မောင်သွေးချွန်ရဲ့ စာအုပ်သစ်၊ ဒေါက်တာမြင့်သိန်းဆိုသူ သမိုင်းတုဖန်တီးသူကို ပြန်လည်ချေပထားသော စာအုပ်။ မ ဘ သ(ဗဟို)မှာ ရရှိနိုင်သည်။
ဒီစာအုပ်မှာ မွတ်ဆလင်တွေဟာ ပြည်ထောင်စုသား ဟုတ်မဟုတ် သရုပ်ခွဲပြထားတယ်။
ကျန်စစ်သားကို ပုဂံကုလားကပြား၊ ဦးသန့်ကို ဗမာမွတ်ဆလင်ကပြားလို့ လုပ်ကြံရေးသား စော်ကားထားတာတွေကို ဖော်ထုတ်ထားတယ်။
ပင်လုံညီလာခံ ပင်လုံစာချုပ်ကို မွတ်ဆလင်တွေက မျိုးစေ့ချခဲ့တယ်လို့ မဟုတ်မမှန် လုပ်ကြံရေးသားထားတာတွေကို ဖြေရှင်းတင်ပြထားတယ်။
ကုန်းဘောင်ခေတ်မှာ ကုလားဘိုင်ဆပ်နဲ့ ငပိန်တို့ မြန်မာအမျိုးကောင်းသမီးတွေကိုခြေတော်တင်ဖျက်ဆီးပြီး အာဏာသိမ်းဖို့ ကြံစည်ခဲ့တဲ့အထိ ယုတ်မာခဲ့ပုံများကို အကိုးအကားအထောက်အထားနဲ့ ဖွင့်ချထားတယ်။
'ဓားကိုယူမလား အစ္စလာမ်ကိုယူမလား'ဆိုပြီး ဘာသာပြန့်ပွားရေးအတွက်
အကြမ်းဖက်နယ်ချဲ့ခဲ့တဲ့ အစဉ်အလာတွေကို တင်ပြထားတယ်။
သမိုင်းပါမောက္ခနှစ်ဦးအပါအဝင် အန်အယ်လ်ဒီနာယကကြီးနဲ့ တိုင်းရင်းသားခေါင်းဆောင်ဆိုသူတချို့ရဲ့ လွဲလွဲမှားမှား သုံးသပ်ထောက်ခံချက်များကို တုံ့ပြန်ချေပထားတယ်။
ဒေါက်တာမြင့်သိန်း(ငြိမ်းချမ်းလုလင်)ရဲ့ သမိုင်းတု သမိုင်းလိမ် သမိုင်းထိမ်ချန်မှုများ သမိုင်းရေးလုပ်ကြံစော်ကားရေးသားချက်များကို တုံ့ပြန်ဝေဖန်ထားတယ်။
