နတ်တော်လ္ဆန်း(၈)ရက်၊ 7.12.2016 ည ၈း၀၀ နာရီ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်၊ ဇ/မြောက်ရပ်ကွက် နိဗ္ဗာန်ဆော်လူငယ်များ ဆွမ်းသိမ်းအောင်ပွဲ ဓမ္မသဘင်။
ကန့်ကွက်မှုများကြားထဲက ကျင်းပဖြစ်ခဲ့တဲ့ တရားပွဲလေးပါ။
ငရဲမကြောက်တဲ့ ငရဲတွေက လက်မှတ်ထိုး ကန့်ကွက်စာတင်ကြတယ်တဲ့ --။
ဦးဆောင်သူက လေဖြတ်နေတယ်ဆိုလားပဲ။ အနိုင်ရပါတီ ပြည်သူရွေးချယ်တဲ့ အစိုးရခေတ်မှာတောင် လွတ်လပ်စွာဟောပြောခွင့် မရသေးတဲ့သဘောပေါ့---။ မိမိကိုယ်ကိုယ် ယုံကြည်တယ်ဆိုရင် ဘယ်သူတွေဘာဟောဟော ထည့်တွက်စရာမလိုပါဘူးနော်--။ အဝေဖန်မခံနိုင်ဘူးဆိုကတည်းက မဟန်ဘူးဆိုတာ မှတ်ပေတော့--။ သူတို့ကြောက်နေတဲ့ အမျိုးသားရေးတရားတွေ မဟောကြားဖြစ်ပါဘူး။ သွေးတက်သေသွားရင် ကိုယ့်ပယောဂပါမှာစိုးလို့ပါ။ နမော တဿ တန်ဘိုးတရားတော် ဟောကြားခဲ့ပါတယ်။ ဘုရားမှန်း တရားမှန်း မသိတဲ့သူတွေ ဘုရားမေ့ တရားမေ့ မဖြစ်စေချင်လို့ပါ။ လက်တွေ့ဂုဏ်တော်ပွားပုံ ၅ မိနစ် အစမ်းတရားထိုင်နည်း ပြောပြခဲ့ပါတယ်။
(က) ဗုဒ္ဓတရားတော် ဆိုသည်မှာ အရသာကောင်းနှင့်တူလှစွာ။
အရသာကောင်းတွေ ပြည့်သူမှာ ညံ့သောအရသာ မတောင့်တပါ။
(ခ) ဗုဒ္ဓတရားတော် ဆိုသည်မှာ မုန့်ချိုခဲနှင့် တူလှစွာ။
မုန့်ချိုခဲကို စားသူမှာ စိတ်ရွှင်လန်းမှု ရရှိတာ။
(ဂ) ဗုဒ္ဓတရားတော် ဆိုသည်မှာ စန္ဒကူးနှင့်တူလှစွာ။
စန္ဒကူးနံ့သာ ရသူမှာ ၀မ်းပန်းတသာ ဖြစ်လှစွာ။
(ဃ) ဗုဒ္ဓတရားတော် ဆိုသည်မှာ ဆေးဝါးကောင်းနှင့်တူလှစွာ။
ဆေးဝါးကောင်းနှင့် တွေ့သူမှာ ရောဂါအားလုံးကင်းပျောက်မှာ။
(င) ဗုဒ္ဓတရားတော် ဆိုသည်မှာ စမ်းရေအေးနှင့်တူလှစွာ။
စမ်းရေအေးကို ချိုးသူမှာ ပူလောင်ခြင်းတွေ ကင်းပျောက်တာ။
နမော တဿ ရွတ်ပွားပါ၊ ဘေးရန်ကင်းလို့ ချမ်းသာမှာ။
ဘေးကင်းလုံခြုံ ပြည့်စုံရေး၊ နမော တဿ ရှိခိုးပေး။