မြိတ်မဘသ တတိယအကြိမ်နှစ်ပတ်လည်း အခမ်းအနား

နတ်တော်လဆန်း ၂ ရက် 1.12.2016 မနက် ၉း၀၀ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ အင်းလေးမြိုင်ရပ်ကွက် အောင်မင်္ဂလာပရိယတ္တိစာသင်တိုက်မှာ ကျင်းပပါတယ်။
မြိတ်မဘသ သုံးနှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားဖြစ်ပြီး မြိတ်ခရိုင်အတွင်းရှိ ဆရာတော်သံဃာတော်များနှင့် မျိုးချစ်ပြည်သူများ တက်ရောက်ကြပါတယ်။
နိုင်ငံတော်သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ လှည်းဘီးဆရာတော်ကြီး ဘဒ္ဒန္တလာသန သာရဏီယကထာ မိန့်ကြားတော်မူပြီး မြိတ်ခရိုင်အတွင်းရှိ မဘသဥက္ကဋ္ဌဆရာတော်များနှင့် ထားဝယ် မဘသ အတွင်းရေးမှူးဆရာတော်များက အမျိုး ဘာသာ သာသနာအရေး ဆောင်ရွက်ချက်များကို မိန့်ကြားကြပါတယ်။
မော်တောင်ဆရာတော်ကြီး ဘဒ္ဒန္တနာရဒ က နိဂုံးချုပ်သြဝါဒကထာ မိန့်ကြားပြီး အခမ်းအနား မနက်ပိုင်းအစီစဉ်အဖြစ် သြဝါဒခံယူပွဲကို အဆုံးသတ်ပြီး နေ့ဆွမ်းဆက်ကပ်ကြပါတယ်။ အကြိုည တရားပွဲအဖြစ် ဒေါက်တာသောပါကဟောကြားပြီး အောင်ပွဲအထိမ်းအမှတ်အဖြစ် စာရေးသူက 1.12.2016 ညမှာဟောကြားရမှာပါ။ မနက်ပိုင်းသြဝါဒခံယူပွဲကို စာရေးသူနှင့်ဒေါက်တာသောပါက နှစ်ပါးလုံး တက်ရောက်သြပါတယ်။



Share: