သားမက်ယောက်ဖနှင့် ယောက္ခမယောက်ဖ



၁၃ နှစ်အရွယ် သမီးအရင်းကို ပေးပြီး သမီးနှင့်လက်ထပ်မည့် သားမက်၏ ညီမကို ပြန်ယူတယ်ဆိုတော့ ဆွေမျိုးတော်တော် စပ်ရခက်မည့်ပုံပဲ။
သတို့သားက သမီးယူတော့ သားမက်၊ နှမပေးတော့ ယောက်ဖ၊ ဒါကြောင့် သမက်ယောက်ဖလို့ပဲ ခေါ်ရတော့မယ်။ သမီးပေးတဲ့သူကြီးက သမီးပေးယောက္ခမနှင့် နှမယူ ယောက်ဖဖြစ်သွားပြီ။ ဒါကြောင့် ယောက္ခမ ယောက်ဖကြီးပေါ့။
သူတို့နိုင်ငံ သူတို့လူမျိုးမှာ လူဖြစ်ရတာ မိန်းကလေးတွေဘဝ သနားစရာ။ အရူုးကိုလည်း လင်တော်ရ၊ ရွှေအကိုလည်း လင်တော်ရနဲ့ ငွေဝယ်ကျွန်နှင့် မခြားတော့ပါလား။ စာနာကြပါဗျာ။

ဝီရသူ (မစိုးရိမ်)
2.1.2017
PM-10:30
-----------------------------------------------------------------------

“ပါကစ္စတန်အမျိုးသားတစ်ဦး ၁၃ နှစ်အရွယ်သမီးကို ပေးပြီး နောက်မိန်းမတစ်ဦးထပ်ယူ”
ပါကစ္စတန်နိုင်ငံ ဂျန်ပူဒေသက အသက် ၁၃ နှစ်အရွယ် စီမားလို့အမည်ရတဲ့ မိန်းကလေးငယ်လေးဟာ အသက် ၃၆ နှစ်အရွယ် ဆွံ့အ နားမကြား အမျိုးသားကြီးတစ်ဦးနဲ့ လက်ထပ်ရပါတော့မယ်။ ဘာကြောင့်လဲဆိုတော့ သူ့ခင်ပွန်းသည်ရဲ့ မိသားစုထဲက အမျိုးသမီးတစ်ဦးကို စီမားရဲ့ဖခင် ဝါဇီရာအာမက်က လိုချင်လို့ပဲ ဖြစ်ပါသတဲ့။ သမီးကိုပေးပြီး နောက်မိန်းမယူတဲ့ အလဲအလှယ်တစ်ခုပဲ ဖြစ်ပါတယ်။ သတို့သမီးရဲ့ ညီမတော်စပ်သူ ဆာဘီလ်ကို ဒုတိယမြောက်မယားအဖြစ် လိုချင်လို့ သမီးလေးကို သတို့သားဖြစ်သူကို ပေးလိုက်တာဖြစ်ပါတယ်။ သူ့အကြောင်းပြချက်ကတော့ စီမားရဲ့အမေဟာ သမီတွေပဲမွေးပေးနေတယ်။ သူက သားလိုချင်တာကြောင့် ဖြစ်ပါသတဲ့လေ။ ဆာဘီးလ်က သူ့အစ်ကို ဆွံ့အ နားမကြား စိတ်ပေါသွပ်နေသူကို စောင့်ရှောက်ဖို့အတွက် ဇနီးသည်အရှိမချင်း အိမ်ထောင်မပြုပါဘူးလို့ ပြောတာကြောင့် နောက်မိန်းမလိုချင်သူ အစ်ကိုကြီးက သူ့သမီးလေး ၁၃ နှစ်ကို ရွှေအထံသို့ ပေးလိုက်တာ ဖြစ်ပါတယ်။ 

“ကျွန်တော့်မိသားစုထဲက မိန်းကလေးတစ်ယောက်ကို ပေးလိုက်တယ်။ သူတို့မိသားစုထဲက မိန်းကလေးတစ်ယောက်ကို ရဖို့ဖြစ်ပါတယ်။ ဒါ ကျွန်တော်တို့အခွင့်အရေးပဲလေ”လို့ ဝါဇီရာအာမက်က ပြောကြားခဲ့ပါတယ်။ ပါကစ္စတန်တောင်ပိုင်း ပန်ဂျပ်ဒေသထဲမှာ အလားတူ ရှေးရိုးစွဲအစဉ်အလာနဲ့ မိန်းကလေးတွေကို ကိုယ်ပိုင်ပစ္စည်းတွေအလား လဲလှယ်ဖောက်ကားတဲ့ ဓလေ့ရှိနေပါသေးတယ်။ မိသားစုချင်း ပြဿနာဖြစ်ရာမှာ၊ ကြွေးမြီကိစ္စရှင်းကြရာမှာ မိန်းကလေးတွေကို အလဲအလှယ်လုပ်ပြီး ဖြေရှင်းကြတာမျိုးတွေးလည်း ရှိပါသေးသတဲ့။

2.1.2017 The Voice
Share: