နတ်တော်လ္ဆန်း(၈) ရက်၊ 7.12.2016 မနက် ၁၀း၀၀ နာရီ ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ဦးမောင်မောင်၏ နေအိမ်မှာ ကျင်းပပါတယ်။
ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ပြီး အမျှအတန်းပေးဝေပါတယ်။
မရမ်းကုန်း စံပြသာသနာပြုကျောင်းတိုက် ပဓာနနာယက မြေပုံဆရာတော် ဘဒ္ဒန္တကောသလ္လ အနုမောဒနာတရား ချီးမြှင့်ပါတယ်။
စာရေးသူနှင့် ဦးဂျော်နီ(ဦးမောင်မောင်၏အစ်ကို)တို့က ခြံထဲဆင်းပြီး ဦးမောင်မောင် စိုက်ပျိုးခဲ့သော သရက်ပင်ရင်းမှာ ဦးမောင်မောင်အား သီးသန့် အမျှပေးဝေခဲ့ပါတယ်။
ဦးမောင်မောင် ရောက်လေရာဘုံဘ၀မှာ စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြင့် ပျော်ရွှင်နိုင်ပါစေ။ (ဦးမောင်မောင်သည် စာရေးသူ ရန်ကုန်ရောက်သည့်အခါ တည်းခိုရာ နေအိမ်ပို်င်ရှင်ဖြစ်ပါသည်။ 19.11.2016 မှာ ကွယ်လွန်ခဲ့ပြီး 21.11.2016 မှာ သင်္ဂြိုဟ်ခဲ့ပါသည်။ ဇနီးနှင့်အတူ သား သမီး နှစ်ဦးကျန်ရစ်ခဲ့ပါသည်။)


