ဖားအောက်ဆရာတော်ကြီး မစိုးရိမ်တိုက်သစ်သို့ ကြွရောက်တော်မူ

နတ်တော်လ္ဆန်း(၁၀)ရက်၊ 9.12.2016 မွန်းလွဲ ၁း၃၀ နာရီ မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ် ဓမ္မရက္ခိတကျောင်းသို့ ဖားအောက်ဆရာတော်ကြီး ကြွရောက်တော်မူပါတယ်။
ဆရာတော်ကြီးနှင့်အတူ ထေရ်ကြီးဝါကြီး ဆရာတော်များနှင့် ဓမ္မရက္ခိတကျောင်းအလှူရှင် မန်းမြို့တော် ပေါက်စီ မိသားစုလည်း တက်ရောက်ကြပါတယ်။ 
ဆရာတော်ကြီးအား ဓမ္မဒီပကျောင်းနာယကဆရာတော် ဘဒ္ဒန္တသောဘိတာဘိဝံသနှင့် သံဃာတော်များက ခရီးဦးကြိုဆိုကြပါတယ်။ ဓမ္မရက္ခိတကျောင်းတော်ကြီး မြေညီထပ်မှာ ဗုဒ္ဓါဘိသေက အနေကဇာတင်ပါဠိတော်များဖြင့် မြတ်စွာဘုရားအား ပူဇော်ကြပြီး ဆရာတော်ကြီးအား သံဃာတော်များက သြကာသကန်တော့ချိုးဖြင့် ရှိခိုးကန်တော့ကြပါတယ်။ ဆရာတော်ကြီးက သြ၀ါဒတရားများ မိန့်ကြားပါတယ်။ ပရိယတ္တိ ပဋိပတ္တိ ဂန္ထဓုရ ၀ိပဿနာဓုရနှင့် ပတ်သက်ပြီး ဟောကြားတော်မူတာပါ။ မစိုးရိမ်တိုက်သစ် ပထမ မဟာနာယကဆရာတော်ကြီးက ကမ္ဘာအေးမှာ သီတင်းသုံးနေခြင်း၊ မဟာနာယကဆရာတော် ဘဒ္ဒန္တ၀ါသေဋ္ဌာဘိဝံသက ခရီးကြွနေခြင်းတို့ကြောင့် အခမ်းအနားမတက်နိုင်ခြင်း ဖြစ်ပါတယ်။



Share: