
၉.၁၂.၂၀၁၆ သောကြာနေ့
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ဒေသလုံးဆိုင်ရာ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (၂)နှစ်ပြည့် နှစ်ပတ်လည်နှင့် သြဝါဒခံယူပွဲ အခမ်းအနားကို ၁၃၇၈ခုနှစ် နတ်တော်လဆန်း (၁၀)ရက် နေလည်(၁း၀၀)နာရီအချိန် နမ့်မွန်းရွာ သီရိမင်္ဂလာကျောင်းတိုက်ကြီးတွင် ကျင်းပခဲ့ပါတယ်။
သံဃာတော် ၃၄ ပါးနှင့် ပရိသတ် ၂၀၀ ကျော်တက်ရောက်ကြပါတယ်။ အခမ်းအနားကို နမောတဿဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ပြီး ညောင်ပင်ကျောင်းဆရာတော်မှ အဖွင့်သြဝါဒမိန့်ကြားပါတယ်။ မဘသအဖွဲ့ (ဗဟို) ဥက္ကဋ္ဌဆရာတော်ကြီး၏ သဝဏ်လွှာကို ဟဲပုကျောင်းဆရာတော်မှ၎င်း၊ အမျိုးသားရေးဝါဒီ ဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ ဝီရသူ(မစိုးရိမ်) ပေးပို့သော သဝဏ်လွှာကို မမုံကိုင်ဆရာတော်မှ၎င်း အသီးသီးဖတ်ကြားကြပါတယ်။ သီရိမင်္ဂလာကျောင်းတိုက် ဆရာတော်၊ ချောင်းဝကျောင်းဆရာတော်တို့မှ အသီးသီးသြဝါဒမြွတ်ကြားကြပါတယ်။
ဦးသုန္ဒရ (သီရိမင်္ဂလာကျောင်းတိုက်)မှ မိမိတို့ မ ဘ သ အဖွဲ့အနေနှင့် ဓမ္မစကူးလ်ဆရာဖြစ်သင်တန်း ဖွင့်လှစ်၍ ဓမ္မစကူးလ်ကျောင်းများ အသီးသီးဖွင့်လှစ်သွားကြနိုင်ရန် တက်ညီလက်ညီ ဆရာဒကာ လက်တွဲဆောင်ရွက်သွားကြရန် အစရှိသော သြဝါဒများချီးမြင့်ပြီး ညနေ ၃း၃၀နာရီအချိန်တွင် ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအောင်မြင်စွာ ပြီးဆုံးကြောင်း မှတ်တမ်းတင်ကြပါတယ်။

