သမိုင်းကပေးတဲ့သင်ခန်းစာ စာအုပ်အညွှန်း (၂၂)

ဒီစာအုပ်လေး လက်ဆောင်ရထားပါတယ်။ ရည်ရွယ်တာက တိုင်းရင်းသားတွေအတွက်ပါ။ ရေးသားသူက အနော်ရထာ ပါ။ ဆရာကြီးဦးအောင်သင်းနှင့် ဆရာကြီး ဒေါက်တာသန်းထွန်းတို့ အဆိုအမိန့်တွေကိုလည်း မျက်နှာဖုံးနှင့် ကျောဖုန်းမှာ ဖော်ညွှန်းထားပါတယ်။ တစ်ခြား စုစည်းထားသမျှ အမျိုးသားရေးရာ စာတိုပေစများလည်း ပါပါတယ်။ ကမ္ဘာ့ခေါင်းဆောင်တို့ရဲ့ အဆိုအမိန့်တွေလည်း ပါပါတယ်။ အခန်းဆက် နေ့စဉ် တင်ပြသွားပါမယ်။
ဝီရသူ (မစိုးရိမ်)
8.11.2016
---------------------------------------------------------------------
အခန်း(၆)
“အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်နိုင်ငံများကို မူဆလင်တို့ ဝါးမျိုခြင်း”
အာဖဂန်နှင့် ပါကစ္စတန်နိုင်ငံတွေဟာ ရှေးက ဗုဒ္ဓဘာသာ အင်မတန်ထွန်းကားခဲ့တဲ့ နိုင်ငံတွေဖြစ်ပါတယ်။ အာဖဂန်နိုင်ငံမှာ ပေ ၃၀၀ ခန့်မြင့်တဲ့ ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော်ကြီး ထွင်းထုပူဇော်ထားရာ မူဆလင်စစ်တပ်များက နောင်တွင် ဖျက်ဆီး၍ ဒူးဆစ်လောက်သာ ရိုက်ချိုးနိုင်ပါတယ်။ 
ဘာသာထဲမဝင်သူတွေကို မူဆလင်တွေက သတ်ဖြတ်တာတွေ ညှဉ်းဆဲတာတွေစသည် လုပ်ခဲ့တဲ့အတွက် တစ်နိုင်ငံလုံး မူဆလင်တွေ ဖြစ်ကုန်ပါတယ်။ 
ယနေ့ ပါကစ္စတန်နိုင်ငံဟာလည်း ရှေးကဗုဒ္ဓဘာသာအလွန်ထွန်းကားခဲ့တဲ့နိုင်ငံပါ။ အဲဒီနိုင်ငံထဲမှာရှိတဲ့ တက္ကဆီလာဆိုတဲ့အရပ်ဟာလည်း ဗုဒ္ဓကျမ်းစာတွေထဲမှာ အခါပေါင်းများစွာပါတဲ့ အဋ္ဌာရသ(၁၈)ရပ် ပညာဆည်းပူးရာ တက္ကသိုလ်ကျောင်းတော်ကြီးရှိခဲ့ရာ ဒေသပဲဖြစ်ပါတယ်။ မူဆလင်တွေဝါးမျိုးခဲ့လို့ ယခုအခါ ဗုဒ္ဓဘာသာဝင်တွေ လုံးဝချုပ်ငြိမ်းခဲ့ရပါပြီ။ 
ဒါကြောင့် ‘ဒိုအိမ်နားရောက်လာပြီ၊ ပေါ့ဆရင်တော့ ခံရမယ်’လို့ ဗုဒ္ဓဘာသာ ရွှေမြန်မာတွေကို သတိပေးပါရစေ။
(အိန္ဒိယနှင့် ပါကစ္စတန်နယ်စပ်၊ ရှေးအခေါ် ကသ္မီရ ဂန္ဓာရတိုင်း၊ ယခု ကက်ရှ်မီးယားဒေသ၊ ဟိမဝန္တာတောင်၏ အနောက်ဘက်စွန်း၊ ပဉ္စာလတိုင်း ယခု ပန်ဂျပ်ပြည်နယ်၏ အရှေ့မြောက်ဘက်အစွန်းနှင့် ဆက်စပ်တည်ရှိ။ ရှေးဟောင်းအမည် သိနီနဂရ ယခု Sri Nagar ဆရီနဂါမြို့ (သိရီ=ဆရီ၊ နဂရ=နဂါ) (တိပိဋကပါ+မြန်မာအဘိဓာန်)

“တရုတ်ပြည် အာရှအရှေ့ဖျားဒေသများနှင့် အစ္စလာမ်ဘာသာ”
ယခုအခါ ဆိုဗီယက်ပြည်ထောင်စုအတွင်း တရုတ်နည်စပ်အနီးရှိ ပါကစ္စတန်ပြည်နယ်သည် ရှေးအခါက ခိုတန်ပြည်ဟု တွင်ရှိပြီး တရုတ်ပြည်သို့ ဗုဒ္ဓဘာသာရောက်ရှိရန် အရေးပါသော နိုင်ငံဖြစ်ခဲ့ပါတယ်။ တရုတ်ပြည်ကို ရှေးဦးစွာ ဗုဒ္ဓသာသနာပြုသူမှာ ခိုတန်ပြည်သား အရှင်ကဿပမာတင်္ဂ ဖြစ်ပါတယ်။ ခိုတန်ပြည်ဘုရင် ဓမ္မနန္ဒသည် ဗုဒ္ဓသာသနာကို လွန်စွာသက်ဝင်ယုံကြည်၍ ထီးနန်းကိုစွန့်ကာ ရဟန်းပြု၍ အိန္ဒိယသို့ပင် ပညာသင်ကြွခဲ့ပါတယ်။ (အနောက်သို့ ခရီးသွားခြင်း၊ ဝူခုံး တရုတ်ဇာတ်လမ်းတွဲ)
အန္တရဘုရင်လက်ထက် ဂေါတမဝိဟာရ ကျောင်းတိုက်တစ်ခုတည်းမှာပင် စာသင်သားရဟန်း (၄)ထောင်ကျော်ရှိသည်ဟု တရုတ်ခရီးသည် ဖာဟီယန် မှတ်တမ်းတင်ခဲ့ပါတယ်။ ထိုကဲ့သို့ အပြစ်ကင်းစွာ ထွန်းလင်းတောက်ပနေသော ဗုဒ္ဓသာသနာရောင်ဝါဟာ ခရစ်နှစ် ၁၀၀၀ ခန့်တွင် တူရကီလူမျိုး ယူဆစ်ကဒရ်ခန် ဦးဆောင်သော မူဆလင်စစ်တပ်ကြီးက ခိုတန်ပြည်ကို တိုက်ခိုက်၍ အဓမ္မသာသနာပြုခဲ့ရာတွင် ဗုဒ္ဓသာသနာကွယ်ပ၍ ယခုအခါ စေတီပျက်တချို့နှင့် ရုပ်ပွားတော် အကျိုးအပျက်တို့ကို ခိုတန်သမိုင်းတွင် ရှေးဟောင်းအမွေအနှစ်အဖြစ် ကျန်ရစ်လျက် ရှိပါတော့တယ်။ 
တရုတ်ပြည်သို့ အစ္စလာမ်များ ကနဦးစွာ ဝင်ရောက်လာကြသော အရပ်ဒေသသည် ကျယ်ဝန်းသော်လည်း သဲကန္တာဆန်သော စင်းကန်ပြည်နယ်ဖြစ်ပါတယ်။ ၎င်းအပြင် ယူနန်ပြည်နယ်၌ တချို့ရှိပြီး တရုတ်ပန်းသေးဟု မြန်မာတို့က ခေါ်ကြပါတယ်။ 
တရုတ်ပြည်မှာ သန်းပေါင်း ၁၀၀၀ ခန့်က (ကုဋေ ၁၀၀ ခန့်) လူဦးရေရှိပြီး မဆလင်ဦးရေ သန်း (၂၀) ပတ်ဝန်းကျင်ခန့်သာ ရှိပါတယ်။ အဓိကအားဖြင့် အထက်ကပြဆိုခဲ့တဲ့ ပြည်နယ်နှစ်ခုမှာပဲရှိပြီး ၎င်းပြည်နယ်နှစ်ခုအနက် လူဦးရေ (၁၃)သန်းခန့်ရှိသော စင်းကျန်ပြည်နယ်တစ်ခုတည်း၌သာ မဆလင်ဘာသာ အများစုရှိပါတယ်။ 
သဲကန္တာရဆန်သော မွန်ဂိုလီးယားပြည်နယ် မဟာယာနဗုဒ္ဓဘာသာနိုင်ငံတွင်လည်း လူနည်းစုအဖြစ် အတော်အသင့် ရှိကြပါတယ်။ အရှေ့ဖျား တခြားနိုင်ငံများဖြစ်ကြတဲ့ ကိုရီးယား၊ ဂျပန်တို့၌မူ မရှိသလောက် အလွန်ပင်နည်းပါးပါတယ်။ 
ယနေ့ ဖိလစ်ပိုင်ကျွန်းစုခေါ်တဲ့ ဘရင်ဂျီ ခရစ်ယာန်အများဖြစ်ပြီ သန်း ၅၀ ခန့်ရှိတဲ့ နိုင်ငံဟာလည်း မူဆလင်များက ဟိန္ဒူများကို အဓမ္မသာသနာပြုပြီးနောက် ဥရောပနိုင်ငံများ တန်ခိုးထွက်လာချိန်တွင် စပိန်တို့က မူဆလင်များနည်းတူ နှစ်ပေါင်း ၁၅၀ ခန့် ယင်းကျွန်းစုများကို စိုးမိုးပြီး အဓမ္မသာသနာပြုခဲ့ကြရာ ဖိလစ်ပိုင်ကျွန်း မင်အာနိုကျွန်းကြီးပေါ်ရှိ မူဆလင်များ၏ ကြံ့ကြံ့ခံခဲ့ခြင်းကိုတော့ အောင်နိုင်ခြင်းမရှိခဲ့ပါ။ ယနေ့တိုင်ပင် ဖိလစ်ပိုင်နိုင်ငံမှ ခွဲထွက်ခွင့်ရရှိရေးအတွက် မော်ရိုသူပုန်များ ထကြွလျက် ရှိနေပါတယ်။ 
ဒုတိယကမ္ဘာစစ်ကြီးအပြီး ၁၉၅၀ - ၅၁ ခန့်မှာ တောင်/မြောက် ကိုရီးယား စစ်ဖြစ်ကြပါတယ်။ အဲဒီစစ်ပွဲ ပြီးဆုံးစေရန် တောင်/မြောက် ၁၇ မျဉ်းပြိုင်မှာ ကုလသမဂ္ဂကြီးမှူးပြီးတော့ ငြိမ်းချမ်းရေးတပ်တွေ ချထားပေးကြပါတယ်။ အဲဒီလို ကမ္ဘာ့နိုင်ငံစုံတပ်တွေချထားရာမှာ ဖို-မ သဘာဝအရ ရောက်လေရာဒေသမှာ အိုးချင်းထား အိုးချင်းထိ၊ ကြိုးချင်းထား ကြိုးချင်းငြိ၊ ညားကြ ပေါင်းဖော်ကြလို့ ကိုရီးယားမိခင်တွေနဲ့ နိုင်ငံပေါင်းစုံတပ်သားတွေ ပေါင်းဖော်ပြီး သားသမီးတွေ ရကြပါတယ်။ ကြာတော့ တပ်တွေလည်း နေရင်းနို်င်ငံပြန်ကြရပါတယ်။ သို့ပေမယ့် ကလေးတော်တော်များများနှင့် ကိုရီးယားသူ မိခင်တွေဟာ ကိုရီးယားမှာပဲ နေခဲ့ကြပြီး နောင် ၁၀-၁၅ နှစ်၊ အနှစ် ၂၀ ကြာတော့ တခြားမူရင်းပြည်သူတွေနဲ့ ရောနှောသွားကြပါတယ်။
ဒါပေမယ့် တူရကီမူဆလင်တပ်သားတွေနဲ့ ရတဲ့ ကလေး ၂၀၀ ကတော့ မူဆလင်ကလေးတွေအနေနဲ့ တစ်သီးတခြား ရပ်တည်ခဲ့ကြပါတယ်။ ထိုစဉ်အခါကနဲ့စာရင် ကိုရီးယားပြည်သူလူဦးရေဟာ ဗုဒ္ဓဘာသာမိန်းကလေးတွေနဲ့ ညားကြပြီး သာသနာပြုကြလို့ သားသမီးပေါက်ဖွားကြလို့ ကမ္ဘာ့မူဆလင်တွေရဲ့ ထောက်ပံ့မှုကြောင့် အဆွယ်ကောင်းလို့ စသဖြင့် အကြောင်းကြောင်းတွေကြောင့် ကိုရီးယားမှာ ယနေ့ မူဆလင် ၄၀၀၀ အထိ လူဦးရေတိုးတက်များပြားလာပြီး ရာခိုင်နှုန်းအဆ ၂၀ အထိ ခုန်ပျံတက်လာပါတယ်။ 
ဒါလည်း အလျဉ်းသင့်လို့ တင်ပြရပါရင် ရခိုင် မေဃဝတီဆရာတော် ဦးနာရဒက လွန်ခဲ့တဲ့ အနှစ် (၃၀)ခန့်က ဘယ်လိုမိန့်ကြားခဲ့သလဲဆိုတော့ စစ်မြေပြင်မှာ မြန်မာ-ဗုဒ္ဓဘာသာသားကောင်း (၅၀၀)ကျဆုံးခဲ့ပါလျှင် ဝမ်းနည်းဖို့ကောင်းပေမယ့် မြန်မာမိခင် (၅၀၀)က ထပ်ပြီး သားကောင်း (၅၀၀)ကို မွေးပေးနိုင်ပါသေးတယ် တဲ့။ ဒါပေမယ့် မြန်မာအမျိုသမီး (၅၀၀) လင်ယူမှားရင်တော့ နောင်လာလတ္တံသော အနာဂတ်ကာလမှာ တိုင်းပြည်အတွက် ကြာလေ နာလေနဲ့ ရောဂါဆိုးတစ်ခု စွဲကပ်သလို ခံစားရတော့တာပါပဲ လို့ ဖော်ပြထားပါတယ်။ အဲဒီစကားဟာ မှန်ကန်၍နေကြောင်း ဒီနေရာမှာ သာဓကပါပဲ။
အာရှအရှေ့ပိုင်းနိုင်ငံများဖြစ်ကြတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ မွန်ဂိုလီးယားနိုင်ငံတော်၊ တောင်/မြောက် ကိုရီးယားနိုင်ငံ၊ ဂျပန်နိုင်ငံ၊ လောနိုင်ငံ၊ ကမ္ဘောဒီယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံစတဲ့ နိုင်ငံတို့နှင့် ဖော်မိုဆာကျွန်း စတဲ့ နိုင်ငံများအားလုံးတို့မှာ မူဆလင်တွေဟာ ဒေသခံတိုင်းရင်းသား ပြည်သူတွေရဲ့ ငါးရာခိုင်နှုန်းမျှပင် မရှိပါဘူး။ 
ဤမျှနဲ့ပဲ အာရှအရှေ့ပိုင်းနိုင်ငံများနဲ့ အစ္စလာမ်ဘာသာအကြောင်းကို တင်ပြလိုက်ပါတယ်။ 
(ဆက်လက်ဖော်ပြပါမည်)
Share: