6.1.2017 ညနေ ဆည်းဆာအချိန်လေးမှာ ဘုရားဖူးဖြစ်တယ်။ ပဌာန်းလည်းရွတ် အနေကဇာလည်းတင်မေတ္တာပို့အမျှဝေဖြစ်တယ်။
ကျောင်းမှာ ကားပေါ်မှာ နေ့စဉ်ပြု နေကျ ဝတ်တွေကို ရွှေတိဂုံဘုရားမှာပြု ခွင့်ရတော့ ပိုပြီးငြိမ်းချမ်းသလိုပဲ။ နိုဝင်ဘာ ၁၉ တုန်းကကြွေလွင့်သွားတဲ့ မျိုးချစ်ကြယ်တစ်ပွင့် ကိုမောင်မောင်၏ မိခင် ကရင်မယ်တော်ကြီး အမိုးလည်းဘုရားဖူးပါလာတယ်။
ရွှေသင်္ကန်းကပ်ကြ ဘုရားရှိခိုးကြနဲ့ဘဝအမောတွေ ပြေပျောက်စေသော ညကလေးတစ်ညပါ။ ပရိသတ်ကြီးကိုလည်းကုသိုလ်အမျှ ပေးဝေပါရစေကုသိုလ် အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့။


