မုဒိတာရပ်ဝန်း” (လောကလင်း ပညာရေးအလှူ)

ဆရာတော်ဦးဝီရသူ တည်ထောင်ထားသော လောကအလင်း ပညာဒါန စာသင်ကျောင်း ပညာရေးအကျိုးပြုလုပ်ငန်းများ လွယ်ကူချောမော၍ အဆင်ပြေ ပြီးမြောက်စေခြင်းအကျိုးငှာ မန္တလေးမြို့ မြို့/မြေဌာန ဦးလှဘုန်း မိသားစုမှ အလှူငွေ ၅၀၀၀၀ိ/(ငါးသောင်းကျပ်)၊
မန္တလေးမြို့ မြို့/မြေဌာန ဦးကိုဦး မိသားစုမှ အလှူငွေ ၁၀၀၀၀ိ/(တစ်သောင်းကျပ်)၊
မန္တလေးမြို့ မြို့/မြေဌာန ဦးစိုးမင်းထွန်း မိသားစုမှ အလှူငွေ ၂၀၀၀၀ိ/(နှစ်သောင်းကျပ်)နှင့်
မန္တလေးမြို့ မြို့/မြေဌာန အခြားအလှူရှင် နှစ်ဦးမှ ၃၀၀၀၀ိ/ (သုံးသောင်းကျပ်စီ) 
စုစုပေါင်း ၁၄၀၀၀၀ိ/ ( တစ်သိန်းလေးသောင်းကျပ်) လှူဒါန်းပါသည်။ (3.12.2016)

အလှူရှင် မိသားစုများနှင့်အတူ ပညာရေးကို အစဉ်အားပေးကြကုန်းသော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒ ပြည့်ဝကြပါစေ…။
(လောကအလင်း ပညာဒါနစာသင်ကျောင်းသည် မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက် (၅၃)လမ်းနှင့် ယုဇနလမ်းထောင့်ရှိ မဟာဣန္ဒကာရာမ ကျောင်းတိုက်အတွင်းမှာ တည်ရှိပါသည်။ 
တက္ကသိုလ်ဝင်တန်းကျောင်းသူကျောင်းသား (၁၀၀)ကျော်ကို မနက် ၆း၀၀ နာရီမှ ည ၁၀း၀၀ နာရီအထိ ဘာသာစုံနှင့် ညဂိုက်တန်းပါ သင်ကြားပေးလျက်ရှိပါသည်။ 
၂၀၁၂ ခုနှစ်က တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၅/ ၂၀၁၆ စာသင်နှစ်တွင် (၁၅)ဦး အောင်ကာ တစ်ဘာသာ ဂုဏ်ထူးရှင် နှစ်ဦးပေါ်ထွက်ခဲ့ပါသည်။)
Share: