နတ်တော်လ္ဆန်း(၃) ရက်၊ 2.12.2016 မနက် ၆း၀၀ နာရီ တနင်္သာရီတိုင်း မြိတ်မြို့ ၀ံသာနုရက္ခိတအဖွဲ့ ဦးမွေး+ဒေါ်သိင်္ဂီစန်းတို့အိမ်မှာ မြိတ် မဘသ ညီနောင်များနှင့်အတူ အရုဏ်ဆွမ်းစားပါတယ်။ ဆွမ်းအနုမောဒနာအဖြစ် ကာကွယ်ရေးဗျူဟာ (၅)ပါး ဟောကြားခဲ့ပါတယ်။
အရုဏ်ဆွမ်းစားအပြီးမှာ တနင်္သာရီမြို့ကလေးသို့ ကြွရောက်ကြပါတယ်။ မြိတ် မဘသ ညီနောင်များ၊ ၀ံသာနုရက္ခိတမောင်မယ်များ၊ မျိုးချစ်ဇာနည်များ၊ တပည့်လေးများ လိုက်လံပို့ဆောင်ပေးကြပါတယ်။
တနင်္သာရီမြို့ မြို့ဦးကျောင်းမှာ နေ့ဆွမ်းစားပြီး အနုမောဒနာတရား ဟောကြားပါတယ်။ တနင်္သာရီမြို့လေးက ချစ်စရာပါ။ ရာသီဥတုကတော့ ပူပြင်းပါတယ်။ မန္တလေးမှာလို မအေးသေးပါ။ ချောင်းကြီးကျောင်းတိုက်နှင့် ဖွားအောင်သာ မြို့စောင့်နတ်ကွန်းကို ရောက်ရှိပါတယ်။ တနင်္သာရီမြို့လေးဖြစ်ထွန်းဖို့အတွက် မတ်အောင်သာက သူမအသက်ကို သူမကိုယ်တိုင် လှူဒါန်းပေးဆပ်သွားတယ်လို့ တနင်္သာရီသမိုင်းကဆိုပါတယ်။
တနင်္သာရီတိုင်းဒေသကြီး အမည်တပ်ထားပေမဲ့ တနင်္သာရီမြို့လေးကတော့ တိုင်းဒေသကြီးမြို့တော်မဟုတ်ပါဘူး။ မြို့သေးသေးကလေးပါ။ သေးလွန်းလို့ တနင်္သာရီမြို့ရှိတယ်လို့တောင် မထင်မှတ်ကြတာ တွေ့နေရပါတယ်။
အပြန်မှာ ကံသာယာရွာကျောင်းမှာ ဓမ္မစကူးလ် ရင်သွေးငယ်လေးတွေကို သြ၀ါဒပေးခဲ့ပါတယ်။ အဲဒီနောက် ညနေ လေယာဉ်နဲ့ ရန်ကုန်မြို့သို့ ထွက်ခွါခဲ့ပါတယ်။ မြိတ် မဘသ ၀ိုင်းတော်သားများ လေဆိပ်အထိ လိုက်ပို့ကြပါတယ်။ အပြန်မှာတော့ မြိတ်သူမြိတ်သားတို့ရဲ့ လက်ဆောင်အလှူ၊ ရိက္ခာအလှူများကို ခွဲခြမ်းဝေဘန်ရင်း ဦးနှောက်ဖောက်စားသွားသော နောင်တော်ကြီးကို မေတ္တာပို့နေမိပါတယ်။
နောင်တော်ကြီးဘုရားသည် ညီမောင်၏ ဦးနှောက် အာဟာရတန်ခိုးကြောင့် ကိုယ်ပိုင်အတွေးအခေါ်များ ရှင်သန်ပြီး လာဘသက္ကာရ သိလောကကိုမငဲ့ကွက်ဘဲ အမျိုးအတွက် ပေးဆပ်ရဲသော အမျိုးသားရေး လှုပ်ရှားသူကြီး ဖြစ်ပါစေသတည်း။