မစိုးရိမ်တိုက်ကြီး မဟာနာယကဆရာတော် မွေးနေ့ပွဲ

နတ်တော်လပြည့်ကျော်(၁၀)ရက်၊ 24.12.2016 စနေနေ့ မနက် ၈း၀၀ နာရီ မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်ကြီး မဟာနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇ မဟာရဋ္ဌဂုရု နိုင်ငံတော်သြ၀ါဒါစရိယ သဒ္ဓမ္မနယူပဒေသဆရာတော် ဘဒ္ဒန္တပဒုမာဘိဝံသ (၈၁)နှစ်ပြည့် မွေးနေ့ပွဲပါ။
မစိုးရိမ်တိုက်ကြီးနှစ်တိုက်မှ နာယကဆရာတော်များနှင့် ပင့်သံဃာများကြွရောက်တော်မူပါတယ်။ 
ဘဒ္ဒန္တပဒုမာဘိဝံသဆရာတော်ကြီးက သံဃာတော်များအား လိုက်လံနှုတ်ဆက်ပါတယ်။ ဆွမ်းကပ်ပြီးတဲ့အခါ ကံစမ်းမဲဖောက်ပါတယ်။ စာရေးသူက ခြံထည်နှင့် မျက်နှာသုတ်ပုဝါ မဲပေါက်ပါတယ်။ သက်တော်(၈၁)နှစ်ပြည့် မွေးနေ့ရှင် ဆရာတော်ကြီးနှင့်အတူ ပရိသတ်အားလုံး ကျန်းမာ ချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ။
Share: