ထိသောအိုးနှင့် ငြိသောကြိုး အပိုင်း (၃) နိဂုံး



‘ မင်းတုန်းမင်းကြီးနည်း ’
ယမန်နှစ်က ကျွန်ုပ်ထံသို့ အိန္ဒိယပြန် ဆရာတော်တစ်ပါးက စာရေးပါသည်။သူ့စာထဲ၌ “မြန်မာပြည်မှာ သံဃာဖောင်းပွမှုကြီး ဖြစ်နေပါပြီ”ဟု ပါပါသည်။သာသနာတော်ထွန်းကား၍ သံဃာဦးရေများပြားသည်ကို သဘောကျပါသည်။ ပထမမှုဖြစ်သော မာတုဂါမနှင့် လင်မယားလိုနေပြီး သိသာထင်ရှားစွာ ဖောက်ပြန်နေသူများကိုတော့ သန့်ရှင်းသင့်လှပါသည်။ ထင်ရှားသိသာစွာ ရဟန်းသီလ ပျက်စီးနေပြီဖြစ်သော သာသနာ့အညစ်အကြေးများကို မက်လုံးပေးသည့် မင်းတုန်းမင်းကြီးလို သာသနာသန့်ရှင်းရေး ကုသိုလ်များ လိုအပ်နေပါပြီ။
‘ မျက်ရည်များနှင့် မတားပါနှင့်၊ သားကိုချစ်ရင် မတားပါနှင့် ’
အချို့သော မိဘများသည် သာသနာ့ဘောင်၌ မပျော်ပိုက်၍ လူထွက်မည့်ရဟန်းများကို ဇွတ်အတင်း တားမြစ်တတ်ပါသည်။ မည်သူမဆို ကိုယ့်သားသမီးကို သာသနာ့ဘောင်မှာ မွေ့လျော်စေချင်ကြသည်မှာ သဘာဝဖြစ်ပါသည်။ အကယ်၍ မပျော်ပိုက်သူက ကုစားလို့မရသော ပြစ်မှုများ ကျူးလွန်ထားသူဖြစ်နေလျှင် မိမိသားကို မြှင့်ရာမရောက်၊ နှိမ့်ရာရောက်ပါသည်။ ချစ်ရာမရောက် နှစ်ရာရောက်ပါသည်။မိမိတို့ကိုယ်တိုင်ပါ သာသနာ့အညစ်အကြေးကို အားပေးရာရောက်ပါသည်။ သို့ဖြစ်၍ သာသနာ့ဘောင်၌ မပျော်ပိုက်၍ လူဝတ်လဲခွင့်တောင်းသော ရဟန်းများနှင့်ကြုံလျင် ၄င်းတို့၏ အနေအထိုင်၊ အပြုအမူ၊အမူအရာ၊အပြောအဆို၊ အဆင့်အတန်းနှင့် အခြေအနေအရပ်ရပ်ကို ခြုံငုံသုံးသပ်ပြီး ပုဂံခေတ်က တိလောကဂုရုထေရ်အလောင်း ဦးဇင်းလေးလို စင်ကြယ်သူဖြစ်ပါမှ တားမြစ်သင့်ပါသည်။ မစင်ကြယ်သူ၊ မစင်ကြယ်ဟု သံသယရှိသူများဆိုလျှင် မတားမြစ်သင့်ပါ။ သူ့အကြောင်းတရားနှင့်သူ လူသစ်စိတ်သစ်ဖြင့် ဘ၀သစ်တစ်ခု တည်ဆောက်ဖို့ ခွင့်ပြုသင့်လှပါသည်။ အနေအထိုင်ကောင်းသော၊ အရည်အချင်းရှိသော၊ အလုပ်ကြိုးစားသော၊ လဇ္ဇီပေသလ သိက္ခာကာမ၊ သာသနာ့မာမက ရဟန်းတော်များကိုသာ သာသနာတော်က အလိုရှိပါသည်။

‘ ကျောင်းကြီးဖျက်မ သီအိုရီ ’
ရဟန်း(လူထွက်)များနှင့် ခိုးရာလိုက်ကြသူများကို သာသနာဖျက်မ၊ ကျောင်းကြီးဖျက်မ ဟု ၀ါးလုံးသိမ်းစွပ်စွဲတတ်ကြပါသည်။ ရဟန်းများနှင့် ညားသူတိုင်းကို ထိုသို့စွပ်စွဲလို့ မဖြစ်ပါ။ အများစုမှာ အိုးချင်းထားလို့ အိုးချင်ထိ၊ ကြိုးချင်းထားလို့ ကြိုးချင်းငြိကြသူများသာ ဖြစ်ပါသည်။ အလမ္ဗုသာဇာတ်နှင့် နီလိနိကာဇာတ်တော်များလာ သိကြားမင်း၊ နတ်သမီး၊ ဘုရင်၊ ဘုရင့်သမီးတော်လို ရည်ရွယ်ချက်ရှိရှိဖြင့် တမင်တကာ သီလပျက်အောင် ဖျက်ဆီးသူမျိုးမှသာ သာသနာဖျက်မ၊ ကျောင်းကြီးဖျက်မ ဖြစ်နိုင်ပါသည်။ တရားဟောဆရာနှင့် တရားနာဒကာမ သင်တန်းဆရာနှင့် သင်တန်းသူ၊စာရေးဆရာနှင့် စာဖတ်ပရိသတ်၊ ကျောင်းထိုင်ဆရာတော်နှင့် ရပ်သူရွာသူ၊ဆွမ်းခံကိုယ်တော်နှင့် ဆွမ်းအမစသည်ဖြင့် အနေနီးရာမှ တစ်ဦးကိုတစ်ဦး သံယောဇဉ်ရှိခြင်း၊သဒ္ဓါလွန်၍ တဏှာကျွန်မိခြင်းမျိုး၌ အပြစ်မရှိပါ။
ထို့အပြင်ရဟန်းကိုယ်တိုင်က ၀ါသနာကြီးသူဖြစ်၍ အနုအရွ အလှလေးများရေးသားခြင်း၊ ဇာတ်မင်းသားလို ဖွဲ့ဖွဲ့နွဲ့နွဲ့ဟောပြောခြင်းတို့ကြောင့် ပိုက်ကွန်မိသည့်ငါးလို ရုန်းမထွက်နိုင်ခဲ့လျှင်လည်း မာတုဂါမမှာ အပြစ်မရှိပါ။ သို့မဟုတ် ရဟန်းက စတင်စည်းရုံးရာမှ မစွမ်းရင်းကလည်းရှိ ကန်စွန်းခင်းကလည်းငြိ သဘောမျိုး သက်ရောက်သွားလျှင်လည်း မာတုဂါမမှာ အပြစ်မရှိပါ။
အမျိုးသမီးက စတင်ချစ်ကြိုက်၍ ရဟန်းဖြစ်သူစိတ်ဝင်စားလာအောင် ၀တ်စားဆင်ယင် ဖီးလိမ်းပြင်ဆင်ပြီး လှပအောင် ရဟန်းကျအောင် တမင်တကာ ချွဲနွဲ့ ဆွဲဆောင်မြှူဆွယ်သည့်အခါ၊ တစ်ခြားနည်းတစ်ခုခုဖြင့် မာယာပရိယာယ်ဆင်၊ ထောင်ချောက်ဆင်ပြီး ချဉ်းကပ်စည်းရုံးသည့်အခါမျိုး၌ ရဟန်းဖြစ်သူ သီလပျက်ခဲ့လျှင် သို့တည်းမဟုတ် ရဟန်းကောင်းက လူထွက်ခဲ့လျှင် သာသနာဖျက်ရာ ရောက်ပါသည်။ ကျောင်းကြီးဖျက်ရာရောက်ပါသည်။သည်တစ်ခါငါ့အလှည့်ဆိုပြီး ကျောင်းထိုင်ဘုန်းကြီး အသစ်ကို အပြိုင်ပိုးတတ်သော ရွာသူများသတိထားဖို့လိုပါသည်။ အနေနီး၍ သံယောဇဉ်ဖြစ်မိသော်လည်း လွန်လွန်ကျူးကျူးမဖြစ်သောကြောင့် ရဟန်းကလူမထွက်သည့်အခါ အမျိုးသမီးက လူထွက်ဖို့၊ လက်ထပ်ဖို့ တိုက်တွန်းပူဆာ၍ ရဟန်းကလူထွက်သွားခဲ့လျှင် အမျိုးသမီးမှာ အပြစ်ရှိပါသည်။ သာသနာဖျက်ရာ ရောက်ပါသည်။ သာသနာတော်၌ ရဟန်းကောင်းတစ်ပါး ဆုံးရှုံးလျော့ပါးအောင် လုပ်ရာရောက်ပါသည်။

လွန်ကျူးကြစဉ်က ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်မရှိဘဲ ပုထုဇဉ်အလျှောက် မိုးမြင်လေမမြင် ချစ်ပင်လယ်ကို နှစ်ဦးအတူ ကူးခတ်ခဲ့ကြပြီး ရဟန်းက လူဝတ်မလဲသည့်အခါမျိုး၌ အတူနေချင်လို့ ထွက်ခိုင်းသည်ဖြစ်စေ၊ ကိုယ်ဝန်ရနေလို့ ထွက်ခိုင်းသည်ဖြစ်စေ၊ မည်သည့်အကြောင်းကြောင့်ပင် ထွက်ခိုင်းသည်ဖြစ်ပါစေ၊ ထွက်ခိုင်းကောင်းပါသည်။ အပြစ်မဖြစ်သည့်အပြင် သာသနာသန့်ရှင်းရေး ကုသိုလ်တောင် ရပါသေးသည်။
ထို့ကြောင့် ရဟန်းများနှင့် ငြိစွန်းတိုင်း မကဲ့ရဲ့ထိုက်၊မစွပ်စွဲထိုက်ပါ။ အထက်ပါအချက်လက်များဖြင့် သုံးသပ်ပြီး အမှန်တကယ် ဖျက်ဆီးသူမျိုးကိုသာ ကဲ့ရဲ့စွပ်စွဲထိုက်ပါသည်။ ရဟန်းများနှင့် အကြောင်းပါကြသူ အချို့သော အမျိုးသမီးများမှာ အပြစ်မရှိပါဘဲလျက် မိဘများ၏ အမွေဖြတ်ခံရခြင်း၊ ဆွေမျိုးများ၏ အဆက်ဖြတ်ခံရခြင်းအပြင် လောကကို မျက်နှာမပြရဲလောက်အောင် အထင်သေးမှု ကဲရဲ့ပြစ်တင်မှုကို ခံရရှာပါသည်။ စိတ်အားငယ်ရရှာပါသည်။

‘ သမီးလာဖိတ်တာမဟုတ် ဆွမ်းလာဖိတ်တာပါ ’
တစ်ချို့သော မိဘများသည် ရဟန်းများဆွမ်းလာဖိတ်လျှင် “တပည့်တော်တို့အိမ်က သမီးပျိုတွေရှိလို့ လက်မခံပါဘုရား”ဟု လျှောက်တတ်ကြပါသည်။ ခပ်ရွတ်ရွတ်ကိုယ်တော်များနှင့် တွေ့လျှင် “သမီးလာဖိတ်တာ မဟုတ်ဘူးဗျ”ဆွမ်းလာဖိတ်နေတာဟု အပြောခံရတတ်ပါသည်။ ထိုသို့ မိဘများက သာသမီးများကို ရဟန်းများနှင့် မပတ်သက်စေချင်၍ ကင်းကင်းရှင်းရှင်း နေခိုင်းခြင်းသည်လည်း ကောင်းသော လက္ခဏာမဟုတ်ပါ။ ကလေးများက ရဟန်းသံဃာများနှင့် စိမ်းသွားပြီး ဘုရားကျောင်းကန်နှင့် ဝေးသွားတတ်ပါသည်။ ဘာသာခြား လူမျိုးခြားနှင့် နီးစပ်သွားတတ်ပါသည်။ ငြိစွန်းသွားတတ်ပါသည်။
ထိုသို့ ဘာသာခြားယူပြီး ဘာသာပျက်သွားပါက ကိုယ့်ဘာသာကို ကိုယ်ကိုယ်တိုင် ဖျက်ဆီးရာရောက်ပါသည်။ ကိုယ့်သာသနာကို ကိုယ်ကိုယ်တိုင်ဖျက်ဆီးရာ ရောက်ပါသည်။ ကိုယ့်လူမျိုးကို ကိုယ်ကိုယ်တိုင်ဖျက်ဆီးရာ ရောက်ပါသည်။ အမျိုးဖျက်မ၊ သာသနာဖျက်မအစစ် ဖြစ်ပါသည်။ အမျိုးဖျက်မအစစ်၏ မိဘများ၊သာသနာဖျက်မအစစ်၏ မိဘများအဖြစ်ရောက်ရှိသွားနိုင်ပါသည်။ ရဟန်းလူထွက်နှင့် ညားခြင်းက ရှက်စရာမဟုတ်ပါ။ ကုလားနှင့်ညားခြင်းကသာ ရှက်စရာဖြစ်ပါသည်။ အမျိုးသားသစ္စာဖောက်၊ သာသနာ့လောက်ကောင် တိုင်းပြည်၏ အန္တရာယ်ဖြစ်ပါသည်။
ရဟန်းလူထွက်နှင့် ညားသည်ကမှ ဗုဒ္ဓဘာသာစစ်စစ်လေးများ မွေးလာပေဦးမည်။ ကုလားနှင့်ညားသွားလျှင်ကား အသုဘတောင် လိုက်အပို့ခံရမည် မဟုတ်ပါ။ ဤသည်ကို အထူးသဖြင့် မိဘများသိစေချင်ပါ၏။

‘ အကျအရှုံးဆိုတာ စစ်ပွဲတိုင်းမှာရှိတယ် ’
ဆီကိုင်သောလက် ဆီပေသလို၊ ဆူးတောတိုးသော ခြေထောက် ဆူးထိသလို၊ လူတောတိုးရသော ရဟန်းများ လူစိတ်ဝင်လာတတ်ပါသည်။ စစ်ပွဲတစ်ပွဲ ဆင်နွှဲပြီဆိုလျှင် မည်မျှပင်သေးငယ်သည့် စစ်ပွဲပင်ဖြစ်ပါစေ အကျအရှုံး သေကြေ ဒဏ်ရာရမှုတော့ အနည်းအကျဉ်းအားဖြင့် ရှိတတ်မြဲဖြစ်ပါသည်။ လယ်တီဆရာတော် အောင်မြင်ချိန်၌ လယ်တီပဒုမထေရ်၊ လယ်တီပဏ္ဍိတ ဦးမောင်ကြီးတို့အပါအ၀င် လက်ရုံးတပည့်ကြီးများ ကျရှုံးခဲ့ရပါသည်။ ဓမ္မာစရိယဦးဌေးလှိုင်၊ ဦးရွှေအောင်၊ နှစ်ဖက်လှဦးကျော်လွင်စသည့် ဘာသာရေး စာရေးဆရာကြီးများမှာ လူပြန်တော်ကြီးများဖြစ်ကြပါသည်။ လူထွက်သောအားဖြင့် သာသနာအတွက် အကျိုးမယုတ်ပါ။ သို့သော် ဦးရွှေအောင်လို နှစ်ဖက်လှဦးကျော်လွင်လို ထက်မြက်သည့် ပညာရှိများသည် ရဟန်းဘ၀ဖြင့် သာသနာပြုလျှင် သည်ထက်ပိုပြီး ထိရောက်အောင်မြင်မည်ဖြစ်ပါသည်။ (ဦးရွှေအောင်ခမျာ သာသနာအတွက် အကောင်းဆုံးနည်းလမ်းများကို သူဖြစ်စေချင်သည့် ပုံစံဖြင့်သာ တင်ပြသွားရပြီး၊ သူကိုယ်တိုင်မှာ သာသနာပြု ရဟန်းတော်တစ်ပါးအနေဖြင့် အကောင်အထည်ဖော်ခွင့် မရရှာခဲ့ပါ။ ဆရာ နှစ်ဖက်လှဦးကျော်လွင်မှာလည်း ရဟန်းတော်များကို စိတ်တိုင်းမကျ၍ သွန်သင်ဆုံးမရာမှ မာနကြီးသူ၊ ပညာဂုဏ်မောက်သူအဖြစ် အပြစ်တင်ခံရရှာပါသည်။) ဤသည်မှာ လူဝတ်လဲလိုသော ရဟန်းကောင်းတို့ဘက်မှ စဉ်းစားဖွယ်ရာဖြစ်ပါသည်။

‘ သာသနာတော်ကို စောင့်ရှောက်နည်း ’
သာသနာ့ဝန်ထမ်း ရဟန်းကောင်းများ လူစိတ်မ၀င် လူ့အသွင်မပြောင်းဖို့ရာမှာ ရပ်မိရပ်ဖ ဂေါပကများမှာလည်း တာဝန်ရှိပါသည်။ ကျွန်ုပ်သည် ကြံခင်းမြို့၌ ကျောင်းထိုင်ဆရာတော်လေးများကို စောင့်ရှောက်နေသော ဂေါပကဒကာကြီးများကို တွေ့ခဲ့ဖူးပါသည်။ ကျောင်းထိုင်ဆရာတော်လေးများက အသက်ငယ်သေး၍ အထင်သေးမခံရအောင် ကျောင်းသို့သွား၍ စောင့်ရှောက်နေခြင်းဖြစ်၏။ ညအိပ်သူကအိပ်၊အိပ်ချိန်ရောက်မှ အိမ်ပြန်ရောက်သူကပြန်ဖြင့် အလှည့်ကျ စောင့်ရှောက်နေကြပါသည်။ ထိုသို့စောင့်ရှောက်နေမှန်းလည်း ကျောင်းထိုင်ဆရာတော် မသိစေရပါ။ ထိုသို့စောင့်ရှောက်ခြင်းဖြင့် ကျောင်းမှာလူမပြတ်တော့ပါ။ ကျောင်းမှာ ဂေါပကဒကာကြီးများ အမြဲမပြတ်ရှိနေလျှင် အရာရာသည် ပြီးပြည့်စုံပြီ ဖြစ်ပါသည်။ဂေါပကဒကာကြီးများက အိုးချင်းမထိ ကြိုးချင်းမငြိအောင် စောင့်ရှောက်ပြီးသား ဖြစ်သွားပါလိမ့်မည်။ ယခုကျောက်ဆည်မှ စာချဆရာတော်လေးမှာ တပည့်များနှင့်လည်းအတူမနေ သီးသန့်ခွဲ၍ နေသည်။ ရပ်မိရပ်ဖများလည်း ထိုဆရာတော်နှင့် အတူမရှိ၍ ထိခဲ့ငြိခဲ့ခြင်းဖြစ်ပါသည်။ သို့ဖြစ်၍ ကြံခင်းမြို့က ဂေါပကဒကာကြီးများလို သာသနာ့ဝန်ထမ်း ရဟန်းကောင်း ရဟန်းမြတ်များကို စောင့်ရှောက်ခြင်းဖြင့် သာသနာပြုကုသိုလ် ယူသင့်လှပါသည်။

‘ လူပြန်တော်များကို ကြိုဆိုကြ ’
နိဂုံးချုပ်အားဖြင့် တင်ပြလိုသည်မှာ သူ့ဆန္ဒနှင့်သူ လူဝတ်လဲလာသူများကို လက်ကမ်းကြိုဆိုပါ။ အားပေးကူညီပါ။ အကယ်၍ မကြိုဆို မကူညီနိုင်လျှင်လည်း မကဲ့ရဲ့မရှုတ်ချပါနှင့်။
ရဟန်းသီလ ပျက်စီးနေသည့် သာသနာ့အညစ်အကြေးများ သန့်ရှင်းဖို့ရန်အတွက် မင်းတုန်းမင်းကြီးလို သာသနာသန့်ရှင်းရေး ကုသိုလ်ယူပါ။
(က) လူဝတ်လဲလိုသူများကိုလည်း ရမ်းပြီး မတားမြစ်ပါနှင့်၊ တားသင့်မှ တားမြစ်ပါ။
(ခ) ရဟန်းကောင်းများ မဆုံးရှုံးရအောင်လည်း ကြံခင်းဂေါပကဒကာကြီးများလို မိဘသဖွယ် စောင့်ရှောက်ပါ။
(ဂ) ရဟန်းလူထွက်နှင့် အကြောင်းပါသူများကိုလည်း ရမ်းပြီးမစွပ်စွဲပါနှင့်၊ ထိသောအိုးနှင့် ငြိသောကြိုးကိုကြည့်ပြီး စွပ်စွဲသင့်မှ စွပ်စွဲပါ။
(ဃ) မိမိတို့၏ သားသမီးများကို ရဟန်းသံဃာများနှင့် စိမ်းမနေပါစေနှင့်၊ကုလားနှင့်ညားမှ အမျိုးဖျက်၊ ဘာသာဖျက်၊ သာသနာဖျက် အစစ်ဖြစ်သည်ကို သတိပြုပါ။
ကုလား ယောက္ခမဘ၀မျိုး အဖြစ်မခံပါနှင့် လူပြန်တော် ယောက္ခမဘ၀ကို ဂုဏ်ယူပါ။
အမျိုး ဘာသာ သာသနာအတွက် သင့်မှာ တာဝန်ရှိပါသည်။
၁၃၆၈ ခု၊ တော်သလင်းလ္ဆန်း (၁၅) ရက်၊ 6.9.2006
မန္တလေး အိုးဘိုထောင်မှာ ရေးသားသည်။

ဦးပဉ္စင်း
ဝီရသူ(မစိုးရမ်)
Share: