အချင်းချင်းလည်းသတ်၊ ဘာသာမတူသူတွေကိုလည်းသတ်၊ မြင်သမျှအကုန်သတ်၊ အင်း ----------- ဒီငြိမ်းချမ်းရေးသမားတွေသာ ကမ္ဘာကြီးကို လွှမ်းမိုးသွားရင် ကမ္ဘာကြီးတော့ ဒုက္ခပါပဲ။
ဝီရသူ-မစိုးရိမ်
25.12.2016
7:10 PM
“တမန်တော်မိုဟာမက်မွေးနေ့တွင် ပါကစ္စတန်အာမဒီဗလီကို ဆန္ဒပြသူများက အကြမ်းဖက်တိုက်ခိုက်”
===============================
25.12.2016
7:10 PM
“တမန်တော်မိုဟာမက်မွေးနေ့တွင် ပါကစ္စတန်အာမဒီဗလီကို ဆန္ဒပြသူများက အကြမ်းဖက်တိုက်ခိုက်”
===============================
လာဟိုး (ပါကစ္စတန်) ဒီဇင်ဘာ ၁၃
ထောင်ပေါင်းများစွာသော ဆန္ဒပြလူအုပ်ကြီးသည် ပါကစ္စတန်နိုင်ငံ၊ ပန်ဂျပ်ပြည်နယ်၊ အာမဒီလူနည်းစုရပ်ကွက်ရှိ ဘာမဒီဗလီအတွင်းသို့ တစ်ဟုန်ထိုးဝင်ရောက်ကာ ဗလီအတွင်း ၀တ်ပြုကိုးကွယ်နေသူများအား အကြမ်းဖက်တိုက်ခိုက်ခဲ့၍ ရဲများက နှိမ်နင်းလူစုခွဲခဲ့ရသည်ဟု ရဲနှင့်ဗလီကျောင်းတော် ပြောရေးဆိုခွင့်ရှိသူတို့က ဒီဇင်ဘာ ၁၃ ရက်က ထုတ်ဖော်ပြောဆိုလိုက်သည်။
အစ္စလာမ်ဘာသာ တမန်တော်မိုဟာမက်မွေးနေ့ပွဲတွင် လူဦးရေနှစ်ထောင်ခန့်ရှိသော ဆွန်နီမူလင်များသည် အာမဒီဗလီအတွင်း ၀င်ရောက်တိုက်ခိုက်ကာ ရဲများအား အုတ်ခဲ၊ ကျောက်ခဲများဖြင့် ပစ်ခတ်ခြင်း၊ လက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုခဲ့ကြသည်။
၁၉၇၄ ခုနှစ်တွင် အာမဒီဗလီအား မူဆလင်ဘာသာဝင်မဟုတ်သူများ ၀င်ရောက်ဝတ်မပြုရန် ဥပဒေထုတ်ပြန်တားမြစ်ခဲ့ပြီး ၁၉၈၄ ခုနှစ် ဥပဒေသစ်အရအာမဒီဗလီအတွင်းသို့ မူဆလင်ဘာသာဝင် ဟန်ဆောင်ဝင်ရောက်ခြင်း သို့မဟုတ် မူဆလင်ဘာသာရေးစည်းမျဉ်းများကို ချိုးဖောက်ပါက ထောင်ဒဏ်ကျခံရမည်ဟူ၍ ထုတ်ပြန်ခဲ့သည်။
“ရဲတွေဟာ အတတ်နိုင်ဆုံးလူအုပ်ကို ဟန့်တားခဲ့ပေမယ့် အင်အားများတဲ့လူအုပ်ကြီးကို အလျှော့ပေးခဲ့ရတယ်”ဟု ချိုရာစိုင်ဒင်ရှားနယ်မြေ ရဲအဖွဲ့တာဝန်ခံ မာလစ်န၀ပ်(စ်)က ရိုက်တာသတင်းဌာနသို့ ပြောကြားလိုက်သည်။ နောက်ထပ် ရဲအင်အားတိုးချထားပြီး လူအုပ်ကိုထိန်းသိမ်းနိုင်ခဲ့တယ်။
အာမဒီဗလီအား ၁၈၆၀ ခုနှစ်ကပင် ရပ်ရွာက ဆောက်လုပ်အသုံးပြုခဲ့သည်ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်သည်။
ပရော်ဖက်မိုဟာမက်မွေးနေ့တော်တွင် ဗလီတွင်းဝတ်ပြုသူများသည် ပရော်ဖက်အပေါ် မရိုမသေပြုလုပ်သည်ဟု ထင်မှတ်ကာ ဆန္ဒပြတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
မူဆလင်လူမျိုး ပထမဦးဆုံး ရူပဗေဒနိုဘယ်လ်ဆုရှင် အဗ္ဗဒပ်စ်ဆလင်း ကွယ်လွန်ခဲ့ရာတွင် ၄င်း၏ရုပ်အလောင်းအား ၇ပ်(ဘ်) ၀ါမြို့တွင် မြှုပ်နှံခဲ့ပြီး တက္ကသိုလ်ရိပ်သာတစ်ခုအား ၄င်းအမည်ဖြင့် ဂုဏ်ပြုမှည့်ခေါ်ခဲ့ရာတွင် ကမ္ဗည်းကျောက်ပြား၌ “မူဆလင်”ဟူသော ဝေါဟာရကို အာဏာပိုင်များက ဖြုတ်ပယ်ထား၍ လူအုပ်ကြီးမှ ဆန္ဒပြခဲ့ကြပြီး လွန်ခဲ့သော ရက်သတ္တပတ်မှစတင်ကာ အကြမ်းဖက်မှုများ ပေါ်ပေါက်လာခဲ့ရခြင်းဖြစ်သည်။
Ref : Reuters
