စုခေတ်နဲ့ နုခေတ် (၂)


သူတို့မယ်တော်ကြီးကို ချစ်လွန်းတော့ နည်းနည်းလေးကို အဝေဖန်မခံနိုင်ကြဘူး။
ဝေဖန်တဲ့ အကောင့်တွေဆို တိုင်ကြထုကြတာတွေလုပ်ကြရုံတင် မကတော့ဘဲ တရားဝင်ထုတ်ဝေထားတဲ့ ဆောင်းပါးတွေ စုစည်းထားတဲ့ စာအုပ်ဖြန့်သူကိုတောင် ထောင်ချလာပြီဆိုတော့ နောင်ဆို စုဘူး စုငွေ စုဆောင်း စကားတွေကိုတောင် ပြောခွင့်မရတော့ဘဲ သုဘူ သုငွေ သုဆောင်း
ပြောင်းပြောရမည့် အခြေနေရှိနေပြီ။ တရားသူကြီး အမိန့်ချရဲတာကိုလည်း အံ့သြမိတယ်။ သတိဝီရိယနဲ့နေကြပါအမျိုးတို့။


ဝီရသူ( မစိုးရိမ် )
9.1.2017
pm 3;47

စာအုပ်ကလေးဝေမိတာနဲ့ NLD အစိုးရလက်ထက်မှာထောင်(၃)လတဲ့ဗျာ။


တိုင်းဧရာသမိုင်းအစဉ်အလာကောင်းစေဖို့ဆိုတဲ့စာအုပ်ကလေးဝေမိလို့ ထောင်(၃)ကျခံလိုက်ရသူကတော့ဦးခင်မောင်ချို ဝက်ကုန်းကျေးရွာ လေးမျက်နှာမြို့နယ် ဧရာဝတီတိုင်းဒေသကြီးကပဲဖြစ်ပါတယ်။

စွပ်စွဲခံရသည့်ပုဒ်မကတော့ ၅၀၀ အသရေဖျက်မှုပါ စွပ်စွဲသည့်တရားလိုများကတော့ NLDပါတီဝင် ဝက်ကုန်းရွာမှ ကိုနိုင်၊ ကိုမြင့်ဦး၊ ကိုအောင်ချမ်းစိန်နှင့် ဒေါ်မြင်မြင့်မော်တို့က မကျေနပ်ကြလို့ ပုဒ်မ ၅၀၀နဲ့ တရားဆွဲခဲ့ခြင်းဖြစ်ပါတယ်။

အရေးယူအပြစ်ပေးလိုက်သူကတော့ NLD အစိုးရပဲဖြစ်ပါတယ် ဒီမိုကရေစီပါလို့ တစာစာဟစ်ကြွေး နေတဲ့ NLD အစိုးရ စာအုပ်ကို ကိုယ်တိုင်ရေးသားသူမဟုတ်တဲ့ ဦးခင်မောင်ချိုအပေါ်မှာ အခုလိုအပြစ်ပေးအရေးယူလိုက်တာဟာ ပွင့်လင်းမြင်သာမှုရှိရမည် ဒီမိုကရေစီရဲ့လွတ်လပ်စွာဆိုတဲ့ ဆောင်ပုဒ်တွေနဲ့မှ ကိုက်ညီရဲ့လားလို့မေးခွန်းထုတ်ရပါမည်။

တရားဥပဒေဟာ ကျောသားရင်သား မခွဲခြားရဘူးဆိုရင် မွတ်ဆလင်ကုလားတစ်ယောက်ဖြစ်တဲ့ ဒေါက်တာမြင့်သိန်းငြိမ်းချမ်းလုလင်ဆိုသူရဲ့(ပြည်ထောင်စုသားမွတ်ဆလင်များ) ဆိုသည့် သမိုင်းလိမ် သမိုင်းထိန်ချန်ရေးထားတဲ့စာအုပ်နဲ့ပတ်သက်ပြီးတော့ ဘယ်လိုမျိုးအရေးယူဆောင်ရွက် ထားပြီးပြီဆိုတာကိုလည်း မေးခွန်းထုတ်ပါရစေ။ ပြည်သူကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ အစိုးရပဲ ကောင်းရင်လည်းစံ မကောင်းရင်လည်းခံလိုက်အုံးပေါ့ပြည်သူတွေရေ (၅)နှစ်မပြည့်မချင်း။

ဦးခင်မောင်ချို 
ဖမ်းဆီးချုပ်နှောင်ခံရခြင်းဘေးမှ 
အမြန်ဆုံးကင်းဝေးပါစေဗျာ။ ။

၉.၁.၂၀၁၇ အရှင်သုစိတ္တ(မျိုးချစ်သမဂ္ဂ)
အမျိုးသားရေး စာအုပ်ဖြန့်ဝေသူကို ထောင်ဒဏ် ၃လချမှတ်လိုက်ဟုဆို
■■■■■■■■■■■■■■■■■■■■■
အမျိုးသားရေးဆောင်းပါးများ စုစည်းထားသည့် စာအုပ်ဖြန့်ဝေသူ ဦးခင်မောက်ချိုအား NLD ပါတီဝင်များက အသရေဖျက်မှု ပုဒ်မဖြင့် အမှုဖွင့်ခဲ့သည်ကို ၂၀၁၇ခုနှစ် ဇန်နဝါရီ ၅ရက်နေ့မှာ လေးမျက်နှာ မြို့နယ်တရားရုံး ထောင်၃ လ ချလိုက်ပြီး ဟင်္သတထောင်ကို ပို့လိုက်ကြောင်း သိရသည်။

"တိုင်းဧရာ သမိုင်းအစဉ်အလာ ကောင်းစေဖို့ " ဟူသော စာအုပ်ကို 
ဝက်ကုန်းရွာ သရက်တောကျောင်းတိုက် ဆရာတော်ဦးပဏ္ဍိက ဦးခင်မောင်ချိုအား ဖြန့်ဝေပေးဖို့ ပေးလိုက်သည်ကို ဦးခင်မောင်ချိုက ဝါဆိုလပြည့်နေ့တွင် ဥပုသ်သည်များအား ဖြန့်ဝေပေးခဲ့ခြင်းအပေါ် NLD ပါတီဝင် ကိုနိုင်၊ ကိုမြင့်ဦး၊ ကိုအောင်ချမ်းစိန်နှင့် ဒေါ်မြင်မြင့်မော်တို့က မကျေနပ်ကြလို့ ပုဒ်မ ၅၀၀နဲ့ တရားဆွဲခဲ့ခြင်းအပေါ် ယခုကဲ့သို့ ထောင်ချခံရခြင်း ဖြစ်သည်။

ဦးခင်မောင်ချို၏ ဇနီးဖြစ်သူက "သူထုတ်တာမဟုတ်ပါဘူး။ ဆရာတော်က ရွာဘက်ကလူတွေ အသိပညာရအောင် ဖြန့်ဝေပေးပါဆိုလို့ သူက ယူလာပြီး ဥပုသ်နေ့မှာ ဝေပေးပါတယ်။ ဒါကိုပဲ ရွာက NLD ပါတီဝင်တွေက တရားစွဲတာပါ။" ဟု ဆိုသည်။
"တိုင်းဧရာ သမိုင်းအစဉ်အလာ ကောင်းစေဖို့ " ဟူသောစာအုပ်သည် ဧရာဝတီတိုင်းဒေသကြီး အမျိုးစောင့်ဥပဒေ ထောက်ခံပွဲတွင် အမျိုးသားရေး အသိပညာပေးအနေဖြင့် ဖြန့်ဝေခဲ့သော စာအုပ်ဖြစ်ပြီး တရားဝင် ထုတ်ဝေထားသော သတင်းမီဒီယာများတွင် ဖော်ပြပြီး ဖြစ်သည့်အကြောင်းအရာများကို စုစည်းထုတ်ဝေထားသည့် စာအုပ်ဖြစ်သည်ဟု သိရသည်။
အဆိုပါ စာအုပ်ဖြန့်ဝေသူ ဦးခင်မောင်ချိုမှာ ယခုအခါ ဟင်္သတထောင်တွင် ကျခံနေရပြီး မိသားစုတွင် ကျောင်းသားများမှာ ဖခင်ထောင်ကျသွားရသည့်အတွက် အခက်အခဲ ရှိလာကြောင်းသိရသည်။
ဦးခင်မောင်ချို၏ ဇနီးဖြစ်သူအား ဆက်သွယ်မေးမြန်းရာ "အဓိက ကတော့ သူထုတ်ဝေတာမဟုတ်ဘူး။ သူက အမျိုးသားရေးစိတ်ရှိတယ်။ ဆရာတော်က ပေးလိုက်တော့ သူက ဖြန့်ဝေပေးခဲ့တယ်။ သူ့မှာ ဘာအပြစ်မှ မရှိဘူး။ အမြန်ဆုံးလွတ်ဖို့အဓိပါပဲ" ဟု ဆိုသည်။
ယခင်အာဏာရှင်အစိုးရ လက်ထက်တွင် အာဏာရှင်အား ဝေဖန်သည့် စာအုပ်စာပေ ဖြန့်ဝေသူများကို ဖမ်းဆီးထောင်ချသကဲ့သို့ ဒီမိုကရေစီအစိုးရ လက်ထက်တွင် အမျိုးသားရေး စာပေဖြန့်ဝေသူကို ထောင်သွင်းအကျဉ်းချ ဒုက္ခပေးလာခြင်းသည် အာဏာရှင်အစိုးရနှင့် ဘာမှမထူးခြားသည့် အခြေအနေဖြစ်လာကြောင်း သုံးသပ်ပြောဆိုမှုများ ရှိနေသည်။
နောင်တော်လေး သမိုင်းသစ်
Share: