ပင်းထိန်ရွာသို့ အလည်တစ်ခေါက်

ထားဝယ်မြို့ သင်တန်းကာလမှာ ငယ်သူငယ်ချင်း အရှင်သုမင်္ဂလနှင့် ပြန်လည်ဆုံတွေ့ပါတယ်။ ငယ်ရုပ်နှင့် အခုပုံ တခြားစီဖြစ်နေလို့ သူနှုတ်ဆက်မှ သိရတာပါ။
လွန်ခဲ့တဲ့ ၂၇ နှစ်တာကာလမှာ ခင်မင်ခဲ့ကြပြီး အဆက်အသွယ်ပြတ်တာ ခုချိန်ထိပါပဲ။ သူကျောင်းထိုင်ရာ ပြင်းထိန်ရွာလေးကိုပင့်ဖိတ်ပါတယ်။ 
သင်တန်းသားများနားနေခိုက် ပြင်းထိန်ရွာသို့ ရောက်ရှိခဲ့ပါတယ်။ ပင်လယ်ကြီးနဲ့နီးတယ်၊ တောင်တွေကာရံထားတယ်၊ သစ်ပင်တွေပေါတယ်၊ အတွင်းရန်လည်းမရှိ အပြင်ရန်လည်း မရှိ အင်မတန်အေးချမ်းတဲ့ရွာလေးပါ။ အုန်းရည်သောက်ပြီး ပြန်လာခဲ့ပါတယ်။ အပြန်မှာ တပည့်အရှင်သံဝရ မိဘများဖြစ်တဲ့ လောင်းလုံးမြို့နယ်၊ ရွာဟောင်းဝရွာ ဦးစိန်ဝင်း+ဒေါ်သိန်းမြင့် မိသားစုအိမ် ခဏဝင်ခဲ့ပါတယ်။ 

တပည့်အရှင်သံဝရက ကျောက်ဆည်မှာ အတူနေခဲ့ရသူဖြစ်ပြီး အခုရန်ကုန်မှာ စာချနေတာပါ။ သာသနဓဇ ဓမ္မာစရိယအပြင် ပါဠိဂုဏ်ထူး မြန်မာဂုဏ်ထူးတွေတောင် အောင်ပြီးပါပြီ။ သူငယ်ချင်း အရှင်သုမင်္ဂလက ငယ်စဉ်က ဥပဓိကောင်းသော်လည်း ကျန်းမာရေးချို့တဲ့ပြီး သေလုမျောပါးဖြစ်ရာမှ နာလှန်ပြန်ထလာသူဖြစ်တာကြောင့် ငယ်ရုပ်မပေါ်တော့ပါ။ ကမ္ဘာကျော်လူကြမ်းကြီးကတော့ သူငယ်ချင်းနဲ့ယှဉ်လိုက်ရင် မင်းသားပါပဲ။
Share: