ဆရာတော်ဦးဝီရသူ အမျိုးဘာသာ သာသနာရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ မြစ်ကြီးနားမြို့နေ ဦးကျော်သူ+ဒေါ်စိုင်းခေါန် မိသားစုက နဝကမ္မအလှူငွေ (၅)သိန်းကျပ် လှူဒါန်းပါသည်။ (6.12.2016)
ဦးကျော်သူမိသားစုသည် သြဂုတ်လတွင် ဦးဝီရသူအား နဝကမ္မအလှူငွေ (၁၀)သိန်းကျပ်နှင့် မန်း မဘသ အဖွဲ့ သဘာဝဘေးသင့်ပြည်သူများ ကယ်ဆယ်ရေးကော်မတီအား အလှူငွေ (၁၀)သိန်းကျပ်၊ အောက်တိုဘာလတွင် ဦးဝီရသူအား န၀ကမ္မအလှူတော်ငွေ (၅) သိန်းကျပ် လှူဒါန်းခဲ့သူ ဖြစ်ပါသည်။
အလှူရှင် ဦးကျော်သူ+ဒေါ်စိုင်းခေါန် မိသားစုနှင့်အတူ အနုမောဒနာပြုကြကုန်သော အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးကြသူများအားလုံး ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။
ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၌ လောကအလင်း ပညာဒါနစာသင်ကျောင်း ဖွင့်လှစ်၍လည်းကောင်း၊ ပါရမီပျိုးခင်း သွေးလှူအသင်း တည်ထောင်လျက်လည်းကောင်း၊ မဟာအောင်မြေမြို့နယ် မာလကာခြံရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်နှင့် အောင်သာယာရပ်ကွက်၊ ဇဇ (၃၄) ရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ် (ဆ) ရပ်ကွက်တို့၌ ဆင်းရဲသူဆင်းရဲသားများအတွက် နဂါးနီစုဘူးအသင်း တည်ထောင်၍လည်းကောင်း၊ လူမျိုးခြား ဘာသာခြားတို့ထံ၌ ဆန္ဒမရှိဘဲအလုပ်လုပ်နေရသော မိန်းကလေးများ၊ ကလေးသူငယ်များအတွက် မြန်မာလုပ်သားကယ်ဆယ်ရေးအဖွဲ့ ဖွဲ့စည်း၍လည်းကောင်း၊ အတုမရှိ အမျိုးသားရေးသတင်းဂျာနယ် ဖြန့်ချိလျက်လည်းကောင်း၊ မဟာဝီရ ရသစုံ မဂ္ဂဇင်းထုတ်ဝေလျက်လည်းကောင်း၊ အခြားသော ပရဟိတလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့်လည်းကောင်း အမျိုး ဘာသာ သာသနာအကျိုးကို အားကြိုးမာန်တက် ဆောင်ရွက်သယ်ပိုးလျက်ရှိပါသည်။
