
ရိုဟင်ဂျာဆိုသူများ သည်သမိုင်းစာမျက် နှာတွင်ကျရှုံးသွားခဲ့ပြီ ဖြစ်ပြီး လူ့အခွင့်အ ရေးဖက်သို့ ဘက်ပြောင်းတောင်းဆိုမှုများ ပြုလုပ်လာသည်ဟု ဂျပန်နိုင်ငံ ၊ ခန်းဒနိုင်ငံတကာလေ့လာရေးတက္ကသိုလ် မှဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာ အေးချမ်းက ပြောကြားသည်။
ဇန်နဝါရီ ၂၂ ရက်တွင် ရန်ကုန်မြို့ရှိ ဆရာစံပလာဇာ၊ CBC Ballroom ခန်းမ၌ ကျင်းပသည့် တိုင်းရင်းသားအားလုံး၏ နိုင်ငံတော် သမိုင်းဆိုင်ရာ စာပေဟောပြောပွဲ၊ အမေးအဖြေကဏ္ဍ တွင်တက်ရောက်လာသည့် ပရိသတ် တစ်ဦး၏ မေးမြန်းမှုကို ပြန်လည်ဖြေကြား ရာတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
"ရိုဟင်ဂျာ လူမျိုးမရှိဘူးဆိုတာကို ကျွန်တော် ရေးတယ်။ ဒီဆရာကြီး( ဦးခင်မောင်စော(ဘာလင်)) ရေးတယ်။ နောက်နိုင်ငံခြားက ကျွန်တော်တို့ မိတ်ဆွေ သမိုင်းပညာရှင် တွေရေးတယ်။ ကျွန်တော်တို့ ရေးထားတာ တွေကို သူတို့ငြင်းလို့မရဘူး။ သမိုင်းစာမျက်နှာ မှာကျရှုံးသွားပြီ။ လူ့အခွင့်အရေးဖက်ကို လှည့်လာတယ်။ မစ္စရန်ဟီးလီတို့၊ မစ္စတာ ဘန်ကီမွန်းတို့ကအစ အများစုက ခေါ်စေချင်တဲ့ နာမည်ကို ခေါ်ခွင့်ပေးရမယ် ဆိုပြီး ဖြစ်လာတယ်"ဟု ဒေါက်တာအေးချမ်း ကပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်တိုင်းရင်း သားလူမျိုးရေးရာ ဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် အဆိုပါဟောပြော ပွဲတွင် ဒေါက်တာအေးချမ်း နှင့် ဂျာမနီနိုင်ငံ၊Humboldt University ၊ အရှေ့တောင်အာရှဌာနကြီး၊ မြန်မာရေးရာဌာနမှ ကတိက ဦးခင်မောင်စော(ဘာလင်) တို့ကဟောပြောခဲ့ ကြသည်။
တင်အောင်ငြိမ်း
သတင်းနှင့်ဓာတ်ပုံအား news watch မှ ကူးယူဖော်ပြသည်။