မြို့မယဉ်ငေးသာသနာ့ရိပ်သာ (၁၉)ကြိမ်မြောက် ဗုဒ္ဓယဉ်ကျေးမှု အခြပြုသင်တန်း နှိုးဆော်လွှာ

အတုမရှိ ကျေးဇူးကြီးသည့် ဆရာမိဘတို့၏ ဆန္ဒမွန်မူ အမှန်တကယ်အစစ်ရှိပါက တပည့်သားသမီးတို့၏ ပစ္စုပ္ပန်တစ်ဘဝချမ်းသာရေးကို(ဒု)၊ တမလွန်ချမ်းသာရေးကို(ပ)အဆင့်မှာ ထားကြရမည်မှာ ဧကန်သာဖြစ်၏။ ကိုယ်ပိုင်ဉာဏ်နှင့် သုံးသပ်ကြည့်။ အမျိုးဘာသာ သာသနာတော်နှင့် နိုင်ငံအတွက် တိုးတက်ဖို့ရာ တစ်ချက်လိုရင်းမှာ စုပေါင်းရှင်သာမဏေနှင့် သိက္ခာရှင်(ခေါ်) ဆရာလေးသီလရှင်ပြု ဗုဒ္ဓယဉ်ကျေးမှုက မိန်းပါ။ မချော်မတွေး လေးနက်ကြပါ။ တို့သူငါ မလေးနက်သူမှာ မသိနိုင်ကြပါ။ အတွေးချော် မလေးနက် နောင်ပိုခက်မှာ။ အခုခက်နေတာ သိကြပါရဲ့လား၊ ဆရာနှင့်တပည့် မိဘနှင့်သားသမီး ဘယ်ပုံဖြစ်ကုန်ကြပြီးနည်း၊ ကွက်ကျော်မြင်အောင်ကြည့်၊ မဟာအန္တရာယ်ကြီးရှေ့မှာရှိ၏။ 
ထေရဝါဒဗုဒ္ဓသာသနာ မျိုးဆက်သစ်များ ပေါ်ထွန်းစည်ပင်ပြန့်ပွားစေရန် ရည်သန်ချက်ဖြင့် မြို့မယဉ်ငေးသာသနာ့ရိပ်သာ၌ နှစ်စဉ် နွေရာသီ ကျောင်းပိတ်ရက်များတွင် ဗုဒ္ဓယဉ်ကျေးမှု အခြေပြုသင်တန်းများ ဖွင့်လှစ်၍ သားငယ်သမီးငယ်များကို ရှင်သာမဏေနှင့် သိက္ခာရှင်ဝတ်စေကာ ဗုဒ္ဓယဉ်ကျေးမှုများကို စာတွေ့လက်တွေ့ အတွေ့နှစ်လီဖြင့် ကျင့်သုံးစေပါသည်။ ဤသို့ ကျင့်သုံးစေသောအားဖြင့် စရိတ်နည်းနည်းနှင့် အကုန်အကျသက်သာပြီး အကျိုးအားဖြင့် အလွန်ကြီးမား များမြတ်သည်ကို တွေ့ရပါသည်။
သို့ပါ၍ မိမိတို့ သားငယ်သမီးငယ်များကို အနာဂတ်တွင် ယဉ်ကျေးပြီး အသိဉာဏ်ကြွယ် အထက်တန်းကျသော ဗုဒ္ဓဘာသာဝင်လေးများ အမျိုးဘာသာ သာသနာနှင့် နိုင်ငံတော်ကို ချစ်မြတ်နိုးသော သားကောင်း သမီးကောင်းများဖြစ်စေရန် ဤသင်တန်းသို့ မပျက်မကွက် တက်ရောက်စေသင့်ပါကြောင်း အကျိုးမျှော်၍ နှိုးဆော်အပ်သည်။
'သင်ယူလေ့လာရမည့် သင်ခန်းစာများ'
ဤသင်တန်းတက်ရောက်သည့် ရှင်သာမဏေ၊ သိက္ခာရှင်များသည် နံနက်(၄)နာရီ အိပ်ရာမှထပြီး ည(၉)နာရီ အိပ်ရာမဝင်မီ အချိန်အတွင်း ဘုရားဝတ်ပြု တရားထိုင်ချိန် (၂)နာရီစီ၊ စာသင်ချိန်(၅)ချိန်၊ သြဝါဒခံယူချိန် (၁)ချိန်၊ ထေရဝါဒ ဗုဒ္ဓယဉ်ကျေးမှုတို့ကို စာတွေ့လက်တွေ့နှစ်လီဖြင့် သင်ယူလိုက်နာကြရပါမည်။
ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ကိုးပါးသီလ၊ ဆယ်ပါးသီလ၊ ရှင်ကျင့်ဝတ်များ၊ သြကာသကန်တော့ခန်းအဓိပ္ပါယ်၊ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာ့ဂုဏ်တော်၊ ဒုစရိုက်၊ သုစရိုက်၊ ပုညကိရိယဝတ္ထု၊ ၃၈ ဖြာမင်္ဂလာ၊ မေတ္တာပို့၊ သတိပဋ္ဌာန်၊ သင်္ဂါလောဝါဒ၊ ဒါရကောဝါဒ၊ သလ္လေခသုတ်၊ ကိုယ်ကျင့်အဘိဓမ္မာ အစရှိသော သင်ခန်းစာတို့ကို သင်ကြားရ၍ အဖိတ်နေ့တိုင်း ကိုရင် သိက္ခာရှင်တို့၏ ဟောပြောပွဲရှိပြီး ဥပုသ်နေ့တိုင်း စာမေးပွဲကို လေးကြိမ် ဖြေဆိုကြရပါမည်။
ရှင်သာမဏေတစ်ပါးလျှင် ၄၀၀၀၀ိ/(လေးသောင်းကျပ်)၊
သိက္ခာရှင်တစ်ပါးလျှင် ၃၀၀၀၀ိ/(သုံးသောင်းကျပ်)နှုန်းဖြင့်
'သင်တန်းနေ့ရက်များ'
သင်္ကန်းဝတ်ရက်နှင့် သင်တန်းဖွင့်ရက် -
၁၃၇၈ ခု၊ တပေါင်းလဆန်း(၁၁)ရက်၊ (၈.၃.၂၀၁၇)၊ ဗုဒ္ဓဟူးနေ့။
သင်တန်းကာလ -
၁၃၇၈ ခု၊ တပေါင်းလဆန်း(၁၁)ရက်မှ တန်ခူးလဆန်း(၁၂)ရက်ထိ၊ (၈.၃.၂၀၁၇)မှ (၈.၄.၂၀၁၇)ထိ။
ဆုနှင်းသဘင်ကျင်းပမည့်ရက် -
၁၃၇၈ ခု၊ တန်ခူးလဆန်း(၁၂)ရက်၊ (၈.၄.၂၀၁၇)၊ စနေနေ့။



Share: