ထန်းတစ်ပင်မြို့နယ် တလိုင်မှီကျေးရွာ တရားပွဲ

နတ်တော်လ္ဆုတ်(၅)ရက်၊ 19.12.2016 ည ၈း၀၀ နာရီိမှာ ရန်ကုန်တိုင်း ထန်းတစ်ပင်မြို့နယ်၊ ဝေါနယ်ကျွန်း တလိုင်မှီကျေးရွာ ကရုဏာရှင် လူမှုကူညီရေးအသင်း ဒုတိယအကြိမ် ဓမ္မသဘင်။ ကုန်းတစ်တန် ရေတစ်တန်၊ လေတစ်တန် သွားရတဲ့တရားပွဲပါ။ 
မန္တလေးကနေ ရန်ကုန်ကို လေယာဉ်နဲ့သွားရပါတယ်။ ရန်ကုန်ကနေ ထန်းတစ်ပင်ကို ကားနဲ့သွားရပါတယ်။ ထန်းတစ်ပင်မြစ်ဆိပ်ကနေ တလိုင်မှီကျေးရွာအထိ စက်လှေနဲ့သွားရပါတယ်။ စက်လှေတ၀ကြီးစီးရတဲ့ ဓမ္မခရီးပါ။ ဒါကြောင့် ကြည်း၊ရေ၊လေ တရားပွဲလို့ ဆိုရမှာဖြစ်ပါတယ်။ ကျောင်းထိုင်ဆရာတော်လေးက ရမည်းသင်းဇာတိ၊ မစိုးရိမ်တိုက်သစ်ထွက် တပည့်လေးပါ။ ကျောင်းထိုင်သက်တမ်း တစ်နှစ်ကျော်ကျော်ပဲ ရှိပါသေးတယ်။ ရွာက အကြီးကြီးပါ။ ကုလားမရှိ၊ တရုတ်မရှိ အမျိုးတွေပဲရှိလို့ တိုင်းရင်းသားကျေးရွာလို့ ခေါ်ရပါမယ်။ ကျောင်းထိုင်ဆရာတော်လေးက တောင်းဆိုလျှောက်ထားလို့ အမျိုးသားရေးတရားပဲ ဟောခဲ့ပါတယ်။ ဆွေမျိုးဆိုတာ များလေ ကောင်းလေ။ သူစိမ်းရန်မှ ကင်းဝေးလေ။ ဆွေမျိုးညီရင် ရန်အပေါင်း ထောင်းထောင်းမွမွ ချေနိုင်ပေ။ ဆွေမျိုးညီညာ ကြည်သာတိုးလို့ ပြည်ရွာဖြိုးလို့ ချမ်းမြေ့ပေ။



Share: