ဆွတ်ဇာလန်နိုင်ငံ ဇူးရစ်မြို့တွင် အနက်ရောင်ဝတ်စုံ ၀တ်ဆင်ထားသော သေနတ်သမားတစ်ဦးက မွတ်စလင်ဝတ်ပြုခန်းဆောင်တစ်ခုကို ၀င်ရောက်ပစ်ခတ်ခဲ့ရာ လူသုံးဦးဒဏ်ရာရှိကြောင်း ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။ ဆိုမာလီရွေ့ပြောင်း အခြေအနေများလာရောက်စုဝေးလေ့ရှိသည့် အစ္စလာမစ်စင်တာသို့ ဒေသစံတော်ချိန် ညနေ ၅း၃၀ နာရီခွဲတွင် အမည်မသိသူတစ်ဦးဝင်ရောက်လာခဲ့ပြီး စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဇူးရစ်ရဲတပ်ဖွဲ့က ကြေငြာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ယင်းအစ္စလာမ္မစ်စင်တာကို ဆိုမာလီယာတို့က ဗလီတစ်ခုအဖြစ် အသုံးပြုနေကြကြောင်း အခင်းဖြစ်ပွားသည့်နေရာမှ လူများကပြောကြားခဲ့ကြသည်။ ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်များကို ဆွဲဆောင်သည့် ယင်းစင်တာ၌ ပုံမှန်လာရောက်ဝတ်ပြုသူ အဘူကာအက်ရှီရိုးက ယခုပြဿနာမျိုးတစ်ခါမှ မကြုံဖူးခဲ့ကြောင်း ပြောကြားခဲ့သည်။
ထို့နောက်သေနတ်သမားသည် ဘူတာကြီးသို့ ဦးတည်ထွက်ပြေးသွားခဲ့ကြောင်း ယင်းကြေညာချက်ကဆိုသည်။
ပစ်ခတ်မှုဖြစ်ပွားသည့်နေရာမှ မီတာဂိုက်ရာဂဏန်းခန့်ဝေသည့် နေရာတွင် အလောင်းတစ်လောင်းကိုတွေ့ခဲ့ကြောင်း အေအက်ဖ်ပီ ဓာတ်ပုံဆရာက ပြောကြားခဲ့သည်။
ဆေးမြစ်ပေါ်ရှိ ဂက်ဆနာတံတားအနီးတွင် တွေ့ရသော အလောင်းနှင့် ယင်းပစ်ခတ်မှုတို့ ဆက်နွယ်မှုရှိမရှိကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း ပြောခွင့်ရပုဂ္ဂိုလ် မာကိုဘီဆာကပြောကြားခဲ့သည်။ အသက် ၃၀ ခန့်အရွယ် အမျိုးသားသည် အမည်းရောက်ဝတ်စုံကို ၀တ်ဆင်ထားပြီး အမည်းရောင်ပိုးသား ကတ်ဦးထုတ်ကို ဆောင်းထားခဲ့ကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့သည်။
ဆွတ်စ်ရဲတပ်ဖွဲ့က သေနတ်သမား၏အလောင်းကို တွေ့ထားကြောင်း ဒီဇင်ဘာ ၂၀ ရက်တွင် ပြောကြားခဲ့ပြီး တိုက်ခိုက်မှုသည် IS တို့နှင့်ဆက်နွယ်မှုမရှိဟု ယုံကြည်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ပစ်ခတ်မှုဖြစ်ပွားချိန်တွင် လူတစ်ဒါဇင်ခန့်က ၀တ်ပြုခန်းမဆောင်တွင်းရှိနေကြောင်း ၀တ်ပြုသူအများစုသည် မြောက်အာဖရိက၊ ဆိုမာလီယာ၊ အီရစ်ထရီယားတို့မှ ဖြစ်ကြောင်း ဆွတ်ဇာလန်သတင်းအေဂျင်စီ အေတီအက်ဖ်ကဖော်ပြခဲ့သည်။
ဇူးရစ်အနီးရှိ ဇလီတစ်ခုနှင့် ဂျီနီဗာရှိ အဓိကဗလီတစ်ခုအပါအ၀င် ဆွတ်ဇာလန်ရှိ ဗလီများသည် ၀တ်ပြုသူများအား အစွန်းရောက်မှု သွတ်သွင်းခြင်းကို အားပေးနေကြောင်း မကြာသေးခင်လများက စွပ်စွဲမှုများ ထွက်ပေါ်ခဲ့သည်။ လူဦးရေရှစ်သန်းခန့်ရှိသော ဆွတ်ဇာလန်တွင် မွတ်စလင် ၄၅၀၀၀၀ ခန့်ရှိသည်ဟုဆိုသည်။ယူဂိုဆလားဗီးယား ပြည်ထောင်စုမှ ရွေ့ပြောင်းအခြေနေများ ရောက်လာခဲ့ပြီးနောက် ဆွတ်ဇာလန် မွတ်စလင်ဦးရေသည် လူဦးရေ၏ငါးရာခိုင်နှုန်းထိ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
၂၀၁၃ ခုနှစ်က အကြမ်းဖက်တိုက်ခိုက်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီးနောက် ထိတ်လန့်ခဲ့ရသော ဆွတ်ဇာလန်တွင် သေနတ်သမားများ၏တိုက်ခိုက်မှု ဖြစ်တောင့်ဖြစ်ခဲဖြစ်သည်။ ဆွတ်ဇာလန်သည် စစ်မှုမထမ်းမနေရပြဋ္ဌာန်းထားပြီးနောက် ၄င်းတို့၏ ရိုင်ဖယ်များကို ဆက်လက်ကိုင်စွဲခွင့်ပေးသည့် အစဉ်အလာကိုကျင့်သုံးသည်မှာ ကြာပြီဖြစ်သည်။
Ref: AFP
Eleven 21.12.2016
Eleven 21.12.2016
