ဒီစာအုပ်လေး လက်ဆောင်ရထားပါတယ်။ ရည်ရွယ်တာက တိုင်းရင်းသားတွေအတွက်ပါ။ ရေးသားသူက အနော်ရထာ ပါ။ ဆရာကြီးဦးအောင်သင်းနှင့် ဆရာကြီး ဒေါက်တာသန်းထွန်းတို့ အဆိုအမိန့်တွေကိုလည်း မျက်နှာဖုံးနှင့် ကျောဖုန်းမှာ ဖော်ညွှန်းထားပါတယ်။ တစ်ခြား စုစည်းထားသမျှ အမျိုးသားရေးရာ စာတိုပေစများလည်း ပါပါတယ်။ ကမ္ဘာ့ခေါင်းဆောင်တို့ရဲ့ အဆိုအမိန့်တွေလည်း ပါပါတယ်။ အခန်းဆက် နေ့စဉ် တင်ပြသွားပါမယ်။
ဝီရသူ (မစိုးရိမ်)
8.11.2016
8.11.2016
---------------------------------------------------------------------
အခန်း(၅)
အင်ဒိုနီးရှား၊မလေးရှား၊ စင်္ကာပူနိုင်ငံများကို မူဆလင်တို့ဝါးမျိုခြင်း
ဘီစီ ၂၃၂ မှ ၂၇၃ နှစ်အထိ ထီးနန်းစိုးစံခဲ့တဲ့ သီရိဓမ္မာသောကမင်းကြီးဟာ ကိုးတိုင်းကိုးဌာနကို သာသနာပြုစေလွှတ်ခဲ့ရာ သုဝဏ္ဏဘူမိဆိုတဲ့ ဌာနတစ်ခုပါဝင်ခဲ့ပါတယ်။ အိန္ဒိယပြည် နာလန္ဒာတက္ကသိုလ်ပျက်ကြီးကို ယနေ့ ၂၀ ရာစုခေတ်မှာ တူးဖော်ရာမှ ရရှိသော ကြေးပုရပိုက်အရ သုဝဏ္ဏဘူမိဆိုတာ အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူစသော နိုင်ငံ (၃) နိုင်ငံဖြစ်ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံရှိ သထုံပြည်ကို သုဝဏ္ဏဘူမိလို့ ခေါ်ဝေါ်တာဟာ ရာစုနှစ်ပေါင်းအတန်ကြာမှ အင်ဒိုနီးရှားနိုင်ငံစသော (၃)နိုင်ငံကို နမူနာယူ၍ အမည်မှည့်ခေါ်ဟန်ရှိကြောင်း သမိုင်းသုတေသီတို့က ဆိုပါတယ်။ ယင်းနိုင်ငံများရှိ ဘုရင်ရော ပြည်သူပြည်သူသားတွေပါ ဗုဒ္ဓဘာသာတွေဖြစ်ခဲ့ကြပါတယ်။
၎င်းအပြင် ထိုဗုဒ္ဓဘာသာဘုရင်များတွင် ၇ ရာစု စုမတြာကျွန်းတောင်ပိုင်း လင်းတန်းမြို့၌ ထီးနန်းစိုက်တဲ့ သီရိဝိဇယမင်းလက်ထက်မှာ ဗုဒ္ဓဘာသာအလွန်ထွန်းကားခဲ့ပါတယ်။ ထိုမင်း၏ သီရိဝိဇယ ဘူနိဘ၀ီတိတက္ကသိုလ်ကြီးမှာ ဂုဏ်သတင်းပျံ့မွေး၍ တခြားနိုင်ငံမှ စာသင်သား ရဟန်းတော်တွေ ၀င်လာမစဲ တသဲသဲဖြစ်ခဲ့ဖူးပါတယ်။ ရဟန်းတော်တွေ သိန်းနဲ့ချီပြီးလည်း ပညာသင်ကြားခဲ့ပါတယ်။ ထိုမင်းရဲ့ အင်ပါယာနဲ့ ဗုဒ္ဓဘာသာဟာလည်း အင်ဒိုနီးရှားကျွန်းစု အားလုံးအပြင် ပတ်ဝန်းကျင် နယ်ပယ်တွေပါ ပြန့်နှံ့သွားပါတယ်။
ဒီလိုနဲ့ ဗုဒ္ဓသာသနာရောင်ဝါ အဲဒီကျွန်းစုတွေမှာ (ဘီစီ ၃ ရာစုမှ ဘီစီ ၁၄ ရာစုအထိ) နှစ်ပေါင်း (၁၂၀)လောက် ထွန်းကားပြန်နှံ့ခဲ့ပြီး ကမ္ဘာကျော် ကမ္ဘာ့အံ့မခန်းဖြစ်တဲ့ ဗောဗုဒ္ဓေါ စေတီတော်ကြီး စေတီပုထိုးပေါင်းမြောက်များစွာ တည်ဆောက်ခဲ့ပါတယ်။ ယဉ်ကျေးမှုလည်း အလွန်လက်ရာမြောက်ခဲ့ပါတယ်။
စေတီတော်ကြီးဟာ ကမ္ဘာမှာ အကြီးဆုံး စေတီတော်ကြီးဖြစ်ပြီး ဘိုးတော်ဘုရား မပြီးစီးခဲ့တဲ့ မင်းကွန်းပုထိုးတော်ကြီးထက်လည်း ကြီးမားပါတယ်။ ဖိနပ်တော်မှာ မျက်နှာတစ်ဖက်စီတွင် ၃၉၄ ပေ ရှည်လျားပြီး စတုရန်းပတ်လည်ရှိပါတယ်။ စေတီရံပေါင်း ရုပ်ပွားတော်ပေါင်း မြောက်များစွာနဲ့ အလွန်ခမ်းခမ်းနားနားရှိလို့ ကမ္ဘာ့ကုလသမဂ္ဂနဲ့ အင်ဒိုနီးရှားအစိုးရ အကူအညီနဲ့ ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံပြီး ၁၉၈၃ ခုနှစ်လောက်က အောင်မြင်စွာ ပြုပြင်ပြီးစီးခဲ့ပြီးဖြစ်ပါတယ်။
အဲဒီလို ကမ္ဘာ့ကုလသမဂ္ဂနဲ့ အင်ဒိုနီးရှားတို့ ပူးတွဲပြီး ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်သဘောနဲ့ ပြုပြင်ခဲ့တဲ့ ဗောဓောဗုဒ္ဓေါ စေတီတော်ကြီးရဲ့ စေတီရံများစွာကို မူဆလင်အယူသည်းအကြမ်းဖက် အုပ်စုတစ်စုက ဖောက်ခွဲဖျက်ဆီးပစ်ကြပါတယ်။ ဒေါ်လာ ၂၅ သန်းကျော် ကုန်ကျတဲ့ ပြုပြင်မှုမှာ (၁၀)နှစ်ခန့်နောက်ကျသွားကြောင်းဆိုပါတယ်။
ဗုဒ္ဓဘာသာဝင်များ ထိုကျွန်းသို့ရောက်ရှိပြီး နောက် ဘီစီ ၄ ရာစုခန့်တွင် ဟိန္ဒူဗုဒ္ဓဘာသာဝင် ပလ္လ၀ါကုန်သည်များ သွားရောက်ကြပြီး နယ်ပယ်အသစ်တည်ဆောက်ကြပါတယ်။ ပလ္လ၀ါမင်းများဟာ နိုင်ငံငယ်လေးများအဖြစ်နေကြစဉ် အိန္ဒိယနှင့် ကူးလယူးဆက်ဆံကာ ဟိန္ဒူဗြဟ္မဏ အယူဝါဒကို ကိုးကွယ်ကြပါတယ်။ သီရိဓမ္မာသောကမင်းကြီး ထိုကျွန်းစုကို သာသနာပြုပြီး နောက်နှစ်ပေါင်း (၁၅၀)ခန့်အကြာမှာ ထိုကျွန်းစုများသို့ မူဆလင်အာရပ်ကုန်သည်များသည်လည်းကောင်း၊ အိန္ဒိယသား မူဆလင်များသည်လည်းကောင်း စတင်၍ ကုန်စည်ကူးသန်းရောင်းဝယ်ဖောက်ကားရင်း ခြေချလာရောက်နေထိုင်ကြပါတယ်။
ယင်းကျွန်းစုများတွင် ဟိန္ဒူနှင့် ဗုဒ္ဓဘာသာ သာသနာကြီးနှစ်ရပ် ယှဉ်ပြိုင်ထွန်းကားပြီး အချင်းချင်းအံ့သြလောက်အောင် ရိုသေလေးစား၍ ညှိနှိုင်းဆွေးနွေးကြရန် အဆောက်အဦကြီးများ အတုစံနမူနာ ယူထိုက်တာတွေ့ရပါတယ်။
ထိုစဉ်အခါက အနောက်နိုင်ငံများတွင် ဘာသာရေးနဲ့ စက်လျင်းပြီး ညှိနှိုင်းဆွေးနွေးဖို့ဝေးစွ၊ အကြီးအကျယ် စစ်ပွဲဆင်နွှဲ သတ်ဖြတ်ကြမ်းကြုတ်နေဆဲဖြစ်ပါတယ်။
အဲဒါနဲ့ အာရပ်ကုလား မူဆလင်တို့အခြေချရာမှ ကျွန်းသူတွေနဲ့ရင်းနှီးပြီး လက်ထပ်မျိုးပွားကြပါတယ်။ လူဖောက်သာသနာပြုကြပါတယ်။ အဲဒီကျွန်းစုတွေမှာ မူဆလင်ကုန်သည်တွေက အနုနည်းဖြင့် လူဖောက်သာသနာပြုချိန်မှာ တစ်ဖက်မှမူဆလင်စစ်တပ်များက ဥရောပသို့ အပြင်းအထန် ချီတက်တိုက်ခိုက်နေချိန်လည်းဖြစ်ပါတယ်။ ဒီလိုနဲ့ လူဖောက်လို့ မူဆလင်ဦးရေများပြီး အင်အားတောင့်လာတဲ့ အရပ်တွေမှာ ဟိန္ဒူ-ဗုဒ္ဓဘာသာဖြစ်တဲ့ ဘုရင်တွေကို ဖြုတ်ပြီး စူ(လ်)တန်လို့ခေါ်တဲ့ မူဆလင်ဘုရင်ငယ်တွေကို တင်မြှောက်ပါတယ်။
မြန်မာနိုင်ငံမှာလည်း တစ်ချို့နေရာတွေမှာ မူဆလင်တွေကို ရပ်ကွက်လူကြီးတို့ ဘာတို့ တင်မြှောက်ထားကြတာ အန္တရာယ်ကြီးလှကြောင်း ဒီအချက်က သာဓကပြနေပါတယ်။ ရွှေမြန်မာတို့သတိပြုစရာပါ။
ဒီလိုဖြုတ်ပြီးနောက် ရဟန်တော်တွေကို ခေါင်းဖြတ်သတ်ခြင်း အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်း၊ ဗုဒ္ဓဘာသာကိုးကွယ်သူတွေကို သတ်ဖြတ်ခြင်း၊ ထောင်ချခြင်း စတာတွေကို လုပ်ခဲ့တဲ့အတွက် အင်ဒိုနီးရှားစတဲ့ နိုင်ငံတွေမှာ ဗုဒ္ဓဘာသာ ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်ခဲ့ရပါတယ်။
အင်ဒိုနီးရှားကျွန်းစုတွေရဲ့ ချောင်ကျတဲ့ အရပ်တွေမှာ ဗုဒ္ဓဘာသာအဆက်အနွယ်များဆိုလို့ လူနှစ်သန်းခန့်သာရှိပြီး ဘုရားမရှိ၊ကျောင်းမရှိနဲ့ အမည်မျှသာခံပြီး ယောင်ချာချာနဲ့ အဆက်ပြတ်နေတဲ့ ဗုဒ္ဓဘာသာနွယ်များ ရှိကြောင်းကို ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးရဲ့ အင်ဒိုနီးရှားမှတ်တမ်း စာမျက်နှာ ၉၃ မှ ၉၆ အတွင်းမှာ ဖတ်ရှုနိုင်ပါတယ်။
အင်ဒိုနီးရှားလူမျိုးတို့ဟာ မူဆလင်တို့၏ ၀ါးမျိုခြင်းကို ခံခဲ့ရသော်လည်း ယနေ့တိုင် ဗုဒ္ဓဘာသာယဉ်ကျေးမှုနဲ့ ဘာသာစကားသုံးစွဲမှု အတော်များများကို မစွန့်လွတ်ကြပါ။ နိုင်ငံပိုင် အင်ဒိုနီးရှား လေကြောင်းကုမ္ပဏီကြီးအား ဂဠုံဟူ၍လည်းကောင်း၊ ကမ္ဘာကျော် အင်ဒိုနီးရှားသမ္မတကြီး ဆူဟာနိုရဲ့အမည်မှာ ပါဠိသံဖြင့် သုကဏ္ဏဖြစ်ပြီး (သု-လှသော၊ ကဏ္ဏ-နား) လှပသော နားပိုင်ရှင်ဟု အဓိပ္ပါယ်ရပါတယ်။ ဘုရားရှင်လက်ထက်တော်အခါက မဋ္ဌကုဏ္ဍလီသတို့သားကဲ့သို့ ခေါ်ဝေါ်ခြင်းဖြစ်ပါတယ်။ ယခုထက်တိုင်အောင် အင်ဒိုနီးရှားလူမျိုးတစ်ဦးဦး၏ နောက်ကျောကို အမှတ်မဲ့ထုလိုက်ပါက “ဗုဒ်”ဟု ဗုဒ္ဓဘုရားကို ရှေးမိဘဘိုးဘွားတွေ တခဲ့တဲ့အတိုင်း ယောင်ရမ်း မြည်တမ်းလေ့ရှိနေပါတယ်။
အင်ဒိုနီးရှားကျွန်းစုအနီး ယနေ့စင်္ကာပူခေါ်တဲ့ နိုင်ငံဟာ ရှေးကပါဠိဘာသာနဲ့ ဆိင်္ဂပူရ(သီဟပူရ)ခေါ်တဲ့ ခြင်္သေ့နိုင်ငံပဲဖြစ်ပါတယ်။ ဒီနေရာမှာ အင်ဒိုနီးရှားကျွန်းစုပေါင်း ၃၀၀၀ ကျော်နဲ့ စင်္ကာပူ၊ မလေးရှားတို့မှ များပြားလှတဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ မူဆလင်တွေ ဒီအရပ်ကို စတင်အခြေချပြီး အပြီးတိုင်ဝါးမျိုခြင်းကို ခံရသည်အထိနှစ်ပေါင်း ၂၅၀ မှ ၃၀၀ ခန့်ကာလအတွင်းမှာ တိမ်ကောသွားရတာ ၀မ်းနည်းဖို့ကောင်းသလို သတိသံဝေဂရဖို့လည်းကောင်းပါတယ်။ သမိုင်းကြောင်းအရ တိကျတဲ့အထောက်အထားများအရ မူဆလင်တွေဟာ တစ်ခါတစ်ရံ စစ်တိုက်၍ အကြမ်းဖက်ခြင်းဖြင့် သာသနာပြုသလို တစ်ခါတစ်ရံ အနုနည်းဖြင့် လူဖောက်ပြီး သာသနာပြုကြကာ နောက်ဆုံးအင်အားများလာတဲ့တစ်နေ့မှ အကြမ်းနည်း အနုနည်း နှစ်ရပ်တို့ဖြင့် အနိုင်ယူတတ်ကြပါတယ်။
ဗေဒ်ပင်ကို ဧရာမအင်းကြီးတွေ အိုင်ကြီးတွေမှာ တစ်ပင်နှစ်ပင်ဆိုသလို တွေ့ခါစမှာ ဘယ်သူမှ ဂရုမပြုမိကြပါဘူး။
တစ်တစ်နဲ့ နှစ်အတော်ကြာတော့ များပြားလာရာက နှိမ်မရတော့ အင်းကြီးတွ အိုင်ကြီးတွေ ကန်ကြီးတွေ ကောရသလိုပါပဲ။ အဲဒီဥပမာကို နောင်လာနောက်သားများ ကြပ်ကြပ်မတ်မတ် ဂရုပြုကြရန်လိုအပ်ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
