
ပြာသိုလဆန်း ၁၀ ရက်၊ 7.1.2017 စနေနေ့၊ ည ၈း၀၀ နာရီ၊ ရန်ကုန်တိုင်းဒေကြီး၊ ရွှေပြည်သာမြို့နယ်၊ သံဒင်း ၂၀ ရပ်ကွက်၊ ပေါ်တော်မူ ၁ လမ်း၊ ဇိနဝိဟာရ ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ အသိ အလိမ္မာ ဉာဏ်ပညာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အထူးဓမ္မသဘင်။
တရားမဟောခင် မော်မော်ရွှေဆိုင်မှာ ခဏနားပါတယ်။
ရွှေပြည်သာအောင်ကြီးတို့နှင့် အမျိုးသားရေးဆွေးနွေးကြပါတယ်။ ဇိနဝိဟာရကျောင်းရောက်တဲ့အခါ အမျိုးသားရေးအင်အားစုများနှင့် ထပ်မံဆွေးနွေးပါတယ်။ တာမွေမြို့နယ် အိုအေစစ် အနှိပ်ခန်းနှင့်ပတ်သက်ပြီးတော့လည်း ရဟန်းပျိုသမဂ္ဂအပါအဝင် အင်အားစုအားလုံးနှင့် ဆွေးနွေးပါတယ်။
ကျောင်းထိုင်ဆရာတော်လေးက ခပ်ငယ်ငယ်ပဲ ရှိပါသေးတယ်။ အလုပ်တော့ အတော်လုပ်ပုံရပါတယ်။ အမြဲနေကိုရင်လေးများ၊ သီလရှင်လေးများ၊ ကျောင်းသူကျောင်းသားများနှင့် ကျောင်းလာတက်သည့် ကျောင်းသူကျောင်းသားများအား ပညာဒါန ကုသိုလ်ယူနေသူပါ။ အသိ အလိမ္မာ ဉာဏ်ပညာ လူလိမ္မာ လူမိုက် ဥပမာ ပျားနှင့် ယင် မဃဒေဝ ကဗျာလေးကို တရားပွဲကြော်ငြာ ပန်းဖလက်နောက်ကျောမှာ တွေ့ရလို့ ပျားကောင် ယင်ကောင် တရား ဟောကြားခဲ့ပါတယ်။
လောက၌တွင်၊ ပျားနှင့် ယင်ကို၊
မျက်မြင်ပုံထား၊ မောင်ရှုစားလော့။
ပျားကား အုံပြု၊ အရည်စု၍၊
ထားမှုလိမ္မာ၊ နောင်ချမ်းသာ၏။
ယင်မှာသော်တုံ၊ ဝမ်းဝရုံမျှ၊
အုံကာသောက်စား၊ စုမထား၍၊
ရှာငြားမပြတ်၊ မရငတ်၏။
မဃဒေဝ
မျက်မြင်ပုံထား၊ မောင်ရှုစားလော့။
ပျားကား အုံပြု၊ အရည်စု၍၊
ထားမှုလိမ္မာ၊ နောင်ချမ်းသာ၏။
ယင်မှာသော်တုံ၊ ဝမ်းဝရုံမျှ၊
အုံကာသောက်စား၊ စုမထား၍၊
ရှာငြားမပြတ်၊ မရငတ်၏။
မဃဒေဝ