ဒီဇင်ဘာလ ၄-ရက်၊ ၂ဝ၁၆-ခု၊ တနင်္ဂနွေနေ့တွင် မလေးရှားနိုင်ငံ၊နိုငံ့ခေါင်းဆောင် ဝန်ကြီးချုပ်ကိုယ်တိုင် ဦးဆောင်၍ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မောင်တောဒေသနှင့် ပတ်သက်၍ မဟုတ်မမှန်လုပ်ကြံသည့် သတင်းများ အပေါ်မှာ အခြေခံပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကိုရော မြန်မာနိုင်ငံကိုပါ စော်ကားပုတ်ခတ်သည့် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ ကြောင်း သတင်းများအရ သိရသည်။
ရခိုင်ပြည်နယ် မောင်တောဒေသဖြစ်စဉ်မှာလည်း ဧည့်သည်ဘင်္ဂါလီအကြမ်းဖက်သမားများက လုံခြုံရေးတပ် စခန်းများကို ရည်ရွယ်ချက်ရှိရှိ ကြိုတင်ကြံစည်၍ တစ်ပြိုင်နက် စီးနင်းတိုက်ခိုက်ခဲ့မှုမှ စ-တင်မြစ်ဖျားခံခဲ့ပါသည်၊ ယင်းတိုက်ခိုက်ခဲ့မှု၌ လုံခြုံရေးအရာရှိအပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင် အမြောက်အများ သေဆုံးခဲ့ခြင်း, ဒဏ်ရာရရှိ ခဲ့ခြင်း, လက်နက်ခဲယမ်း မီးကျောက်များ ဆုံးရှုံးခဲ့ရခြင်းများ ဖြစ်ပေါ်ခဲ့ပါသည်။
နိုင်ငံတော်၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ဖျက်လို ဖျက်ဆီးလုပ်သည့် မည်သည့်အကြမ်းဖက် လုပ်ရပ်များကိုမဆို အာဆီယံနိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးက လက်ခံမည်မဟုတ်သည့်အပြင် ထိထိရောက် ရောက် ကိုင်တွယ်ဖြေရှင်းကြမည်သာဖြစ်ပါသည်။
အဆိုပါ မောင်တောဒေသ အကြမ်းဖက်မှုအပေါ်မူတည်၍ တိုင်းပြည်နှင့်ပြည်သူများ တည်ငြိမ်အေးချမ်းရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် နိုင်ငံတော်အစိုးရမှ ဥပဒေနှင့်အညီ ဥပဒေကျူးလွန်သူများကို ရှာဖွေခြင်း, စီစစ်ခြင်း, ရှင်းလင်းခြင်းစသော နိုင်ငံတော်အစိုးရ၏ လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားများကို ဥပဒေဘောင်အတွင်းက လိုအပ် သလို ဆောင်ရွက်ခဲ့ပါသည်။
အထက်ပါ မလေးရှားနိုင်ငံ၌ ပြုလုပ်ခဲ့သည့် နိုင်ငံခေါင်းဆောင် ဦးဆောင်သည့် လုပ်ရပ်သည်-
(က) အာဆီယံနိုင်ငံများ၏ ပဋိညာဉ်စာတမ်းပါ တစ်နိုင်ငံ၏ပြည်တွင်းရေးကို အခြားတစ်နိုင်ငံက ဝင်ရောက် စွက်ဖက်ခြင်းမပြုရ ဟူသော သဘောတူညီချက်ကို ချိုးဖောက်ရာလည်းရောက်သည်၊
(ခ) အစွန်းရောက် အကြမ်းဖက်မှုတွေကို အားပေးအားမြှောက်ပြုရာလည်းရောက်သည်၊
(ဂ) ဘာသာရေး, လူမျိုးရေး ပဋိပက္ခများ ဆိုးဆိုးရွားရွား ပိုမိုဖြစ်ပွားအောင် တွန်းပို့ရာလည်းရောက်သည်၊
ထို့ကြောင့် မလေးရှားနိုင်ငံဝန်ကြီးချုပ်ဦးဆောင်
သည့် မလေးရှားပြည်သူတို့၏ ဘင်္ဂါလီအရေးနှင့်ပတ်သက်၍ တောင်းဆို ဆန္ဒပြမှုများကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း မြန်မာ့ရဟန်း, ရှင်, လူ ပြည်သူများကိုယ်စား အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး မဘသအဖွဲ့ကြီးက သဘောထားကြေညာချက် ထုတ်ပြန်လိုက်သည်။
စာအမှတ် ၊ ၀၁၇/ စီမံ-မဘသ/ ၂၀၁၆
နေ့စွဲ ၊ ၁၃၇၈-ခု နတ်တော်လဆန်း ၆-ရက်
(ဒီဇင်ဘာလ ၅-ရက်၊၂၀၁၆)၊တနင်္လာနေ့
နေ့စွဲ ၊ ၁၃၇၈-ခု နတ်တော်လဆန်း ၆-ရက်
(ဒီဇင်ဘာလ ၅-ရက်၊၂၀၁၆)၊တနင်္လာနေ့
ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့ (ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြဝါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။
ဥက္ကဋ္ဌ၊ မဘသအဖွဲ့ (ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြဝါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။