နတ်တော်လ္ဆန်း(၉)ရက်၊ 8.12.2016 မနက် ၁၀း၀၀ နာရီမှာ ရန်ကုန်မြို့ ဒဂုံအရှေ့ပိုင်းမြို့နယ်၊ အမှတ် (၁၃) ရပ်ကွက်၊ မာဂဓီသာစည် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ ရောက်ရှိခဲ့ပါတယ်။
ကျောင်းထိုင်ဆရာတော်လေး ဦးနေမိန္ဒနှင့်အတူ စာသင်ဆောင်များကို လှည့်လည်ကြည့်ရှုခဲ့ပါတယ်။
မနက် ၁၁း၀၀ နာရီမှာ အရှေ့ဒဂုံ အမျိုးသားရေးမိသားစုများ ဆက်ကပ်တဲ့ ဆွမ်းဘောဇဉ်များကို ဘုဉ်းပေး သုံးဆောင်ကြပါတယ်။
ရန်ကုန်တိုင်း မဘသ ပညာဝတီဆရာတော် ဦးပညာဇောတအမှူးပြုသော နောင်တော်ညီတော်များနှင့်အတူ အမျိုး ဘာသာ သာသနာရေးများ ဆွေးနွေးဖြစ်ကြပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ မူလတန်းကျောင်းသူ ကျောင်းသားလေးများအား ဗလာစာအုပ်နှင့် ဘောပင်များ လှူဒါန်းပါတယ်။ လှူဒါန်းအပြီးမှာ ကလေးငယ်များအား သြ၀ါဒတရားဟောကြားပါတယ်။
ဘုရားလည်း မမေ့နဲ့၊
တရားလည်း မမဲ့နဲ့၊
သံဃာလည်း မပြစ်မှားနဲ့၊
ဘုရားမေ့ရင် အပါယ်လားမယ်။
တရားမဲ့ရင် စိတ်ဆင်းရဲမယ်။
သံဃာပြစ်မှားရင် ဘုန်းကံမွဲမယ်။
တရားလည်း မမဲ့နဲ့၊
သံဃာလည်း မပြစ်မှားနဲ့၊
ဘုရားမေ့ရင် အပါယ်လားမယ်။
တရားမဲ့ရင် စိတ်ဆင်းရဲမယ်။
သံဃာပြစ်မှားရင် ဘုန်းကံမွဲမယ်။
မာဂဓီသာစည် ဘက ကျောင်းမှာ မူလတန်းနှင့် သူငယ်တန်းကျောင်းသူ ကျောင်းသားပေါင်း (၆၁၇)ဦးရှိကြောင်း သိရပါတယ်။


