အကြမ်းဖက်သူများကြောင့် အပြစ်မဲ့သူများ ဒုက္ခရောက်ရကြောင်း ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ဆို
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဘင်္ဂါလီလူဦးရေ ငါးသိန်း နီးပါး ကို နေရာ ထိုင်ခင်းပေးထားရပြီး နောက်ထပ် ရခိုင်ဒေသမှ ဒုက္ခသည် အမြောက်အမြားကို လက်ခံတော့မည်မဟုတ်ဟု ဝန်ကြီးချုပ် ဟာဆီနာက ပြောကြားသည်။
“လူတွေလှိုင်းလုံးကြီးလို လှိမ့်ဝင်လာကြတာကို ကျွန်မတို့က တံခါးသက်သက် ဖွင့်မပေးထားနိုင်ဘူး” ဟု ဗုဒ္ဒဟူးနေ့က လွှတ်တော်တွင် သူက ပြောကြားသည်။
ပြီးခဲ့သည့် အောက်တိုဘာလက နယ်စပ်ကင်းစခန်းသုံးခု အတိုက်ခံခဲ့ရပြီး ရဲတပ်သားကိုးဦး အသတ်ခံရပြီးသည့် နောက်တွင် မြန်မာတပ်ဖွဲ့ များသည် ရခိုင်ပြည်နယ်ထဲသို့ ရောက်လာခဲ့သည်။
ထို့ကြောင့် ဘင်္ဂါလီများ ထောင်နှင့်ချီပြီး နယ်စပ်သို့ ရောက်လာကာ ဖြတ်ကျော်ပြီး နေ့စဉ် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ဝင်နေကြသည်။ နယ်စပ်အစောင့်များက သူတို့ကို မြန်မာဘက်သို့ အတင်းပြန်လွှတ်သည်။
ဗုဒ္ဒဟူးနေ့က ဘင်္ဂါလီများကို သယ်ဆောင်လာသော လှေ ရှစ်စီး မှာ ကော့်ဘာဇာအနီး နတ်မြစ်ထဲတွင် ဘင်္ဂလားဒေ့ရှ်ထဲဝင်ရန် ကြိုးစားစဉ် အတားခံရသည်။ တခြားလှေ ခြောက်စီးမှာလည်း ဘန်ဒါဘန် နယ်စပ် ထဲသို့ ဖြတ်ကျော်ရန် ကြိုးစားစဉ် ပြန်ပို့ခံရသည်။
ကုလသမဂ္ဂ အေဂျင်စီက ဘင်္ဂလားဒေ့ရှ်ကို နယ်စပ်ဖွင့်ပေးရန် တောင်းဆို ခဲ့သည်။ BNP အတိုက်အခံပါတီကလည်း ဘင်္ဂလားဒေ့ရှ်အစိုးရကို လူသားချင်း ကူညီထောက်ထားမှုအဖြစ် ဘင်္ဂါလီများကို နေရာထိုင်ခင်းပေးရန် တောင်းဆို ထားသည်။
နောက်ဆုံးတိုက်ပွဲများကြောင့် ပြီးခဲ့သည့် အပတ်များက ဘင်္ဂါလီတစ်သောင်းကျော်ခန့် ဘင်္ဂလားဒေ့ရှ်ကို ဝင်ရောက်လာသည်ဟု ကုလသမဂ္ဂ တာဝန်ရှိသူများက ပြောကြားသည်။
၂၀၁၂ ခုနှစ်တွင် ဝန်ကြီးချုပ်ဟာဆီနာအစိုးရက ဘင်္ဂါလီများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား လတ်မှတ်ရပြီးနောက်တွင် ပြည်တွင်းရော ပြည်ပမှာပါ ရာဇဝတ်မှုများနှင့် ပတ်သက်နေသည့်အတွက် ဘင်္ဂလားဒေ့ရှ်သို့ အဝင်မခံရန် ဆုံးဖြတ်ခဲ့သည်။
မြန်မာအာဏာပိုင်များရန်က လွတ်မြောက်ရန် ပြေးဝင်လာသည့် ဘင်္ဂါလီ မွတ်ဆလင်များကို ကာကွယ်ရန် BGB ခေါ် ဘင်္ဂလားဒေ့ရှ် နယ်စပ်စောင့် အဖွဲ့ က မြန်မာနယ်စပ် တစ်လျှောက် လုံခြုံရေးအင်အားကို အားဖြည့်ထားသည်။
သတင်းထောက်မေးခွန်းကို ဖြေကြားရာတွင် ဟာဆီနာက မြန်မာအစိုးရကို ဘင်္ဂါလီများ ထွက်ပြေးစေသည့် အခြေအနေများကို ရပ်တန့်ပေးရန် ကာကွယ်ပေးရန် တောင်းဆိုလိုက်သည်။
“ရဲတပ်ဖွဲ့ ဝင် ကိုးယောက် အသတ်ခံရပြီး စစ်တပ်ကို အတိုက်ခံ ရတဲ့နောက်မှာ မြန်မာဘက်က စစ်တပ်နဲ့ ဖြိုခွင်းမှုတွေ စခဲ့တယ်” ဟု ဝန်ကြီးချုပ်ဟာဆီနာက ဆိုပါသည်။ မြန်မာနိုင်ငံကို တိုက်ခိုက်သည့် မည်သည့် အကြမ်းဖက်သမားမဆို ဘင်္ဂလာဒေ့ရှ်ထဲ ခိုးဝင်လာလျှင် ဖမ်းပြီး ပြန်ပို့ ပေးမည်ဟု သူမက ဆိုသည်။
မြန်မာစစ်တပ်၏ အင်အားသုံးဖြိုခွင်းမှုသည် အောက်တိုဘာလ ၉ ရက်နေ့က နယ်စပ် ရဲစခန်း သုံးခုကို ဝင်တိုက်ပြီး ရဲတပ်ဖွဲ့ ဝင် ကိုးဦးကို သတ်ဖြတ်ခဲ့ပြီး လက်ရှိ အခြေအနေများကို ဖြစ်လာအောင်လုပ်ခဲ့သည့် အကြမ်းဖက် တိုက်ခိုက်သူများမှာ တာဝန်ရှိသည်ဟု ဟာဆီနာကဆိုသညိ။
“သူတို့ ရဲ့ တိုက်ခိုက်မှုကြောင့် အခုလို လူတွေထောင်ချီပြီး ခံစားနေရတယ် “ ဟု ဆိုသည်။
လင်းလင်း
The Ladies News
Ref - Dhaka Tribune


