ဒီနေ့ 15.1.2017 ရက်နေ့၊ ညနေ အဋ္ဌသာလိနီ စာဝါပို့ချပြီးလို့ သဟာယကျောင်းပြန်အလာမှာ ကန်ကြီးကုန်းရွာသားများနှင့် တွေ့ပါတယ်။
ကန်ကြီးကုန်းကပါဘုရား ဟု နှုတ်ဆက်တဲ့အခါ ပြဿနာဖြစ်လာပြီလား လို့ မေးလိုက်ပါတယ်။
လူတော်တော်များများက ပြဿနာဖြစ်မှ ဝီရသူကို သတိရကြလို့ အခုလိုမေးလိုက်တာပါ။
မဖြစ်ဘူး လာကန်တော့တာဘုရား လို့ ဖြေပေမယ့် မယုံဘူး။ ဒါကြောင့် အခါခါထပ်မေးပါတယ်။
အခုတလော ဆရာတော်ကို ပူဇော်ချင်တဲ့စိတ်တွေ မကြာခဏပေါ်လာလို့ လာကန်တော့တာဘုရား တဲ့။
ကိုယ့်လူမျိုးအကြောင်း ကိုယ်သိတယ်လေ။ လိုအပ်ရင် ဘုန်းဘုန်း ဘုန်းဘုန်း၊ မလိုအပ်တော့ ကတုံးတုံး ဆိုတာမျိုးတွေပဲ မဟုတ်လား။

၂၀၁၂ ခုနှစ် ကန်ကြီးကုန်းနှင့် ဇီးအုပ်ရွာကို ကျူးမြေဆိုပြီး စည်ပင်သာယာက စက်ကြီးတွေနဲ့ အကြမ်းဖက်ပြီး အကုန်ရှင်းဖို့ လုပ်ပါတယ်။
အိမ်တွေကို ဖြိုပြီး ပစ္စည်းတွေကို ကားပေါ်တင် သယ်သွားကြတာပါ။ ရွာထဲမှာ ပစ္စည်းပုံခွင့်တောင် မပေးပါဘူး။
အဲဒီအချိန်မှာ စာရေးသူရောက်သွားပါတယ်။ စာဝါချနေဆဲတန်းလန်းကြီး ထားရစ်ခဲ့ပြီး လိုက်သွားတာပါ။
မြို့တော်ဝန်၊ ဝန်ကြီးချုပ်တို့နဲ့ ရင်ဆိုင်ရတဲ့ပွဲပါ။

အဲဒီတုန်းက အနီတွေ ပလီတွေက ပြည်သူတွေကို ဘာမှ မကူညီကြဘူးဗျ။
ပြည်သူတွေမှားတယ်ဆိုပြီး ကြားညပ်မှာစိုးလို့ နိုင်ငံရေးသမားတွေက စာရေးသူကိုတောင် တားကြသေးတယ်ဗျ။
စာရေးသူက မှားတဲ့ဘက်မှာ ရပ်တည်ဖို့ လာတာမဟုတ်ဘူး။ ပြင်ဆင်ချိန်ရအောင်လို့ အချိန် သုံးလ အလှူခံဖို့ လာတာဗျ။

မှတ်မှတ်ရရ အဲဒီနေ့က ရွှံ့ဗွတ်ထဲမှာ ပြည်သူနဲ့အတူ နေပူပူနဲ့ စည်ပင်ကို ရင်ဆိုင်ခဲ့ရတယ်ဗျ။
နေ့ဆွမ်းစားတော့ ထမင်းကြော်တစ်ပွဲ၊ ကြက်ဥကြော်တစ်လုံး၊ ရေနွေးသာသာ ဟင်းချိုရည်တစ်ခွက်နဲ့ နှစ်ပါးသွားခဲ့ရတယ်ဗျ။
အဲဒီနောက်တော့ သတင်းစာရှင်းလင်းပွဲလုပ်ပေးခဲ့၊ အစည်းအဝေးတွေ ထိုင်၊ အင်အားတွေပြ၊ လက်မှတ်တွေ ကောက်၊ စာတွေတင်နဲ့ ဝီရသူ တစ်ပါးတည်း ပြည်သူ့အကျိုး သယ်ပိုးခဲ့ရတယ်ဗျ။

အခုတော့လည်း တစ်ဦးတစ်ယောက်မျှ မရွှေ့မပြောင်းရဘဲ နှစ်ရွာလုံး ချမ်းချမ်းသာသာ နေထိုင်ကြရပါပြီဗျာ။ အချို့ရွာဆို လျှပ်စစ်မီးတောင် ရနေပါပြီ။
စာရေးသူ သွားကယ်တုန်းက အိမ်ခြေ နှစ်ထောင်ကျော်မှာ အိမ်ထောင်စု ငါးရာခန့်လောက်ပဲ အခြေချနေထိုင်ကြပါသေးတယ်။ အခုတော့ မြေကွက်ဝယ်ထားသူမှန်သမျှ ဝင်ရောက်နေထိုင်နိုင်ကြပြီဖြစ်လို့ အိမ်ထောင်စု နှစ်ထောင်ကျော်နှင့် စည်ကားနေတဲ့ ရွာကြီးတွေပေါ့။
စာရေးသူကယ်ခဲ့တဲ့အထဲမှာ ကုလားတွေရော တရုတ်တွေရော ပါကြပါတယ်။ အခုတော့ ကုလား တရုတ်တွေလည်း ဘုန်းရိပ်ကံရိပ်ကို ခိုလှုံနေကြပါပြီလေ။

တစ်ခုပြောစရာကျန်သေးတယ်ဗျ။
အဲဒီတုန်းက အနီတွေ စာရေးသူကို ဝန်းရံပေးဖို့ ဖိတ်ခေါ်တဲ့အခါ တော်တော်များများက မလာရဲကြဘူးဗျ။ (ပြည်သူမှားလို့ တဲ့လေ။)
လာတဲ့သူ တစ်ဦးစ နှစ်ဦးစကလည်း ပင်နီမဝတ်ရဲဘူးဗျ။ (ပါတီဆိုက်နဲ့ လာတာမဟုတ်လို့ တဲ့။)
ပင်နီလေးဝတ်ပြီး စာရေးသူဘေးမှာပဲ ရပ်နေပါ။ ဘာမှ လုပ်စရာမလိုပါဘူး။ စာရေးသူကပဲ ဒိုင်ခံပြောပါ့မယ် ဆိုတာတောင် ပင်နီမဝတ်ရဲသူတွေပါဗျာ။
အဲဒီလူတွေက အခုဆို ပင်နီတွေ တကားကားနဲ့ပေါ့။

စာရေးသူဟောကြားတဲ့ “ပြည်သူ့မျက်ရည်နှင့် ခြေဆေးလိုသူ” တရားတော်ဟာ ကန်ကြီးကုန်း ဇီးအုပ် အရေးတော်ပုံ တရားပါ။
တက္ကစီငှားခရယ်၊ သတင်းစာရှင်းလင်းပွဲကုန်ကျစရိတ်ရယ်၊ အခြားကုန်ကျစရိတ်တွေရယ် အားလုံး အိတ်စိုက်ကူညီခဲ့ရတာပါ။
အိမ်ထောင်စု နှစ်ထောင်ကျော်ကို အိတ်စိုက်လူမိုက်ဘဝနဲ့ ကယ်တင်ပေးခဲ့ရတဲ့ကျေးဇူးတရားလို့ပဲ ပြောရမလား။ လာကန်တော့တဲ့သူတွေကို အားရပါးရ ရင်ဖွင့်ပြလိုက်တော့ တဝါးဝါး တဟားဟားနဲ့ ပွဲကျသွားပါတော့တယ်။
ပြည်သူများအနေနဲ့ မင်းဘေးသင့်တဲ့အခါ အိတ်စိုက်လူမိုက်ကြီးကို သတိရကြမယ်ဆိုရင် အရင်းမရှုံးပါဘူးလို့ ဖိတ်မန္တက ပြုပါရစေ။

ဦးပဉ္ဇင်း
ဝီရသူ (မစိုးရိမ်)
15.1.2017
PM- 07:30
ဝီရသူ (မစိုးရိမ်)
15.1.2017
PM- 07:30