နတ်တော်လ္ဆုတ်(၁၁)ရက်၊ 25.12.2016 မနက် ၈း၀၀ နာရီ မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်၊ ရေတံခွန်တော်ခြေ သစ္စဝေဒဂူ မိုးကုတ်ဝိပဿနာရိပ်သာမှာ ကျင်းပပါတယ်။
ဆရာတော်သံဃာတော်များ၊ ကျောင်းသူကျောင်းသားများအား မနက်အရုဏ်ဆွမ်းအဖြစ် ဆွမ်းအာဟာရ ဆက်ကပ်လှူဒါန်းပါတယ်။
မနက် ၈း၀၀ နာရီမှာ သိမ်ဝင်ပါတယ်။ စာရေးသူက ဥပဇ္ဈာယ်ဆရာအဖြစ်လည်းကောင်း၊ ဦးပညာသာမိ၊ ဦးတိလောက အမှူးပြုသော သစ္စဝေဒဂူဆရာတော်များက အနုသာသကဆရာ၊ ကမ္မ၀ါစာဆရာ၊ ကာရကသံဃာအဖြစ်လည်းကောင်း ချီးမြှောက်ကြပါတယ်။
တပည့် မောင်ဝင်းခန့်က ဒုလ္လဘရဟန်းခံပြီး ၄င်း၏သားက ရှင်သာမဏေ၀တ်တဲ့ပွဲပါ။ သာသနာ့ဘောင်မှာနေထိုင်ရင်း တရားဘာဝနာစီးဖြန်းရင်း မိသားစုလိုက် တရားစခန်းဝင်ကြမှာပါ။ ၀င်းခန့်၏ဇနီးနှင့် ယောက္ခမဖြစ်သူ အမေကြီးတစ်ဦးလည်း ရှင်ပြုရဟန်းခံပွဲမှာ ပျော်ရွှင်ဝမ်းမြောက်စွာ ပါဝင်ဆင်နွှဲကြပါတယ်။


