ပြာသိုလဆန်း ၁၁ ရက်၊ 8.1.2017 ရက်နေ့၊ မွန်းတည့် ၁၂း၀၀ နာရီ၊ ဧရာဝတီတိုင်း၊ ဖျာပုံမြို့၊ တိုက်သစ်ကျောင်းမှာ ကျင်းပပါတယ်။
ဖျာပုံ မဘသ ညီတော်နောင်တော်များနှင့် မျိုးချစ်ညီအစ်ကို မောင်နှမများ လာရောက်ကြိုဆိုကြပါတယ်။
ဒေးဒရဲ မဘသ ဆရာတော်များလည်း လမ်းမှာကြိုဆိုခဲ့ကြပါတယ်။
တိုက်သစ်ကျောင်းဆရာတော်ကြီးအား ဖူးမြော်ပူဇော်ပြီး မျိုးချစ်ပြည်သူများအား နှုတ်ဆက်စကား ပြောပါတယ်။
နေ့ဆွမ်းစားပြီးမှ ကလေးတရား ဟောတာပါ။
မူလတန်း အလယ်တန်း အထက်တန်း အတန်းစုံ ဓမ္မစကူးလ် သင်တန်းသူသင်တန်းသားများနှင့် ဆရာ ဆရာမများအား ယုံကြည်မြတ်နိုး ၉၆၉ တရား ဟောကြားပြီး ငါးမိနစ်ခန့် လက်တွေ့ ဂုဏ်တော်ပွားခိုင်းပါတယ်။
ပြီးလျှင် ဒေါ်ညိမ်းကျေးရွာသို့ ဆက်ကူးရမှာပါ။