နိုင်ငံတော်မှာ

နိုင်ငံတော်မှာ
စီးပွါးရေးတွေကကျ
ဈေးနှုံးတွေကကြီး
ဝင်ငွေတွေကလျော့ 
အလုပ်လက်မဲ့တွေကများ
ဒေါ်လာဈေးကတက်
စစ်ပွဲတွေကဖြစ်
ဒုက္ခသည်တွေကပေါ
ဒီလိုအချိန်မျိုးမှာ လက်ဖွဲ့တွေလက်ဆောင်တွေနဲ့
ပျော်ပွဲရွှင်ပွဲကျင်းပနိုင်တာဟာ
သာမန်ခံယူချက်မျိုးနဲ့
မရနိုင်ပေမယ့်
မုဒိတာပွါးပါရစေဦးဝင်းထိန်။
ဝီရသူ (မစိုးရိမ်)
27.12.2016
am 9:13


27-12-2016
နိုဗိုတယ်ဟော်တယ်က စိန်စီသောည
Sunday, December 25, 2016
====================================================
ဒီဇင်ဘာ ၂၄ ရက်နေ့ ညနေ ၅ နာရီခွဲ လောက်ကစပြီး ရန်ကုန်မြို့ ပြည်လမ်းပေါ်က နိုဗိုတယ် ဟော်တယ် ကြီးမှာ မြန်မာနိုင်ငံရဲ့ ထိပ်တန်းခေါင်းဆောင်တွေနဲ့ ထိပ်တန်းသူဌေးတွေ စုဝေးခဲ့ကြပါတယ်…… ဦးဝင်းထိန် သမီးအငယ်ဆုံး ချစ်စုဝင်းထိန်ရဲ့ ခမ်းနားကြီးကျယ်တဲ့ မင်္ဂလာဆောင်ကြီးမှာပါ…။ အစိုးရအဖွဲ့ကို ခေါင်းဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခဲ့သလို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းလည်း တက်ရောက်ခဲ့ပါတယ်။ လွှတ်တော်က ဥပဒေလေ့လာသုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ ကြီး ဦးရွှေမန်းနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။ ရန်ကုန်မြို့က ထိပ်တန်းသူဌေး တွေနဲ့ အနယ်နယ်အရပ်ရပ်က စီးပွားရေးလုပ်ငန်းရှင်တွေလည်း လာကြပါတယ်…။ ဒါပေမယ့် သမ္မတကြီး ဦးထင်ကျော် နဲ့ သမ္မတကတော် ဒေါ်စုစုလွင်တို့ တက်ရောက်တာ မတွေ့ရပါဘူး....။
ပုံမှန်ဆိုရင် First lady က မင်္ဂလာပွဲတွေ၊ လူမှုရေးဆိုင်ရာ သာရေးနာရေး အခမ်းအနားတွေကို တက်လေ့ရှိ ပါတယ်...။ အခုတော့ လုံးဝမတက်တာ ထူးဆန်းပါတယ်....။ ဦးထင်ကျော်က ပါတီမှာ ဘာမှအရေးမပါသူ တစ်ယောက်ဆိုပြီး ဦးဝင်းထိန်က တမင်တကာ မဖိတ်ခဲ့တာလား.... ဒါမှမဟုတ် မင်္ဂလာပန်းစည်း၊ မင်္ဂလာ လက်စွပ် ဝတ်ဆင်ပေးရတဲ့ ဂုဏ်သရေရှိမင်္ဂလာဇနီးမောင်နှံအဖြစ် သမ္မတကြီးနဲ့ First Lady ကို မရွေးချယ် တာသိလို့ သမ္မတကြီးတို့နှစ်ယောက်လုံး တမင်တကာ မတက်ဘဲ နေခဲ့တာလားဆိုတာ ဒွိဟဖြစ်စရာပါ....။ အလားတူ လွှတ်တော်ဥက္ကဋ္ဌအချို့၊ ဝန်ကြီးချုပ်အချို့နဲ့ ပါတီ CEC အချို့လည်း တက်ရောက်တာ မတွေ့ရ ပါဘူး….။ မင်္ဂလာဇနီးမောင်နှံအဖြစ် သတ်မှတ်ခြင်းမခံရတာကြောင့်လား….၊ ထိပ်ဆုံးက VIP ဝိုင်းတွေမှာ ထိုင်ခွင့်မပေးတာကြောင့်လား မသိရပါဘူး….။ ဘာပဲဖြစ်ဖြစ် ဒီလိုပွဲမျိုးကို လုံးဝမတက်ခြင်းက ကြီးမားတဲ့ ခံစားချက်ကိုယ်စီတော့ ရှိကြပါလိမ့်မယ်….။
အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးပိုင်းက လူကြီးတစ်ချို့ မတက်ကြပေမယ့် စီးပွားရေးလုပ်ငန်းရှင်တွေကတော့ ပျက်ကွက်တဲ့လူ မရှိသလောက်ပါပဲ…..။ လက်ရှိဦးဝင်းထိန်ဟာ မြန်မာ့နိုင်ငံရေး၊ စီးပွားရေးလောကမှာ ဘယ်လောက်အရေးပါလဲဆိုတာ အားလုံး အမြင်ပါ….။ အုပ်ချုပ်ရေးဆိုရင် ပြည်ထောင်စုဝန်ကြီးအဆင့်၊ ဒုဝန်ကြီးအဆင့်တွေကိုတောင် ခန့်ချင်သူခန့် ဖြုတ်ချင်သူဖြုတ် လုပ်နိုင်သူပါ….။ ပါတီတွင်းမှာလည်း အလားတူပါပဲ ဗဟိုကော်မတီဝင် CEC တွေကိုတောင် နှုတ်မိန့်နဲ့ဖြုတ်နိုင်၊ ကြိုက်တဲ့သူခန့်နိုင်ပါတယ်….။ လွှတ်တော်အမတ် အားလုံးကလည်း သူ့လက်အောက်မှာပါပဲ….။ ဒီလို အဘက်ဘက်က အရေးပါတဲ့လူကို စီးပွားရေးလုပ်ငန်းရှင်တွေက မျက်စိဒေါက်ထောက်ကြည့်ပြီး ဝင်ထွက်ပေးကမ်းကြတာ အားလုံးအသိပါ…။ မင်္ဂလာပွဲကိုတောင် နအဖလက်ထက်က နာမည်ကြီးခရိုနီ
ဦးဇော်ဇော်က အားလုံးလုပ်ပေးထားတာပါ…။
ဒါ့အပြင် ယူဂျင်းဟွာနဲ့ ချစ်စုဝင်းထိန်တို့က မင်္ဂလာဆောင်ကို မနက်ပိုင်းမလုပ်ဘဲ ညနေပိုင်းမှာ လုပ်ခဲ့တာ ကြောင့် ပိုပြီးဝင်ထွက်လို့ ကောင်းသွားစေပါတယ်….။ မင်္ဂလာဆောင်မှာ မျက်နှာမပြချင်တဲ့ ခရိုနီတွေက ဒင်နာမှာ ဆက်ပြီး နှုတ်ဆက်ပေးကမ်းကြတာပေါ့…။ သတို့သားက နိုင်ငံခြားသားဆိုတော့ သတို့သား အမျိုးတွေ နေရာပေးစရာမရှိတဲ့အတွက် စီးပွားရေးသမားတွေအတွက် နေရာပိုရသွားတာပေါ့….။ လက်ဖွဲ့ တွေကတော့ မနည်းမနောပါပဲ….။ တိုက်ခန်းသော့တွေ၊ ကားသော့တွေ၊ လက်ဝတ်ရတနာ အတွဲလိုက် အစုံလိုက်တွေပါ….။ ဖုန်းထဲက ဗွီဒီယိုတွေသာ ပေါင်းလိုက်ရင် နအဖ စိန်စီသောညထက် အများကြီး ပိုသာ ပါလိမ့်တယ်…။
ခြိမ့်ခြိမ့်သဲ ခမ်းနားကြီးကျယ်ဆုံး မင်္ဂလာပွဲမှာ ကသိကအောက် ဖြစ်စေခဲ့တာတစ်ခုတော့ရှိပါတယ်…..။ မြန်မာ့ရိုးရာအတိုင်း အခါတော်ပေး သီချင်းဆိုတော့ သတို့သားရဲ့ တရုတ်နာမည်ကို မြန်မာသံစဉ်နဲ့ သီချင်း ထည့်ဆိုရတာပါပဲ….…။ ကြားရသူတွေကို ဟာသဖြစ်သွားပါတယ်….။ အခုမင်္ဂလာဆောင်တဲ့ ဦးဝင်းထိန်ရဲ့ သမက်အငယ်က မစ္စတာယူကျင်းဟွာဆိုတာ သြစတြေးလျနိုင်ငံသားပါ….။ သမီးအကြီး ဝင်းစုကြည်ရဲ့ ယောင်္ကျားကလည်း နိုင်ငံခြားသားပါပဲ….။ ကလေးနှစ်ယောက်တောင် ရနေပါပြီ။ နိုင်ငံမှာ အရေးပါတဲ့ အထင်ကရပုဂ္ဂိုလ်တစ်ယောက်ရဲ့ သမီးတွေက နိုင်ငံခြားသားတွေ တစ်ယောက်ပြီးတစ်ယောက် ယူနေတာ ကတော့ ဝမ်းနည်းဖို့ကောင်းပါတယ်…။
Share: