1.1.2017 ဟာ မင်္ဂလာရှိသော နှစ်ဆန်းတစ်ရက်နေ့ပါ။ နှစ်ဟောင်းတစ်နေ့ရဲ့နောက်ဆုံးရက် 31.12.2016 ရက်နေ့ည မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကြခတ်ငူ-လက်ပန်ရွာ တရားပွဲအပြီးမှာ ဟိတဓရဆရာတော်လေး အရှင်ဝိမလကျောင်း (မဟာမြိုင်စာသင်တိုက်)မှာ ညအိပ်ပါတယ်။ နှစ်သစ်တစ်ခုရဲ့ မနက်ပိုင်းမှာတော့ ဟိတဓရဆရာတော်လေးရဲ့ ရဟန်းဒါယိကာမ ဒေါ်အေးအေးသိန်း (ယွန်းဝတီရွှေဆိုင်) မိသားစုအိမ်မှာ မနက်အရုဏ်ဆွမ်းစားပါတယ်။
ဒေသအစားအစာတွေနဲ့ ဧည့်ခံဆက်ကပ်လှူဒါန်းတာပါ။ သင်္ကြန်ထမင်းကတော့ မှတ်မှတ်ရရပါပဲ။ သင်္ကြန်ထမင်းဆိုတာ ထမင်းနဲ့ရေ ရောထားပြီး လိုက်ဖက်တဲ့ဟင်းနဲ့ စားရတဲ့ အာဟာရတစ်မျိုးပါ။ ရွှေမြိုင်သူတွေ စားနေကျ ရိုးရာအစားအစာ တစ်ခုပေါ့။ ရင်အေးတယ်လို့ ဆိုပါတယ်။
သင်္ကြန်ထမင်းနဲ့ ရိုးရိုးထမင်း ချက်ပုံချင်းမတူပါဘူး။ သင်္ကြန်ထမင်းက ချက်ရတာ လက်ဝင်တယ်လို့ ဆိုပါတယ်။ ဆန်လုံးမကွဲအောင် ထမင်းတောင့်လေးတွေ ပုံပေါ်အောင် ချက်ရတာပါ တဲ့။ ဆွမ်းစားအပြီးမှာ ထေရဝါဒ သာသနာ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ အပါအဝင် အနုမောဒနာတရား ဟောကြားပြီး ရေစက်ချ အမျှဝေကြပါတယ်။ ဒေါ်အေးအေးသိန်း (ယွန်းဝတီ) မိသားစုက စာရေးသူကို တစ်လ သုံးသိန်း ထောက်ပံ့လှူဒါန်းတဲ့ မျိုးချစ်မိသားစုပါ။ ဒီကနေ့တော့ ဟိတဓရဆရာ ဆရာမများ ဓမ္မမိတ်ဆွေများပါ တရားနာကြ လှူဒါန်းကြပါတယ်။
ဟိတဓရမိသားစု အလှူတော်
ဒေါ်တင်တင်ဝင်း မိသာစု မော်လမြိုင် ၃၀၀၀၀ိ/ (သုံးသောင်းကျပ်)
ဗိုလ်မှူးသစ်လွင် (ငြိမ်း)+ဒေါ်အေးအေးငြိမ်း မိသားစု မော်လမြိုင် ၅၀၀၀၀ိ/ (ငါးသောင်းကျပ်)
ဒေါ်ခင်လန်းဆန်း မော်လမြိုင် ၁၀၀၀၀၀ိ/ (တစ်သိန်းကျပ်)
ဒေါ်အေးအေးသိန်း (ယွန်းဝတီရွှေဆိုင်) မိသားစု မော်လမြိုင် ၂၀၀၀၀၀၀ိ/ (သိန်းနှစ်ဆယ်ကျပ်)