာကြီးမားတော်မူသော အမျိုးသားရေးဝါဒီ ဆရာတော်ကြီးတစ်ပါးအား ဖူးမြော်ပူဇော်ရတာ အင်မတန်မှ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားများ ရရှိခဲ့ပါတယ်။ ဆရာတော်ကြီး အနာရောဂါကင်းရှင်းစွာဖြင့် သက်တော်ရာကျော် ရှည်တော်မူပါစေဘုရား--။



Share: