
တန်ဆောင်မုန်းလဆုတ် ၁၅ ရက် 29.11.2016 ညနေ ၄း၀၀ နာရီ မန်း မဘသ ဝိုင်းတော်သားအားလုံး ဗြဟ္မစိုရ်ဆရာတော်ကြီးအား ဖူးမြော်ပူဇော်ကြပါတယ်။
မန်း မဟော်သဓာကျောင်းတော်ကြီးအတွက် အသေးစိတ်လျှောက်ထားကြပါတယ်။ ဆရာတော်ကြီးက ဝမ်းသာအားရလက်ခံအားပေးပြီး ကော်မတီဖွဲ့ကာ စနစ်တကျဆောင်ရွက်ဖို့ မိန့်တော်မူပါတယ်။
နောက်တစ်နေ့ 30.11.2016 နေ့မှာ ဆရာတော်ကြီးက မန်းမဟော်သဓာကျောင်းတော်ကြီးအတွက် သိန်း (၅၀)ကျပ် လှူဒါန်းကာ ကျောင်းမြေနေရာကို ကိုယ်တိုင်သွားကြည့်တော်မူပါတယ်။ ဆရာတော်ကြီးသည် မန်း မဘသ အဖွဲ့ ဥက္ကဋ္ဌဆရာတော်ကြီးဖြစ်ပြီး ဗြဟ္မစိုရ်အသင်းကို ပထမဦးဆုံး တည်ထောင်တော်မူသော ဗြဟ္မစိုရ်အသင်း၏ မိခင်းကြီးလည်းဖြစ်ပါတယ်။
Photos > ကို သား ကြီး

