ပါရမီပျိုးခင်း သွေးလှူအသင်း ၁၅ ကြိမ်မြောက် သွေးလှူဒါန်းပွဲ

နတ်တော်လဆန်း ၄ ရက် 3.12.2016 မြင်းခြံမြို့နယ် ဆုံရွာ ကွေ့ကြီးရွာမှာ ကျင်းပပါတယ်။
မြင်းခြံ မဘသ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဇာဂရနှင့် အမျိုးချစ် ဘာသာချစ်အသင်း ဦးဆောင်ဆရာတော် ဦးဂန္ဓမာလာ ဦးဆောင်ကျင်းပတာပါ။
မန္တလေး ဆေးရုံကြီးမှ သွေးလှူဘဏ် ဆရာဆရာမများလာရောက် သွေးဖောက်ကြပါတယ်။
ရွာသူရွာသား အမျိုးသား အမျိုးသမီးများ ၂၀၀ ကျော် စာရင်းပေးကြပြီး ၁၂၈ အိတ် သွေးအောင်ပါတယ်။
သံဃာတော်များနှင့် ဧည့်ပရိသတ်များအား ဦးသောင်း မိသားစုက ဆွမ်းအာဟာရ ဆက်ကပ်လှူဒါန်းပြီး စာရေးသူက သွေးလှူရှင်များအား ကြာဇံကြော် အအေးဘူး၊ ရေဘူး၊ အားဆေး၊ စာအုပ်၊ စီဒီများ လှူဒါန်းပါတယ်။
အာဖရိကငါးခူ အမှတ် ၃ စာအုပ်နှင့် မေးပါရစေဦး အာရ်အက်ဖ်အေစာအုပ် လှူဒါန်းတာပါ။
စာရေးသူရဲ့ ဝိုင်းတော်သားများဖြစ်တဲ့ ၉၆၉ မောင်မယ်များနှင့် ရွာသူရွာသား ကျောင်းသူကျောင်းသားလေးများက လုပ်အားဒါန ကုသိုလ်ယူကြပါတယ်။
မွန်းလွဲ ၃း၀၀ နာရီမှာ အနုမောဒနာတရား ဟောကြားပြီး ရေစက်ချ အမျှဝေကြပါတယ်။
သွေးလိုအပ်သော လူနာအားလုံး ရောဂါအမြန်ပျောက်ကင်း၍ ကျန်းမာပကတိ ချမ်းသာခြင်းအတိ ရှိကြပါစေသတည်း။ ။



Share: