ဝါရှင်တန်- တနင်္လာနေ့က ဘာလင်မြို့နှင့် အန်ကာတာမြို့တို့တွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများက အမေရိကန်၌ မွတ်စလင်များရွေ့ပြောင်းနေထိုင်မှုကို တားမြစ်ရေး မိမိအဆိုပြုခဲ့ခြင်း မှန်ကန်ကြောင်း သက်သေပြနေသည်ဟု အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်က ပြောသည်။
အမေရိကန်နိုင်ငံသို့ မွတ်စလင်များ ၀င်ရောက်မှုကို လုံးဝတားမြစ်ရေး ၄င်း၏သဘောထားကို ယင်းတိုက်ခိုက်မှုများက ပြောင်းလဲသွားစေသလားဟု မေးမြန်းရာ ထရန့်က “အဲဒီအဆိုပြုချက်ဟာ ရာနှုန်းပြည့်မှန်ပါတယ်”ဟု ဖြေကြားသည်။
ဘာလင်မြို့ ခရစ္စမတ်ဈေးတွင် ကုန်တင်ကားဖြင့် လူများကို ၀င်တိုက်ခြင်းသည် လူသားမျိုးနွယ်အပေါ်တိုက်ခိုက်မှုဖြစ်ပြီး ယင်းတိုက်ခိုက်မှုများကို တားဆီးရမည်ဟု ထရန့်က ထပ်လောင်းပြောကြားသည်။
ရီပတ်ဘလေကန်ပါတီ ကနဦး ရွေးကောက်ပွဲ မဲဆွယ်မှုအတွင်း ဒေါ်နယ်ထရန့်က အမေရိကန်နိုင်ငံအနေဖြင့် ဖြစ်ပျက်နေသော အခြေအနေကို စဉ်းစားမိချိန်အထိ နိုင်ငံတွင်းသို့ မွတ်စလင်များ ၀င်ရောက်မှုကို တားမြစ်သွားမည်ဟု ကတိပြုကြောင်းပြောကြားသည်။ ယင်းမှာ မွတ်စလင်အများအပြားရှိသော ဒေသများတွင် အမေရိကန်နိုင်ငံသားများအပေါ် အမုန်းထားမှုများအပေါ် တုန့်ပြန်မှုဖြစ်သည်ဟု ၄င်းကပြောသည်။ သို့သော် ရီပတ်ဘလေကန်ပါတီ၏ တင်သွင်းခံရပြီးနောက် ၄င်း၏ရွေ့ပြောင်းနေထိုင်မှု ပိတ်ပင်ခြင်းနှင့်ပတ်သက်၍ ပြောဆိုမှုများ လေသံလျော့ကျသွားခဲ့သည်။ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားမှုနှုန်း မြင့်မားသောနိုင်ငံများမှ ရွေ့ပြောင်းလာသူများကို မိမိတို့တားမြစ်သွားမည်ဖြစ်ကြောင်း ထရန့်၏အသွင်ကူးပြောင်းရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။
Ref: Skynews
7 Day (23.12.2016)
7 Day (23.12.2016)
