နတ်တော်လ္ဆန်း(၇)ရက်၊ 6.12.2016 အင်္ဂါနေ့ ည ၈း၀၀ နာရီ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၊ (၁၉) ရပ်ကွက် ဦးချစ်မောင်လမ်း ဘောလ်လုံးကွင်းမှာ ကျင်းပသည့် လှိုင်သာယာမြို့နယ်လုံးဆိုင်ရာ အသောကပရဟိတ လူငယ်ကွန်ရက် ၀ါတွင်း/၀ါပ ဆွမ်းအောင်ပွဲနှင့် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအသင်း စတုတ္ထအကြိမ် အမျိုးသားရေး အထူးတရားပွဲ။
အောင်ဇေယျာမင်း ဆရာတော်ကြီးနှင့် အမျိုး ဘာသာ သာသနာအရေး ဆွေးနွေးအပြီးမှာ တရားပွဲကို ဆက်လက်ကြွရောက်ပါတယ်။ တရားပွဲကုသိုလ်ရှင်က မန်း မဘသ ၀ိုင်းတော်သား ဦးဣန္ဒောဘာသ၏ မိသားစုများဖြစ်ပါတယ်။ အသင်းအဖွဲ့တွေနဲ့ ပတ်သက်လို့ ညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ တိုးတက်ရာတိုးတက်ကြောင်း ဟောကြားခဲ့ပါတယ်။ သာရဏီယတရား (၆)ပါးကို လောကငြိမ်းချမ်း နိဗ္ဗာန်လမ်းအမည်နဲ့ ဟောကြားခဲ့တာပါ။
ကာယကံမေတ္တာထားဖို့၊
ဝစီကံမေတ္တာထားဖို့၊
မနောကံမေတ္တာထားဖို့၊
သီလမြဲဖို့၊
မျှဝေသုံးစွဲဖို့၊
အစွဲကင်းဖို့ ဟောကြားခဲ့တာပါ။
ဝစီကံမေတ္တာထားဖို့၊
မနောကံမေတ္တာထားဖို့၊
သီလမြဲဖို့၊
မျှဝေသုံးစွဲဖို့၊
အစွဲကင်းဖို့ ဟောကြားခဲ့တာပါ။
