မောင်အောင်မိုးဟိန်း (၂)နှစ်ပြည့် မွေးနေ့အလှူ


နတ်တော်လ္ဆုတ်(၁၂)ရက်၊ 26.12.2016 မနက် ၆း၀၀ နာရီ မန္တလေး မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်းမှာ ကျင်းပပါတယ်။
ကိုမိုးအောင်+မစုစုဇော်တို့ရဲ့ သားလေး အောင်မိုးဟိန်း (၂)နှစ်ပြည့် မွေးနေ့ပွဲပါ။ သံဃာတော်များအား အရုဏ်ဆွမ်းအဖြစ် မုန့်ဟင်းငါးဆက်ကပ်ပါတယ်။ ဓမ္မ၀ိမုတ္တိရသကျောင်း နာယကဆရာတော် ဘဒ္ဒန္တသူရိယာဘိဝံသနှင့် ဓမ္မပါရဂူကျောင်း နာယကဆရာတော် ဘဒ္ဒန္တဇနကာဘိဝံသနှင့် ကြွရောက်ပါတယ်။ 
သံဃာတော်များက မေတ္တသုတ် ရွတ်ဖတ်ပူဇော်ပြီး မေတ္တာပို့ကြပါတယ်။ ကိုမိုးအောင်ဆိုတာ စာရေးသူတည်ထောင်ထားတဲ့ လောကအလင်းကျောင်းအုပ်ဆရာလေးပါ။ လောကအလင်း ပညာဒါနစာသင်ကျောင်းမှာ ကျောင်းအုပ်ဆရာတော်ရယ်၊ ကျောင်းအုပ်ဆရာကြီးရယ်၊ ကျောင်းအုပ်ဆရာလေးရယ် အကြီးအကဲသုံးဦးရှိပါတယ်။ ကိုမိုးအောင်က ကျောင်းအုပ်ဆရာလေးပါ။ အလှူရှင်မိသားစုနှင့် အတူ ပရိသတ်အပေါင်း ကျန်းမာ ချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ။



Share: