ဗြဟ္မစိုရ်ဆရာတော်ကြီး မဟော်သဓာ(မန္တလေး)ပညာရေးအလှူ” (ပထမအကြိမ်) ၅၀,၀၀,၀၀၀.ကျပ်(ကျပ်သိန်းငါးဆယ်)

ဘဒ္ဒန္တတိက္ခ(ဝါခင်းကုန်း-ဗြဟ္မစိုရ်ဆရာတော်ကြီး) အထက်မြန်မာပြည် မ.ဘ.သ ဥက္ကဋ္ဌဆရာတော်ကြီးသည် မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေးအထက်တန်း ကျောင်းတော်ကြီးအတွက်
ပထမအကြိမ် အလှူတော်ငွေ ၅၀.၀၀,၀၀၀.ကျပ် (ကျပ်သိန်းငါးဆယ်တိတိ)လှူဒါန်တော်မူပြီး ဆရာတော်ကြီးက " မန္တလေးမြို့တွင် ဤကဲ့သို့ ကျောင်းတော်ကြီးမျိုးအထူး လိုအပ်ကြောင်း ပညာရေးသာမက ဘက်စုံထူချွန်ထက်မြက်သည့် ကျောင်းသား/ကျောင်းသူများ ပြုစုပျိုးထောင်ရမည်ဖြစ်ကြောင်း ဒီလိုကျောင်းမျိုးတည်ထောင်ဖွင့်လှစ်ခြင်းဖြင့် အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးသော အနာဂါတ်မျိုးဆက်သစ်လူငယ် မောင်မယ်များ ပေါ်ထွန်းလာမည်ဖြစ်သည့် အတွက်ကြောင့် မြန်မာနိုင်ငံအဝှမ်း ဤကဲ့သို့ကျောင်းများ တည်ထောင်ဖွင်လှစ်ရန်လိုအပ်ကြောင်း ကျောင်းတည်ထောင်ရာတွင် သက်ဆိုင်ရာကဏ္ဍအသီးသီးအတွက် စံနစ်တကျကော်မတီဖွဲ့ပြီးဆောင်ရွက်ရန်လိုအပ်ကြောင်း" သြဝါဒမိန့်မှာကြားပါသည်။

လှူဒါန်းမှုအခမ်းအနားကို ဆရာတော်ကြီးသီတင်းသုံးရာ တောင်စလင်းတိုက်သစ်ဘာဝနာဌာနတွင်ကျင်းပလှူဒါန်းရာ မန် မ.ဘ.သ ဒုတိယအတွင်းရေးမှူးချုပ်ဆရာတော် ဘဒ္ဒန္တပညာသမိ မ.ဘ.သ(ဗဟို)ဦးဆောင်ဆရာတော် ဘဒ္ဒန္တဣန္ဒာစက္ကာဘိဝံသမ(စိုးရိမ်) နှင့် အရှင်ဝိသေဋ္ဌ(မဟာမြိုင်) ကြွရောက်ပြီး မန်းမ.ဘ.သအဖွဲ့မှ ဦးပြည့်ဖြိုးအောင် နှင့်ဦးသန့်စင်ဝင်းတို့က အလှူတော်ငွေလက်ခံပြီး လှူဒါန်းမှုအတွက်သာဓုအနုမောဓနာခေါ်ဆိုကြပါသည်။
၁၃၇၈ခု နတ်တော်လဆန်(၁)ရက်
၃၀-၁၁-၂၀၁၆(ဗုဒ္ဓဟူးနေ့)။
မေတ္တာဖြင့်
ကိုဖိုးသားကြီး
30-11-2016 7:30PM
Share: