တစ်လိမ်တော့ ဖြေပြီးပြီ နောက်တစ်လိမ်ပဲ ကျန်တော့တယ်

အာဆီယံဝန်ကြီးတွေကို ဖိတ်ပြီး ရှင်းပြတာလည်း ကောင်းသည်။ မိမိ၏ သန္နိဋ္ဌာန်နှင့် လိုအပ်သော အချိန်ကာလကို ဖွင့်ပြတောင်းဆိုတာလည်း ကောင်းသည်။ ကယ်ဆယ်ရေး၊ ကူညီရေးတွေ လက်ခံတာလည်း ကောင်းသည်။

နာဂျစ်ရာဇတ်က ဒီလို သံတမန်နည်းလမ်းနှင့် ကိုယ်လိုချင်တဲ့ ပုံစံကိုဖြည့်ရမှာ အခုလို မဟုတ်က ဟုတ်ကတွေ လျှောက်လုပ်နေတာ ရှက်စရာဖြစ်သွားအောင် လုပ်ပြလိုက်သလိုလည်း ဖြစ်သွားတာပေါ့။
နာဂျစ်ရာဇတ်ကြီး Diplomacy သံတမန်ခင်း သဘောတရား၊ Diplomatic သံတမန်ရေးရာ သဘောတရားများကို အများကြီးသင်ယူရဦးမယ်ဆိုတာ ပြသလိုက်တာပါပဲ။
တစ်ခုတော့ ရှိပါတယ်။ ကယ်ဆယ်ရေး၊ ကူညီရေး၊ စာနာရေးတွေကို ခုတုံးလုပ်ပြီး NGO တွေ၊ INGO တွေ ၀င်ရှုတ်ခဲ့တာတွေကို သိအောင်လုပ်ဖို့တော့ လိုဦးမယ်။ နောက်တစ်ခုက ပြန်ကြားရေးဝန်ကြီးရုံးနှင့် သမ္မတရုံးကသတင်းတွေ ထုတ်ပြန်ရမှာကို အတိုင်ပင်ခံရုံးက ထုတ်ပြန်နေတာကြောင့် နိုင်ငံတကာသတင်း မျက်စိလည်နေတာပါ။ ဒါကြောင့် ပြန်ကြားရေးနှင့် သမ္မတရုံးတို့မှလည်း အတိုင်ပင်ခံရုံးနှင့် တပြေးညီ ထုတ်ပြန်ပေးဖို့ လိုပါလိမ့်မယ်။ ဒီတစ်လိမ် ဖြေပြီးသွားရင် နောက်တစ်လိမ် ထပ်ဖြေရပါဦးမယ်။ နောက်တစ်လိမ်က ပိုကြီးပါတယ်။ လူမျိုးတုအလိမ်ကြီးကို ပြောတာပါ။

ဝီရသူ-မစိုးရိမ်
21.12.2016
PM 8:26
-----------------------------------------------------------------------
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ရခိုင်ပြည်နယ်အတွင်း လတ်တလော ဖြစ်ပေါ် တိုးတက်မှုများကို ရှင်းလင်း၊ မြန်မာအစိုးရ၏ ကြိုးပမ်းချက်များကို အာဆီယံ ကြိုဆို၊ လူသားချင်း စာနာမှု အကူအညီများ ပေးမည်ဟုပြော
—————————————————————————————————————————
ရန်ကုန်၊ ဒီဇင်ဘာ ၂၀
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်အတွင်း လတ်တလောဖြစ်ပေါ် တိုးတက်မှုများကို ရှင်းလင်းပြောကြားပြီးနောက် အာဆီယံ မိသားစုဝင်များအကြား ကွဲပြားခြားနားမှုများကို ခင်မင်ရင်းနှီးမှုဖြင့် ငြိမ်းချမ်းစွာဆွေးနွေး ညှိနှိုင်းအဖြေရှာ ဆောင်ရွက်သွားရန် အရေးကြီးကြောင်းကို အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအား အလေးထားပြောကြား လိုက်ပြီး အာဆီယံနိုင်ငံများကလည်း မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်ချက်များကို ကြိုဆိုကြောင်း၊ လူသားချင်းစာနာမှုနှင့် ဖွံ့ဖြိုး ရေးအကူအညီများပေးမည်ဟု ပြောကြားလိုက်ကြောင်းသိရသည်။ ၂ဝ၁၆ ခုနှစ် ဒီဇင် ဘာ ၁၉ ရက်က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အလွတ် သဘောဆွေးနွေးပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က တက်ရောက်လာသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကို ယင်းကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ချက်များအား အာဆီယံအဖွဲ့ဝင်နိုင်ငံများသို့ မိသားစုအသွင်ဖြင့် ရှင်းလင်းပြောကြားနိုင်ရန်နှင့် အာဆီယံ၏ စည်းလုံး ညီညွတ်မှုကို ပိုမိုတိုးတက်ခိုင်မာစေရေး ရည်ရွယ်ကျင်းပခဲ့သည့် အဆိုပါ ဆွေးနွေးပွဲကို အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတ နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး H.E Mr.Saleumxay Kommasith မှ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ယင်းအလွတ်သဘောဆွေး နွေးပွဲနှင့်ပတ်သက်ပြီး နိုင်ငံခြားရေး ဝန်ကြီးဌာနက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှ အာဆီယံနိုင်ငံခြားရေး ဝန် ကြီးများကို ရခိုင်ပြည်နယ်တွင် လတ်တလောဖြစ်ပေါ်တိုးတက်မှုများ နှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြား သည့်ထုတ်ပြန်ချက်တစ်ခုကိုလည်း ထုတ်ပြန်ခဲ့သည်။
အဆိုပါထုတ်ပြန်ချက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအား အောက်တိုဘာ လဆန်းတွင် ရဲကင်း စခန်းသုံးခုကို ကြိုတင်စီစဉ် အကြမ်းဖက် တိုက်ခိုက်ခဲ့မှုနောက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လတ်တလောဖြစ်ပေါ်တိုးတက်မှုများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့အပြင် လူသားချင်း စာနာထောက် ထားမှု အကူအညီများကို ကုလသမဂ္ဂအေဂျင်စီများနှင့် ပူးပေါင်းလျက် နှစ်ဖက်လူ့ အဖွဲ့အစည်းများသို့ ဖြန့်ဝေဆောင်ရွက်ပေးနေမှုများအပါအဝင် အစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများကိုလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ရှင်းလင်းပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။
ယင်းအပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှ ယင်းသို့ခက်ခဲသိမ်မွေ့သည့် ပြဿနာများကို ဖြေရှင်းဆောင်ရွက်သွားရန် အစိုးရမှလေးနက်စွာ သန္နိဋ္ဌာန်ချထားပေးမှုကို လည်းကောင်း၊ အစိုးရ၏ ဆောင်ရွက်မှုများမှ ရလဒ်ကောင်းများရရှိရန် ကြိုးပမ်းဆောင်ရွက်ခွင့်နှင့် အချိန်အတိုင်းအတာတစ်ခု လိုအပ်မှုကိုလည်းကောင်း ထပ်လောင်းပြောကြားခဲ့သည်။ ထို့အပြင် အာဆီယံ၏ စည်းလုံးညီညွတ်မှုမြှင့်တင်ရန်နှင့် အာဆီ ယံမိသားစု ဝင်များအကြား ကွဲပြားခြားနားမှုများကို ခင်မင်ရင်းနှီးမှုဖြင့် ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်းအဖြေရှာ ဆောင်ရွက်သွားရန် အရေးကြီးကြောင်းကိုလည်း အလေးထားပြောကြားခဲ့သည်။ ယင်းနှင့်ပတ်သက်ပြီး အာဆီယံနိုင် ငံခြားရေးဝန်ကြီးများက မြန် မာနိုင်ငံအစိုးရအနေဖြင့် အစည်းအဝေးကို လက်ခံစီစဉ်ကျင်းပခဲ့ခြင်း နှင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်တိုးတက်မှုများကို ရှင်းလင်းပြောကြားခဲ့ ခြင်းတို့အတွက် ကျေးဇူးတင်ရှိကြောင်းပြော ကြားခဲ့ပြီး အာဆီယံနိုင်ငံ ခြားရေးဝန်ကြီးများသည် ရခိုင်ပြည်နယ်အခြေအနေအပေါ် အာဆီယံမိသားစုနှင့် အာဆီယံအသိုက်အဝန်း စိတ်ဓာတ်ဖြင့် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြသည်ဟု ဖော်ပြထားသည်။
ယင်းအပြင် ရခိုင်ပြည်နယ် နှင့်စပ်လျဉ်းသည့် စိန်ခေါ်မှုများကို ဖြေရှင်းရန် မြန်မာနိုင်ငံအစိုးရ၏ ကြိုးပမ်းဆောင်ရွက်ချက်များကို အာဆီယံက ကြိုဆိုခဲ့ကြပြီး ဝန်ကြီးများက ရခိုင်ပြည်နယ်ရှိ လူ့အဖွဲ့အစည်းများအကြား သဟဇာတရှိစွာဖြင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး၊ အရပ်သားပြည်သူများ၏ လူ့အခွင့်အရေးကာကွယ်ပေးရေးနှင့် ရခိုင်ပြည်နယ်၌ အားလုံးအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီ နှင့် ကျန်း မာရေးစောင့်ရှောက်မှု ပိုမိုတိုးမြှင့်ပေးအပ်ရေး နည်းလမ်းများကို အကြံပြုဆွေးနွေးခဲ့ကြသည်။ အာဆီယံနိုင်ငံများက လူသားချင်းစာနာမှုနှင့် ဖွံ့ဖြိုးရေးအကူအညီများ ပံ့ပိုးပေးရန် အသင့်ရှိကြောင်းကိုလည်း ပြောကြား ခဲ့ကြသည်။ မြန်မာနိုင်ငံ အစိုးရအနေဖြင့်လည်း လိုအပ်သော လူသားချင်း စာနာထောက်ထားမှု အကူအညီများ ဝင်ရောက်ခွင့်ပြုရန် နှင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်တိုးတက်မှု အခြေအနေတို့ကို အာဆီယံ အဖွဲ့ဝင်နိုင်ငံ များသို့ မျှဝေအသိပေးရန် အသင့်ရှိကြောင်း ထပ်လောင်းပြောကြားခဲ့ပြီး ရခိုင်ပြည်နယ်တွင် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကိစ္စရပ်တို့နှင့်စပ်လျဉ်း၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ နားလည် မှုနှင့် နွေးထွေး စွာတုံ့ပြန်မှုတို့ အပေါ် ကျေးဇူးတင်ရှိကြောင်း မြန်မာနိုင်ငံက ထုတ်ဖော်ပြောကြား ခဲ့သည်။
အဆိုပါ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ၏ အလွတ်သဘော ဆွေးနွေးပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၊ ဘရူနိုင်းဒါရူဆလမ် နိုင် ငံ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Dato Erywan Pehin Yusof ၊ ကမ္ဘောဒီး ယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr Kan Pharidh ၊ အင်ဒိုနီးရှား သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Ms.Retno Marsudi ၊ လာအိုပြည် သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ နိုင်ငံ ခြားရေးဝန်ကြီး Mr. Saleumxay Kommasith ၊ မလေးရှားနိုင်ငံ နိုင်ငံ ခြားရေးဝန်ကြီး Dato Sri Anifah Aman ၊ ဖိလစ်ပိုင်သမ္မတနိုင်ငံ နိုင်ငံ ခြားရေးဝန်ကြီး Mr. Perfecto Rivas Yasay,Jr. ၊ စင်ကာပူသမ္မတ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Dr. Vivian Balakrsihnan ၊ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr. Don Pramudwinai ၊ ဗီယက်နမ်ဆိုရှယ် လစ်သမ္မတနိုင်ငံ ဒုတိယနိုင်ငံခြားရေး ဝန်ကြီး Mr.Nguyen Quoc Dz- ung နှင့် အာဆီယံအတွင်းရေးမှူး ချုပ် Mr. Le Luong Minh တို့ တက်ရောက်ခဲ့သည်ဟု သိရသည်။
MOI
Share: