ငါန်းဇွန်မြို့နယ် လက်ပံကျင်းကျေးရွာ တရားပွဲ

ပြာသိုလဆန်း ၇ ရက်၊ 4.1.2017 ည ၈း၀၀ နာရီ၊ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ လက်ပံကျင်းကျေးရွာ၊ ရွှေမုဋ္ဌောကျောင်းဝင်း၊ (၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဓမ္မသဘင်။
ရွှေမုဋ္ဌောကျောင်းဆရာတော် ဘဒ္ဒန္တပညာဝံသက မစိုးရိမ်တိုက်သစ် ကျောင်းသားဟောင်းပါ။ သာသနဓဇဓမ္မာစရိယဘွဲ့ ရရှိထားပြီး ရွာမှာကျောင်းထိုင်ကာ ကိုရင်လေးတွေကို ပရိယတ္တိအခြေခံပညာ သင်ကြားပေးနေပါတယ်။ ကိုရင်လေးတွေ အပါး ၄၀ ကျော်ရှိပါတယ်။ ကိုရင်ရှားပါးတဲ့ခေတ်မှာ ကိုရင်သူဌေးပေါ့ဗျာ။ ရွှေမုဋ္ဌောကျောင်းဆရာတော် ဘဒ္ဒန္တပညာဝံသနှင့် ဦးမဲကျော်+ဒေါ်ခင်နွယ် မိသားစုတို့ ဦးစီးကျင်းပတဲ့ လွတ်လပ်ရေးနေ့ အထူးတရားပွဲမှာ စာရေးသူရေးတဲ့ ဆွေမျိုးဆိုတာ များလေကောင်းလေ စာအုပ်နှင့် သေနေ့မင်္ဂလာ စာအုပ်ကို ဓမ္မဒါနပြု လက်ဆောင်ပေးတာ တွေ့ရပါတယ်။ မန္တလေး ပုသိမ်ကြီးမြို့နယ် မဘသ ဥက္ကဋ္ဌ ရွှေကြေးစည်ဆရာတော် အရှင်ဥတ္တမလည်း ကူညီဆောင်ရွက်နေတာ တွေ့ရပါတယ်။ ရွာနီးစပ်မှ ဆရာတော် သံဃာတော်များလည်း လာရောက်အားဖြည့်ကြပါတယ်။

သာရဏီယတရား ခြောက်ပါး တရာတော်ပါ။ 
မေတ္တာသုံးလီ သီလမြဲလို့ မျှဝေခွဲလို့ သုံးစွဲမယ်။
ပန်းတိုင်တူလျှင် ဗျူဟာကွဲလည်း အစွဲကင်းအောင် ဆောင်ရွက်မယ်။
သာရဏီယတရား လက်ကိုင်ထားမှ ကမ္ဘာလောကကြီး ငြိမ်းချမ်းမယ်။
လောကငြိမ်းချမ်း နိဗ္ဗာန်လမ်း လျှောက်လှမ်းနိုင်ဖို့ရွယ်။



Share: