ရန်ကုန်တိုင်း မဘသ တွေ့ဆုံဆွေးနွေးပွဲ

နတ်တော်လ္ဆုတ်(၇) ရက်၊ 21.12.2016 မွန်းလွဲ ၂း၀၀ နာရီ ရန်ကုန်တိုင်းဒေသကြီး ဒဂုံတောင်ပိုင်းမြို့နယ်၊ နိကာယ်စာသင်တိုက်မှာ ကျင်းပပါတယ်။
မဘသ (ဗဟို) ဦးဆောင် ဆရာတော်လေးများနှင့် ရန်ကုန်တိုင်းမြို့နယ်အသီးသီးမှ မဘသအဖွဲ့များကိုယ်စားပြု ဆရာတော်သံဃာတော်များ တက်ရောက်ကြပါတယ်။
ရန်ကုန်တိုင်း မဘသ ဥက္ကဋ္ဌ ဆရာတော်ဒေါက်တာ အရှင်နန္ဒကနှင့် ထေရ်ကြီးဝါကြီးဆရာတော်ကြီးများက သြ၀ါဒမိန့်ကြားပြီး မြို့နယ် မဘသကိုယ်စားပြု ဆရာတော်များက အမျိုး ဘာသာ သာသနာရေးရာ ဆောင်ရွက်ချက်များနှင့် ရှေ့ဆက်ကြမည့် လုပ်ငန်းစဉ်များကို အသေးစိတ် ဆွေးနွေးကြပါတယ်။ အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ရေတိုလုပ်ငန်း၊ ရေရှည်လုပ်ငန်းနှင့် မဟာဗျူဟာ၊ နည်းဗျူဟာများကို သုံးနာရီကြာ စုံစုံလင်လင် ဆွေးနွေးတိုင်ပင်ကြပါတယ်။ တိုင်းဦးဆောင်ဆရာတော်များ အစည်းအဝေးကို ထပ်မံကျင်းပပြီးနောက် လုပ်ငန်း အကောင်အထည်ဖော်ရေးဆိုင်ရာ ညွှန်ကြားချက်များ ဆက်လက်ထုတ်ပြန်ကြဖို့ တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ခဲ့ကြပါတယ်။
လစ်လပ်သွားသော ရန်ကုန်တိုင်းဒေသကြီး အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (တိုင်း မဘသ) ဒုဥက္ကဋ္ဌနေရာကို မင်္ဂလာတောင်ညွန့်မြို့နယ် အရှင်အာဒိစ္စ၀ံသကျောင်း ပဓာနနာယကဆရာတော် ဘဒ္ဒန္တသြဘာသအား အဆိုပြုခြင်း၊ ထောက်ခံခြင်းဖြင့် တစ်ညီတစ်ညွတ်တည်း သာဓုသုံးကြိမ်ခေါ်ကာ ရွေးချယ်တင်မြှောက်နိုင်ခဲ့ကြပါတယ်။ အခုအစည်းအဝေးဟာ ရန်ကုန်တိုင်းဒေသကြီး အလုပ်အမှုဆောင် ဆရာတော်ကြီးများနှင့် တိုင်း ဦးဆောင်ဆရာတော်များ၊ မြို့နယ် မဘသကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲဖြစ်ပြီး
ဒီအစည်းဝေးရဲ့ တင်ပြချက်အရ တိုင်းအလုပ်အမှုဆောင် ဆရာတော်ကြီးများနှင့် တိုင်းဦးဆောင် ဆရာတော်များ ထပ်မံ ဆွေးနွေးပြီး လုပ်ငန်းစဉ်များနှင့် မူဝါဒသဘောတရားရေးရာများ ချမှတ်ကာ အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။

၎င်း အစည်းအဝေးကို ထပ်မံကြေညာပါမယ်။



Share: