30.12.2016 နေ့လည် ၁၂း၃၀ နာရီ၊ ဓမ္မသဟာယကျောင်းမှာ တွေ့ဆုံပါတယ်။ စာရေးသူ ဓမ္မဒူတခရီးထွက်နေချိန်မှာ ရောက်နှင့်နေတာပါ။ ပြန်မရောက်မချင်း စောင့်နှင့်နေတဲ့သဘောပါ။
မြင်မြင်ချင်း လက်အုပ်ချီ ဂါရဝပြု နှုတ်ဆက်ရှာပါတယ်။ သက်သတ်လွတ်စားသည့် ယောဂကျင့်စဉ် နည်းပြဆရာမတစ်ဦးလည်း ဖြစ်ပါတယ်။
ဖူးမြော်ရုံသက်သက်စောင့်နေတာပါ။ BBC အပါအဝင် အနောက်တိုင်းမီဒီယာတွေမှာ စာရေးသူနဲ့ပတ်သက်တဲ့ မကောင်းသတင်းတွေ လွှင့်နေတာကို မယုံကြည်ဘူးလို့ ဆိုပါတယ်။ ဆွေးနွေးသွားတာတွေကတော့ အများကြီးပါပဲ။ ဦးပဉ္ဇင်းတစ်ပါး ဘာသာပြန်ပေးပါတယ်။ ဗုဒ္ဓဘာသာတွေဖြစ်ပြီး သက်သက်လွတ်မစားတာကို အံ့သြနေတာလည်း တွေ့ရပါတယ်။
တမင်တကာ မိမိကိုရည်ရွယ်ပြီး သတ်ဖြတ်ထားတာကို မြင်၊ ကြား၊ သံသယ - ဖြစ်မိရင်တော့ လုံးဝ မစားကောင်းပါဘူး။ အဲဒီလို တိုက်ရိုက်ရည်ရွယ်တာမျိုးမဟုတ်ဘဲ သားငါးရောင်းချသူထံမှ ဝယ်ယူ စားသုံးတာကတော့ ပါဏတိပါတ်နဲ့ လွတ်ကင်းပါတယ်။ စားသုံးကောင်းပါတယ်။ ပံသုကူသားလို့ ခေါ်ပါတယ်။ အဲဒီလိုရှင်းပြပေမယ့် သူမကတော့ လက်မခံတဲ့သဘော တွေ့ရပါတယ်။
ရှားရှားပါးပါး ဧည့်သည်တစ်ဦးပါ။ ဖေ့ဘုတ်၊ တွစ်တာမသုံးဘူးလို့ ပြောပါတယ်။ တစ်ကမ္ဘာလုံးနှင့် တစ်ယောက်(Eng) ဖတ်ချင်တယ်ဆိုပြီး Email နဲ့ ပို့ပေးခိုင်းပါတယ်။ ပိုလန်သူလို လိမ္မာရေးခြားရှိတဲ့ အနောက်နိုင်ငံသူတွေနှင့် တွေ့ချင်းပါတယ်။


