
စာရေးသူ မော်စကိုမှာနေရစဉ်က နိုင်ငံရေးသမားတွေနဲ့ တွေ့ခဲ့ရပါတယ်။ တော်တော်များများက ဘာသာမဲ့တွေပါ။ သံဃာကို စည်းရုံးရေးအတွက်သာ ဆည်းကပ်တတ်ပြီး နိုင်ငံရေးအသုံးချဖို့လောက်ပဲ စိတ်ကူးကြတာပါ။ မြန်မာပြည်မှာ စစ်သားငါးသိန်းနဲ့ သံဃာငါးသိန်းကို ပြည်သူတွေက အလကားကျွေးထားရတယ်ဆိုတာ နိုင်ငံရေးသမားတွေ ပြောတဲ့စကားပါ။
စာရေးသူကိုလည်း နိုင်ငံရေးစိတ်ဝင်စားမှန်းသိလို့ နိုင်ငံရေးလုပ်ပုံလုပ်နည်းတွေကို သင်ပြပေးကြပါတယ်။ နိုင်ငံရေးလုပ်ရင် ကောက်ကျစ်ရတယ် ဆိုတဲ့ သီအိုရီကို အမြဲတမ်းပို့ချကြပါတယ်။ တကယ်လည်း သူတို့တတွေဟာ ကောက်ကျစ်ကြပါတယ်။ အစိုးရအပေါ် ကောက်ကျစ်ရုံတင်မကဘဲ ပြည်သူနဲ့ သံဃာအပေါ်တောင် ကောက်ကျစ်ရဲကြပါတယ်။ သူတို့အတ္တထိပါးလာရင် (ဝါ) သူတို့ကို ပြန်ဝေဖန်ရင် ဘုန်းကြီးဖြစ်စေ လူဖြစ်စေ ဘယ်သူ့ကိုမှ မညှာတာတတ်ပါဘူး။
နိုင်ငံရေးသမားကြီးတစ်ယောက်က ထောင်ကျပြီး နှစ်နှစ်အကျော်မှာ သွားရောဂါကြောင့် ဆရာဝန်ကနှုတ်ပေးတဲ့သွားကို သိမ်းထားပြီး ICRC ဝင်တဲ့အခါ ၎င်းသွားကို ထုတ်ပြပြီး ထောက်လှမ်းရေးရိုက်လို့ သွားပြုတ်ထွက်သွားတယ်လို့ တိုင်ကြားပါတယ်။ ICRC က အဟုတ်ထင်မှတ်ပြီး စုပ်တသပ်သပ်ဖြစ်ကာ အချက်အလက်များ မှတ်ယူသွားပါတယ်။ အဲဒါကို နိုင်ငံရေးဆိုပြီး ဂုဏ်ယူနေပါတယ်။ အဲဒီလူတွေပဲ သတင်းစာဖတ်ပြီး ဘုရားတည်လည်း ဆဲ၊ ထီးတင်လည်း ဆဲ၊ အလှူပေးလည်း ဆဲ၊ ကုသိုလ်ရေးမှန်သမျှ ထိုင်ဆဲနေကြပါတယ်။
စာရေးသူဟာ နိုင်ငံရေးလုပ်ရမှာကိုမကြောက်ဘဲ ကောက်ကျစ်ရမှာကို ကြောက်နေပါတော့တယ်။ ဒါကြောင့် နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ ကိုယ်ပေါင်းစိတ်ခွာ စိတ်ပေါင်းကိုယ်ခွာသဘောမျိုးနဲ့ ခပ်တင်းတင်းပဲ နေလိုက်ပါတော့တယ်။ ၂၀၁၂ ခု ကျောင်းတော်သို့ပြန်ရောက်လာတဲ့အခါ ထောင်ထဲကနိုင်ငံရေးသမားနဲ့ မြို့ထဲကနိုင်ငံရေးသမား မတူဘူးထင်မှတ်ပြီး နိုင်ငံရေးဆက်လုပ်ပါတယ်။
တောင်ကုတ်အရေးအခင်းအထိ သည်းခံနေနိုင်ခဲ့ပြီး မောင်တောအရေးအခင်းရောက်တော့ လုံးဝကို လမ်းခွဲလိုက်ပါတယ်။ ထောင်ထဲကနိုင်ငံရေးသမားတွေနဲ့ မြို့ထဲကနိုင်ငံရေးသမားတွေ ဘာမှမထူးဘူးဆိုတာ သိသွားလို့ပါပဲ။ သူတို့ကိုလည်း ပြန်လည်ဝေဖန်ရော ထုံးစံအတိုင်း အာကြတော့တာပါပဲ။ အကြမ်းဖက်သမားလို့ စွပ်စွဲသူက စွပ်စွဲ၊ သတင်းတုတွေ ဖန်တီးသူက ဖန်တီး၊ ရန်ဟီးလီကို မေတ္တာပို့တာကိုပဲ သူတို့အမေကို မေတ္တာပို့တယ်ဆိုပြီး ဝါဒဖြန့်သူက ဖြန့်နဲ့ ဝိုင်းတိုက်ခိုက်ကြပါတော့တယ်။
တိုင်းမ်မဂ္ဂဇင်းကိုလည်း သူတို့ပဲ ရေးခိုင်းတာပါ။ ကုလသမဂ္ဂလည်း သူတို့ပဲတိုင်ကြတာပါ။ အဲဒီနောက်ပိုင်းမှာ သံဃာတွေရဲ့အခန်းကဏ္ဍကို လျှော့ချလာတာ တွေ့ရပါတယ်။ ဘာသာရေးနှင့် နိုင်ငံရေး မရောထွေးရဘူးဆိုပြီး သံဃာအခန်းကဏ္ဍကို ပစ်ပယ်သူက ပစ်ပယ်၊ တန်းတူအခွင့်အရေးဆိုပြီး အိမ်ရှင်အခွင့်အရေးကို လျှော့ချသူက လျှော့ချနဲ့ ဘာသာ သာသနာကို ချောင်ထိုးဖို့ လုပ်လာတာလည်း တွေ့နေရပါတယ်။
အခုလည်း ကွဲလွဲမှုကို မလေးစားဘဲ သူများဆွမ်းကပ်တာတောင် ဝေဖန်သူက ဝေဖန်၊ မဘသကို ဖြိုချင်တဲ့သူက ဖြိုဖို့လုပ်နဲ့ အနီတို့ရဲ့ဒီမိုကရေစီဟာ အန္တရာယ်အဆင့်ကို ရောက်ရှိလာပါပြီ။ ထိုင်းနိုင်ငံမှာ လွှတ်တော်၊ အစိုးရ၊ စစ်တပ်၊ နန်းတွင်း အရေးပါတဲ့လေးဌာနကို သူတို့တတွေ စီးမိသွားတော့ ဓမ္မကာယကျောင်းတော်ကို ဖြို ပြီပေါ့။ သံဃာတွေကို နှိပ်ကွပ်ပြီပေါ့။
ဒီမိုကရေစီ ဒီမိုကရေစီဆိုပြီး သာသနာရေးကို အလေးမထားဘဲ နိုင်ငံရေးကို အလေးထားခဲ့လို့ ထောင်ချောက်မိသွားတဲ့ နိုင်ငံရေးသမားတွေကြောင့် ထိုင်းနိုင်ငံဟာ မကြာမတင်မှာပဲ သာသနာကွယ်ပါတော့မယ်။ သတိထားကြပါ ရွှေမြန်မာတို့…။
ဝီရသူ (မစိုးရိမ်)
27.12.2016
PM-6:57
27.12.2016
PM-6:57