
နတ်တော်လဆန်း(၂)ရက်၊ 1.12.2016 ည ၈း၀၀ နာရီ တနင်္လာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့၊ အင်းလေးမြိုင်ရပ်ကွက်၊ အောင်မင်္ဂလာ ပရိယတ္တိစာသင်တိုက်မှာ ကျင်းပသည့် မြိတ် မဘသ (၃)နှစ်ပြည့် အထိမ်းအမှတ် ဓမ္မသဘင်။
သုခမောင် ရေလုပ်သားများအဖွဲ့လှူဒါန်းထောက်ပံ့မှု၊ မြိတ်မြို့နယ်လုံးဆိုင်ရာ ၀ံသာနုရက္ခိတအဖွဲ့၏ ဦးစီးဦးဆောင်မှု မြိတ် မဘသအဖွဲ့၏ စီစဉ်ညွှန်ကြားမှုတို့ဖြင့် ကျင်းပနိုင်ခဲ့သော အခမ်းအနားနှင့် ဓမ္မသဘင်ဖြစ်ပါတယ်။
ဒေါက်တာအရှင်သောပါက က ပထမည အကြိုတရားပွဲမှာ ဟောကြားပြီး စာရေးသူက ဒုတိယည အောင်ပွဲအထိမ်းအမှတ် ဟောကြားဖြစ်ပါတယ်။
တိကနိပါတ် ဥဒပါနဒူသက ဇာတ်တော်ကိုအခြေခံပြီး မြေခွေးလူသား ရှောင်ကြဉ်ထား အမည်နှင့် ဟောကြားခဲ့ပါတယ်။
ကျေးဇူးမဲ့ဝါဒ ကျင့်သုံးတယ်
စားပြီးနားမလည်
မြေခွေးတွေလို လူသားများ
ဝေးဝေးက ရှောင်ရှား။
စားပြီးနားမလည်
မြေခွေးတွေလို လူသားများ
ဝေးဝေးက ရှောင်ရှား။
တရားနာ ပရိသတ်တွေက တောရောမြို့ပါ လာရောက်နာယူကြပါတယ်။ တနင်္လာရီမြို့လေးလို အဝေးကြီးကနေ လာရောက်နာယူသူတွေလည်းရှိပါတယ်။

