မဟုတ်တရုတ် လုပ်ပြန်ပြီ (၆)


မန္တလေး ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁) ရပ်ကွက်၊ ဦးပိုင် (၁၉) အမှတ် မ-၉ ဧရိယာ ၀.၃၄၄၃ ဧက မြေကွက် ပိုင်ဆိုင်မှု အငြင်းပွားတဲ့ ပြဿနာလေးပါ။ ဗမာ/ဗုဒ္ဓ ဒေါ်အုန်း သမီး မဥမ္မာသိန်း မိသားစုက အနိုင်ဒီဂရီရပါတယ်။

ဂရန်လည်းပေါက်ပါတယ်။ ဒေါ်အုန်းသားအမိအား ရောင်းခဲ့သူက ဦးအောင်လှဝင်း (မူလဂရန် အမည်ပေါက်ပိုင်ရှင်) ဖြစ်ပါတယ်။ ဒါကို တရုတ်မျိုးမြင့်အောင်က မိန်းမသားတွေကို အနိုင်ကျင့်ပြီး မကြာခဏ လာရောက်ခြိမ်းခြောက် နှင်ချနေတာပါ။ တရုတ်လူမျိုးတွေပဲပါတဲ့ အဖွဲ့နဲ့ အုပ်စုဖွဲ့ အင်အားသုံး အကြမ်းဖက် နှင်ချနေတာပါ။

ရဲတွေလည်း ပါလာတတ်ပါတယ်။ အုပ်ချုပ်ရေးမှူးလည်း ပါလာတတ်ပါတယ်။ တရုတ်မျိုးမြင့်အောင်က ၄င်းမြေကွက်ကို ၀ယ်တာမှန်သော်လည်း မူလဂရန်အမည်ပေါက် ပိုင်ရှင် ဦးအောင်လှဝင်းထံမှ ၀ယ်ယူခြင်းမဟုတ်ဘဲ လိမ်လည်ရောင်းချသူ ဒေါ်ကြည်မြိုင်ထံမှ ၀ယ်ယူခြင်းဖြစ်သောကြောင့် အမှုရှုံးသွားခြင်းဖြစ်ပြီး ယခုအထိ မြေဂရန်နှင့်အတူ အခြားပိုင်ဆိုင်မှု အထောက်အထားအစစ်များ လက်ဝယ်မှာ လုံးဝ မရှိသူဖြစ်ပါတယ်။

တရုတ်မျိုးမြင့်အောင်နှင့်အဖွဲ့က မဥမ္မာသိန်း(မြန်မာ/ဗုဒ္ဓ)နှင့် မိန်းမသားများအပေါ် ရဲနှင့် ရပ်ကွက်လူကြီး အင်အားကိုယူပြီး အနိုင်ကျင့်နေလို့ မန်း မဘသ အဖွဲ့ထံ လာရောက်အကူညီတောင်းခြင်းဖြစ်ပါတယ်။ မြေကွက်အတွင်း၌ မူလနံကပ် နှစ်ထပ်အိမ်မှတစ်ပါး အခြားအဆောက်အဦ ကြီးကြီးမားမား မရှိတာကြောင့် မဥမ္မာသိန်းတို့ မိန်းမသားများ လုံခြုံရေးအတွက် အုတ်တံတိုင်းခတ်လိုက်တာကို တရုတ်မျိုးမြင့်အောင်တို့က တိုင်ကြားလို့ စည်ပင်ရဲ့ အမိန့်စာထွက်လာပါတယ်။

ဒီနေ့ 16.12.2016 နောက်ဆုံးထားပြီး အုတ်တံတိုင်းကို ဖျက်ပေးဖို့ အမိန့်ထုတ်တဲ့စာပါ။ မဥမ္မာသိန်းတို့အရေးသည် လူမျိုးတူ ဘာသာတူချင်းဖြစ်တာ မဟုတ်ဘဲ တရုတ်များနှင့်ဖြစ်တာကြောင့် အမျိုးသားရေးဟု မန်း မဘသ တစ်ဖွဲ့လုံးက ခံယူထားပါတယ်။ ဒါကြောင့် အိမ်ရှင် မြန်မာအမျိုးသမီးများအား ထပ်မံအနိုင်ကျင့်လာပါက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တရုတ်မျိုးမြင့်အောင်တို့မှာသာ တာဝန်ရှိပါတယ်။ မန်း မဘသ အဖွဲ့ကတော့ လုံးဝနောက်ဆုတ်မည် မဟုတ်ပါ။

ဝီရသူ-မစိုးရိမ်
16.12.2016
8:14 PM
စုံစမ်းရန်
ရှေ့နေ ဦးဇော်ဝင်း 09-402640716
Share: