နတ်တော်လ္ဆန်း(၁၅) ရက်၊ 14.12.2016 ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁း၀၀ နာရီ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းတည်ထောက်ခြင်း သုံးနှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားနှင့် သြ၀ါဒခံယူပွဲပါ။
ကျောက်မဲ မဘသ သြ၀ါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ၊ သာသနဓဇဓမ္မာစရိယ၊ စေတိယင်္ဂဏဓမ္မာစရိယ၊ စိန္တာမုနိဆရာတော် ဘဒ္ဒန္တဂုဏာလင်္ကာရာဘိဝံသ၊
ကျောက်မဲမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ သာသနဓဇသိရီပ၀ရဓမ္မာစရိယ ပြည်လုံးချမ်းသာဆရာတော် ဘဒ္ဒန္တပညာဝံသ၊ ကျောက်မဲ မဘသ သြ၀ါဒါစရိယ ပြည်နယ်သံဃာ့ဝန်ဆောင် မူလဓမ္မာစရိယ သာသနောဒယကျောင်းဆရာတော် ဘဒ္ဒန္တသာဂရ၊
ကျောက်မဲ မဘသ သြ၀ါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ၊ သာသနဓဇဓမ္မာစရိယ အင်္ဂုတ္တရနိကာယကောဝိဒ သဒ္ဓမ္မပါလဆရာတော် ဘဒ္ဒန္တဝေပုလ္လအမှူးပြုသော ဆရာတော် သံဃာတော်များနှင့် ကျောက်မဲ မဘသ ၀ိုင်းတော်သူ ၀ိုင်းတော်သားများ၊ မျိုးချစ်ပြည်သူများ တက်ရောက်ကြပါတယ်။
အဆိုပါ ဆရာတော်ကြီးလေးပါနှင့် စာရေးသူတို့ သြ၀ါဒပေးအပြီးမှာ ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် ရှမ်း/မြောက် မဘသ ဆောင်ရွက်ချက်များ၊ မီဒီယာနှင့် ဥပဒေသင်တန်းနှင့်ပတ်သက်သည့် သိလိုဖွယ်များ၊ အခြားသိလိုဖွယ်များကို မည်သူမဆို မေးလျှောက်နိုင်ကြောင်း အခမ်းနားမှူးက ဖိတ်ကြားခဲ့ပါတယ်။
၎င်းနောက် ကျောက်မဲ မဘသ ဥက္ကဋ္ဌ ဘဒ္ဒန္တဣဿရိယက ကျောက်မဲ မဘသ သဘောထားကို ထုတ်ပြန်ကြေညာအပြီးမှာ ကျောက်မဲ မဘသ အဓိဋ္ဌာန်သုံးချက် သံပြိုင်ရွတ်ဆိုပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြပါတယ်။ စာရေးသူက အမျိုးသားရေးသမားများ စံ (၅)ချက်ကို လိုက်နာဖို့ တိုက်တွန်းခဲ့ပါတယ်။
၁။ ရည်မှန်းချက်မှာ သိဒ္ဓတ္ထ
၂။ ယုံကြည်ချက်မှာ ဇနက
၃။ ခံယူချက်မှာ အရှင်ပုဏ္ဏ
၎။ ရပ်တည်ချက်မှာ ခန္တီဝါဒ(ခန္တီဝါဒီရသေ့)
၅။ ဆောင်ရွက်ချက်မှာ ဒို့ဗုဒ္ဓ
၂။ ယုံကြည်ချက်မှာ ဇနက
၃။ ခံယူချက်မှာ အရှင်ပုဏ္ဏ
၎။ ရပ်တည်ချက်မှာ ခန္တီဝါဒ(ခန္တီဝါဒီရသေ့)
၅။ ဆောင်ရွက်ချက်မှာ ဒို့ဗုဒ္ဓ


